Quantcast
Viewing all articles
Browse latest Browse all 9633

ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် စာအုပ်မိတ်ဆက်ပွဲ ပြုလုပ်


 ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် စာအုပ်မိတ်ဆက်ပွဲ ပြုလုပ်
ရန်နောင်(ဗိုလ်တထောင်)      မိုးမခ     ဒီဇင်ဘာလ ၄ - ၂၀၁၅

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်း RFA မှ ဦးခင်မောင်စိုး ၏ ဆက်သွယ်မေးမြန်းချက်များကို စာအုပ်အဖြစ် ထုတ်ဝေဖြန့်ချိခြင်း နှင့် မိတ်ဆက်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ ORCHID Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာအုပ်မိတ်ဆက်ပွဲတွင် ဦးဝင်းကြည် (စုစုအေးအောင်) ၊ ဗိုလ်မှူးကြီးစောလွင် ၊ ဆရာဦးမျိုးမြင့်ညိမ်း၊  တို့မှ အမှတ်တရ စကားများ ပြောကြားခဲ့ကြပြီး ကဗျာဆရာစောဝေမှ အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ပေးခဲ့သည်။

စာရေးဆရာ ဦးခင်မောင်စိုး မှလည်း စာအုပ်ထုတ်ရခြင်း နှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး ယခု စာအုပ်တွင် အသံဖိုင်ကိုပါ ထည့်သွင်းပေးထားကြောင်းလည်း ထပ်မံပြောကြားခဲ့သည်။ စာအုပ်မိတ်ဆက်ပွဲတွင် နိုင်ငံရေးလှုပ်ရှားသူများ၊ ၁၉၇၄ နိုင်ငံရေး လှုပ်ရှားသူများ အများအပြားတက်ရောက်ခဲ့သည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ စာအုပ် မျက်နှာဖုံးဒီဇိုင်းကို ဆရာမြင့်မောင်ကျော်က ရေးဆွဲပေးပြီး  ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အမှာစာရေးပေးထားသည်။ အဆိုပါ စာအုပ်ကို တန်ဖိုး ၄၀၀၀ ကျပ် ဖြင့် ၇၇၇၇ စာပေ မှ စတင်ဖြန့်ချိလိုက်ပြီဖြစ်သည်။







Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>