Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

စမ်းစမ်းတင် - မေငြိမ်းသို့ပေးစာ

$
0
0

စမ်းစမ်းတင် - မေငြိမ်းသို့ပေးစာ
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ ဒီဇင်ဘာ ၇၊ ၂၀၁၅

မေငြိမ်းရေးတဲ့လွမ်းရကောင်းနိုးမကောင်းနိုးဖတ်မိတော့၊ စာတွေကဗျာတွေပြည်တွင်းမှာမပါရချိန်ဂျပန်နိုင်ငံမှာထုတ်တဲ့စာစောင်ကစာမူတောင်းလို့ပို့ဖြစ်တဲ့ကဗျာတပုဒ်ကိုသတိရတယ်။

ဆရာတင်မိုးလည်းအဲဒိမှာရေးလေ့ရှိပြီးအဲဒိကဗျာဖတ်ဖြစ်လေတယ်။ ဆန်ဖရန်စ္စကိုကစာပေဟောပြောပွဲလာတဲ့ဆရာနဲ့ဆုံတော့ဆရာကအဲဒိကဗျာကိုဖတ်ထားပြီးသားရယ်လည်းရယ်တယ်... ။

ခေါင်းစဉ်ကိုပြောပြော...ရယ်ရယ်။  ကဗျာကတော့ထုံးစံအတိုင်းခပ်တိုတို။  ဗမာပြည်တုန်းကအယ်ဒီတာတယောက်ပြောဖူးသလိုပေါ့ -  အစ်မကဗျာတွေကပင်နယ်တီဂိုးပဲဆိုသလို။  သူပြောတာကဆရာဂျမ်း ( ဆရာတင်မိုး) သဘောရသလိုပါပဲ။  လျှာရှည်နေတာနဲ့ကဗျာဘက်မရောက်ဘူး။

ကဗျာကဒီလို ...
မေငြိမ်းရေ့  ခေါင်းစဉ်ဖတ်ဖို့မမေ့နဲ

ပြည်ပြေး

အတောင်ရှိလျက်
အပြန်ခက်တဲ့ငှက်
အသိုက်မဲ့ပေါ့

ဒီကဗျာရေးချိန်ကအိမ်လွမ်းနာမကြာမကြာကျနေချိန်။  နောက်...အချိန်တွေပြောင်းတော့လူလည်းနေသားတကျဖြစ်လာ..အတွေးလည်းပြောင်းသွားတယ်။  ခုတော့ပြောလေ့ရှိနေတာက ...

ကောင်းကင်အောက်ဘယ်နေရာရောက်နေနေ
နေတတ်ရင်အိမ်...

တခါတခါကျတော့ပြည်တော်ပြန်လေမလားတွေးပြန်တော့ - ကိုယ်ပြောပြောနေတာနဲ့ကွဲလွဲချက်ထွက်လာပြန်ရော။ 

အမေမရှိရင်အိမ်လည်းမရှိတော့ဆိုတာပေါ့... မေမေက၂၀၁၀မှာဆုံးသွားတာ။

ခုတော့နေထိုင်ရာကိုရွေးဖို့စဉ်းစားရင်သမာအာဇီဝနဲ့သန့်ရှင်းတဲ့ဘဝကိုပဲဦးစားပေးရွေးမိတော့တာ။

နောက်ဆုံးတော့ကိုယ့်ကိုယ်ကိုယ်ပြန်ဖြေသိမ့်ပြီး (တကယ်တော့ကိုယ့်ကိုယ်ကိုယ်လှည့်စားတာ)

ကောင်းကင်အောက်ဘယ်နေရာရောက်နေနေ

နေတတ်ရင်အမေ့အိမ်ပါပဲ  မေငြိမ်းရေ



Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>