အောင်ကျော်သွင် - ကံကြမ္မာရင်ကြားစေ့
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၅
ပြောရေးဆိုခွင့်ရှိတဲ့ ချစ်သူ
အနာပေါ်မှာ အနာသစ်ထပ်ပေါက်လို့
အမာရွတ်နှစ်ခု ဖြစ်မလာနိုင်ပါဘူး။
အသွေးအသားသက်သက်နဲ့
ရေးဖွဲ့လို့
အဆီအငေါ်မတည့်တဲ့ ငါ့ကဗျာ
မသမာတဲ့ နင့်အချစ်ကို
စော်ကားသလိုဖြစ်ရင်
ခွင့်လွှတ်ခဲ့။
မတတ်နိုင်ဘူး...
ငါ .. ဘာမှမတတ်နိုင်ဘူး ...
ငါ့ဝမ်းခေါင်းထဲကပိုးတစ်ကောင်ဟာ
မင်းပစ်သွင်းလိုက်တဲ့
မက်လုံးတွေကြောင့်
ရှင်ပြန်ထမြောက်လာတာမဟုတ်လေဘူး။
စည်းမျဉ်းခံနှလုံးသားထဲက ငါ့အနုပညာတွေ
တစ်နေ့...
ပတ်ကြားအက်ထဲကို
နစ်ကျွံမသွားဘူးလို့
ဘယ်သူပြောနိုင်မလဲ ...
ချစ်သူ ...
ကိုယ်ရလိုက်တဲ့ ဒုက္ခမှ
ဒုက္ခစစ်စစ်လို့
ဝတ္တရားရှိရှိ ပဲ့ကိုင်မှုတွေကြား
ငါ ဘယ်လို ရင်ကြားစေ့ရပ။
တကယ်တော့
နင့်ထိုက်နဲ့ ငါ့ကံပါပဲ ...။ ။
အောင်ကျော်သွင်
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၅
ပြောရေးဆိုခွင့်ရှိတဲ့ ချစ်သူ
အနာပေါ်မှာ အနာသစ်ထပ်ပေါက်လို့
အမာရွတ်နှစ်ခု ဖြစ်မလာနိုင်ပါဘူး။
အသွေးအသားသက်သက်နဲ့
ရေးဖွဲ့လို့
အဆီအငေါ်မတည့်တဲ့ ငါ့ကဗျာ
မသမာတဲ့ နင့်အချစ်ကို
စော်ကားသလိုဖြစ်ရင်
ခွင့်လွှတ်ခဲ့။
မတတ်နိုင်ဘူး...
ငါ .. ဘာမှမတတ်နိုင်ဘူး ...
ငါ့ဝမ်းခေါင်းထဲကပိုးတစ်ကောင်ဟာ
မင်းပစ်သွင်းလိုက်တဲ့
မက်လုံးတွေကြောင့်
ရှင်ပြန်ထမြောက်လာတာမဟုတ်လေဘူး။
စည်းမျဉ်းခံနှလုံးသားထဲက ငါ့အနုပညာတွေ
တစ်နေ့...
ပတ်ကြားအက်ထဲကို
နစ်ကျွံမသွားဘူးလို့
ဘယ်သူပြောနိုင်မလဲ ...
ချစ်သူ ...
ကိုယ်ရလိုက်တဲ့ ဒုက္ခမှ
ဒုက္ခစစ်စစ်လို့
ဝတ္တရားရှိရှိ ပဲ့ကိုင်မှုတွေကြား
ငါ ဘယ်လို ရင်ကြားစေ့ရပ။
တကယ်တော့
နင့်ထိုက်နဲ့ ငါ့ကံပါပဲ ...။ ။
အောင်ကျော်သွင်