Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မောင်မောင်လတ်(ရွှေအင်းလေးစာပေ) - တွေ့ ဆုံဆွေးနွေးခြင်း အပြီး ....

$
0
0

မောင်မောင်လတ်(ရွှေအင်းလေးစာပေ) -  တွေ့ ဆုံဆွေးနွေးခြင်း  အပြီး ....
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၅

 ရွေးကောက်ပွဲကနေမဲအများစုအနိုင်ရပါတီက  ကျန်ပါတီအဖွဲ့အစည်းတွေကို    အသွင်ကူးပြောင်းရေး ကာလအတွက်သဘောထားညှိနှိုင်းစကားပြောရမဲ့အစား မဲအပြတ်အသတ်နဲ့ မရှုမလှရှုံးနီမ့် သွားခဲ့တဲ့ အာဏာရပါတီကလုပ်ချလိုက်ပြန်ပြီ။ နိုင်ငံရေးပါတီတွေနဲ့   တွေ့ ဆုံဆွေးနွေးခြင်း  ဆိုသတဲ့လား .. ... ၊၊
 
    လက်ရှိအာဏာတည်ဆဲ ..အသက်ဝင်ဆဲ အစိုးရအဖွဲ့ ဝင် ပြန်ကြားရေးဝန်ကြီးက ဘယ်လိုအကြောင်းပြချက်တွေနဲ့  ခုခံဖြေရှင်းနေပါစေ။ ကြုံခဲ့   ဆုံခဲ့   ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေက ဒု နဲ့ ဒေး....ဆင်တူရိုးမားအဖြစ်တွေကလဲ  မရေမတွက်နိုင်၊ အပြန်တရာမက  ကြားရဖူးတဲ့ ပုံပြင်တပုဒ် အလား ...။

မဲအနည်းငယ်ရတဲ့ပါတီ နဲ့  အနိုင်မရတဲ့ပါတီတို့ နဲ့ အတူ  ပူးပေါင်းပြီးသကာလ လွှတ်တော် အတွင်း/ ပြင်ပ နိုင်ငံရေးလှုပ်ရှားမှုကို အဆက်မပြတ် ဒီမိုကရေစီကျင့်စဉ်နဲ့အညီ  ဆထက်တပိုး ပူးပေါင်းဆောင်ရွှက်ရေး။ အသွင်ကူးပြောင်းရေးကာလ ချောမွေ့ အဆင်ပြေရေး၊    ပြည်တွင်းငြီမ်းချမ်းရေးကိုအရှိန်မပြတ် ဝိုင်းဝန်းဆောင်ရွက်ရေး  အစစရှိတဲ  ခေါင်းစဉ်လှလှ၊ အကြောင်းအရာပြချက်ကောင်းကောင်းနဲ့ ဆွေးနွေးခဲ့ တယ်ဆိုတဲ့ အပြောက ကြောက်စရာ၊ အကြီမ်ကြီမ်အခါခါ သေခဲ့ဖူးတော့လဲ ၊၊

မကြာသေးတဲ့ အချိန်တခုက   မဝေးသေးတဲ့ ကာလတခုမှာ - တိုင်းပြည်ပြောင်းလဲ တည်ငြီမ်ရေး အတွက်    လေးပွင့်ဆိုင်စကားပြောပါရစေ လို့ တောင်းဆိုကမ်းလှမ်းခဲ့ တာကို     တိုက်ရိုက်တွေ့ဆုံစကားပြောရမဲ့အစား၊ ၁၂ ပွင့်ဆိုင်လိုက်၊ ၄၈ ပွင့်ဆိုင်လိုက်နဲ့ ရေရာသေချာတဲ့ ဦးတည်
လမ်းကြောင်းမှန်တခုကို   ဝေဝါးသွား၊ သေးငယ်သွားအောင်လုပ်ရင်း ဒီမိုကရေစီကျင့်စဉ်အရ  အများဆန္ဒလိုလို၊ အများဆုံးဖြတ်ချက်အရလိုလို ဖွဲ့ စည်းပုံဥပဒေနဲ့  အညီလိုလို ဝေ့လည်ရှောင်ထွက် သွားခဲ့ တာကို မေ့ ဖျောက်လို့  မရနိုင်သေး......၊၊

   အခုနေမှတော့ မတွေ့လဲမဖြစ်၊ ရှောင်နေဖို့ ကလဲ  ပုန်းစရာမရှိ၊ လယ်ကွင်းပေါ် အထီးထီးမြင်ကွင်းက  ရှင်းရှင်း၊ ဆိုတော့ လက်ခံတွေ့ ပါ့ မယ်လို့   ဂတိပေး၊ အသိပေးပြီးတာတောင်၊ အရင်ကျင့် စဉ်အတိုင်း    အရင်လမ်းဟောင်း အတိုင်း၊ အခြားပါတီအဖွဲ့ ပေါင်းစုံတွေနဲ့   တွေ့ ဆုံဆွေးနွေးခဲ့ တယ်ဆိုတာက -
မရိုးမဖြောင့် ရည်ရွှယ်ချက်နဲ့ ကြိုတင်ကြံစည်မှု တခုခုအတွက် လုပ်ဆောင်ခဲ့ တာတော့     အသေအချာပါဘဲ။

ရည်ရွှယ်ကတည်းကိုက   မရိုးမသား စီမံထားတာကိုက ကလီမ်ကကျစ်၊ ဖြစ်စေချင်တာက  ဖရိုဖရဲ ကသောင်းကနင်းဆိုတော့ တူသောအကျိုးပေးလိုက်ပုံက ပက်ပက်စက်စက်မရှုမလှပါလား။
 
တကယ်တော့    အာဏာရှင်စံနစ်အောက်မှာ "တွေ့ ဆုံဆွေးနွေးခြင်း.."ဟာ အမိန့်ပေးခြင်းပါ။
"ခေါ်ယူညှိနှိုင်းခြင်း.."  ဟာ ခြီမ်းခြောက် မာန်ဖီလိုက်ခြင်းပါ။
"သဘောထားဆန္ဒတောင်းခံခြင်း.."  ဟာ တချက်လွှတ်အမိန့်ပေးလိုက်ခြင်းပါ။
အဲဒီအစဉ်အလာမပျက်   အရှုံးကြီးရှုံးနိမ့်နေတာတောင်   တပ်မတော်ဆိုတဲ့ ဝှက်ဖဲတချပ်ကို ကိုင်ပြီး   နိုင်ငံရေးပါတီတွေနဲ့  တွေ့ ဆုံတဲ့ တခဏ - ၅ နှစ်တာ  ကာလလုံးလုံး  မထိရဲ၊ မတို့ရဲ၊  ဖြေရှင်းလို့   မပြီးစီးနိုင်တဲ့ လယ်ယာမြေသီမ်းဆည်းခံကိစ္စတွေ၊ မတရားအမှုဆင်  ပုဒ်မအမျိုးမျိုးနဲ့ အဖမ်းခံနေရတဲ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ ပညာရေးပြုပြင်ခြင်းအတွက် တိုက်ပွဲဝင် အဖမ်းခံကျောင်းသူ/ သားတွေကို လက်ကျန်ကာလအတွင်း  အမြန်ဆုံးဆောင်ရွက်ပေးရေး၊ လွှတ်ပေးရေးကို တညီတညာထဲ ဝိုင်းတောင်းဆိုခဲ့တာ ကြုံရတော့၊ မျက်နှာသေနဲ့  အံကြိတ်ခေါင်းငုံ၊ နားထောင်ပြီး သကာလ ...
    ဘာတွေများ   ဆက်လုပ်အုံးမှာလဲ....?
    ဘယ်အရာကိုများ   ဆင်ကြံ ကြံနေအုံးမှာလဲ...?
    ဘာတွေနဲ့   ကြံဖန်ပြီး   အချိန်ဆွဲအုံးမှာလဲ...?
    ဒါမှမဟုတ်    ရောမမြို့ ကြီးကို   မီးတင်ရှို့ လိုက်တော့ မှာလား....?

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>