ဂျော်ဒီး - အမျိုးများ ရင်ကြားစေ့ရေးအတွက် မိုးမခရွာ သမတမှူးချုပ်ကြီး
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၅
မကြာသေးမီကခြိမ့်ခြိမ့်သဲသဲကျင်းပခဲ့လေသော…မိုးမခရွာလုံးကျွတ်ရွေးကောက်ပွဲကြီးတွင်ရွာသူရွာသားအများတောပြုန်းတောင်ပြို မဲပေးလိုက်ကြသဖြင့်ဒီမိုမယ်တော်ကြီး ၏ “ဒီလေဒီ” ပါတီအနိုင်ရပြီးကတည်းက မိုးမခရွာသားများအကြား စိတ်အ၀င်စားဆုံးအကြောင်းချင်းရာကား ရွာဂံတော်သမတ ဘယ်သူဖြစ်မလဲ..ဆိုသည့်အကြောင်းချင်းရာပင်တည်း။
တကယ်တော့ရွေးကောက်ပွဲဖြင့်ပြည်သူကအနိုင်ပေးလိုက်သောပါတီခေါင်းဆောင်သည် နိုင်ငံအုပ်ချုပ်ရေး၏ အမြင့်ဆုံးသမတရာထူးကိုထမ်းဆောင်ရမည်ဖြစ်သော်လည်း မိုးမခရွာထောင်စု၏ ပြည်သူ ၁၁၀% က ထောက်ခံ ရေးဆွဲခဲ့သည်ဆိုသော မုန်တိုင်းကြားမှာဖူးပွင့်ခဲ့သော၊ မထော်မနန်း ဒလမန်းကြမ်း နာဂစ် အခြေခံဥပဒေကြီးဖြင့်အထူးစပယ်ရှယ် သီးသန့်ပြဌာန်းထားသောဥပဒေအရ အနိုင်ရ ဒီလေဒီ ပါတီဥက္ကဌ ဒီမိုမယ်တော်ကြီးမှာ သမတလုပ်ခွင့်မရချေ။ သည်တော့ မိုးမခရွာထောင်စုသမတမည်သူဖြစ်လာမည်နည်းဆိုတာက ရွာသားများသာမက ရွာ့ပြင်ကငါ့ရှင်များကပါ သိလိုနေကြသည်။ ရွာဂံတော်သမတကိစ္စသည် ဘကြီးစွမ်းတို့လူကြီးဝိုင်းမှာရော ၊ သာဂိတို့ကာလသားဝိုင်းမှာပါမက အပျိုခေါင်းဆောင် ဒေါ်မာအေးတို့အမျိုးသမီးအဖွဲ့မှာပါ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးစရာဖြစ်နေသည်။
“မာအေးတော့ ရွာလုံးကျွတ်ရွေးကောက်ပွဲမှာ တရွာလုံးပုံအောမဲထည့်ကြလို့ တောပြုန်း တောင်ပြို အနိုင်ရထားတဲ့ပါတီက ဒီမိုမယ်တော်ကြီးကိုပဲ အမျိုးသမီး သမတ မှူးချုပ် မကြီး ဖြစ်စေချင်တာပဲ ...”
မထော်မနန်း ဒလမန်းကြမ်း နာဂစ်ဥပဒေကြီး ရှိနေသရွေ သမတမကလို့သမတဘိုးအေ ဖြစ်နေပါစေ၊ ဘာမှ လုပ်မရမည့် ရုပ်သေးအစိုးရ ဖြစ်နေမည်ဟုယုံကြည်နေသည့်မိုးမခရွာသားတချို့ကတော့..
“… ဒီမိုမယ်တော်ကြီးကိုသမတမဖြစ်အောင်ဆွဲထားတဲ့ဥပဒေကြီးကရှိနေတယ်လေ”
မယ်မယ်ဒီ ကိုမထိနဲ့မီးပွင့်သွားမယ် ဟု သူခိုးပြေးကာနီးတွင်ထိုးကွင်း ထနေကြသော ဒီလေဒီ ခါတော်မီအသစ်စက်စက် အုပ်စုက
“အို ... မယ်မယ်ဒီက ဖောက်ထွက်အတွေးအမြဲရှိတယ်။ မတရားဥပဒေကိုလည်း ဖောက်ထွက်နိုင်တယ်။ ဘယ်သူတွေကပဲဒီမိုကလက်တစ် မဆန်ဘူးပြောပြော။မယ်မယ်ဒီကတော့ သမတအထက်မှာလဲ နေမယ်။ သမတ ဘေးမှာလည်းနေမယ်။ သမတကသူ့အမိန့်မနာခံရင်
မဟုတ်တာ လုပ်ရင် - ထိပ်ထုသင့် ထုမယ်။ ပေါင်တွင်းကြော လိမ်ဆွဲသင့် ဆွဲမယ့်သဘောပဲ။ သမတကိုသူကိုယ်တိုင်ကြိုးကိုင် စီမံအုပ်ချုပ်မှာတဲ့။ ကဲ... ဘာပြောချင်ကြသေးလဲ”
မဟုတ်တာ လုပ်ရင် - ထိပ်ထုသင့် ထုမယ်။ ပေါင်တွင်းကြော လိမ်ဆွဲသင့် ဆွဲမယ့်သဘောပဲ။ သမတကိုသူကိုယ်တိုင်ကြိုးကိုင် စီမံအုပ်ချုပ်မှာတဲ့။ ကဲ... ဘာပြောချင်ကြသေးလဲ”
ဘကြီးစွမ်းတို့လိုသက်ကြီးပိုင်းမိုးမခရွာ့နာယကကြီးများကတော့ရင်တမမ၊ သက်ပြင်းတချချ။ သွားလေသူနာယကကြီးဖိုးဟံသာကိုလဲသတိရနေကြသည်။ အန္တရာယ်များသောလမ်းကြမ်းပေါ်မှသူတို့လေးစားသော
ဒီမိုမယ်တော်ကြီး၏ ကြိုးတန်းပေါ်လမ်းလျှောက်နေရပုံကိုဖိုးဟံသာ ဘယ်လိုမှတ်ချက်ပြုမည်ကိုလည်းတွေးနေမိကြသည်။ မတော်တဆ ... အစဉ်တစိုက် လျှောက်လှမ်းခဲ့ရာလမ်းမှ လူပေါင်းမှားကာ လမ်းချော်သွားမှာကိုလည်းစိုးရိမ်နေကြလေသည်။ ရွာသူရွာသားတွေ အော့နှလုံးနာခဲ့ကြသော ရွာလူကြီးဟောင်း
အာဏာရှင်တဖြစ်လဲတွေထဲကတယောက်ယောက်ကိုများ “အမျိုးများ ရင်ကြားစေ့ရေးမူ” အရ ရွာဂံတော်သမတ ခန့်လိုက်လေမလားရယ်လို့လဲ စိတ်မသက်မသာ၊ တွေးပူသူကပူနေကြသည်။
ဒီမိုမယ်တော်ကြီး၏ ကြိုးတန်းပေါ်လမ်းလျှောက်နေရပုံကိုဖိုးဟံသာ ဘယ်လိုမှတ်ချက်ပြုမည်ကိုလည်းတွေးနေမိကြသည်။ မတော်တဆ ... အစဉ်တစိုက် လျှောက်လှမ်းခဲ့ရာလမ်းမှ လူပေါင်းမှားကာ လမ်းချော်သွားမှာကိုလည်းစိုးရိမ်နေကြလေသည်။ ရွာသူရွာသားတွေ အော့နှလုံးနာခဲ့ကြသော ရွာလူကြီးဟောင်း
အာဏာရှင်တဖြစ်လဲတွေထဲကတယောက်ယောက်ကိုများ “အမျိုးများ ရင်ကြားစေ့ရေးမူ” အရ ရွာဂံတော်သမတ ခန့်လိုက်လေမလားရယ်လို့လဲ စိတ်မသက်မသာ၊ တွေးပူသူကပူနေကြသည်။
“ဘာပဲဖြစ်ဖြစ် သူ့ကိုတော့လမ်းမချော်လောက်ဘူးလို့ တို့ယုံကြည်တာပဲလေ။ ဒါပေမယ့် သူ အခုလျှောက်နေတဲ့လမ်းမျိုးလဲတို့လိုက်မလျှောက်နိုင်တော့ထုံးစံအတိုင်းအဝေးကမေတ္တာပို့တတ်နိုင်သမျှဝန်းရံကြရုံပေါ့ကွာ..”
ထိုကဲ့သို့တရွာလုံးရွာဂံတော်သမတအရေးဖြင့်လှုပ်လှုပ်ရွရွဖြစ်နေစဉ်၊ ရွာဦးစေတီအနီးမှ နက္ခတ္တ
ဗေဒပညာရှင်အကြားအမြင်ဆရာမကြီးစန္ဒြဂျော်ဒီးကလည်း သူ့ဓါတ်ခန်းအတွင်းဝယ်ပွဲကြီးပွဲငယ်အ
သွယ်သွယ်ပြင်ဆင်၊ ဓါတ်စီးကာ ရွာဂံတော်သမတ ဘယ်သူဖြစ်မည်ကို ဟောကိန်းထုတ်မည်ဆိုသဖြင့်တရွာလုံး အုံးအုံးကြွက်ကြွက် လာရောက်စောင့်စားနေကြသည်။
“အဟမ်း … နက္ခတ်တာရာတွေအလိုအရ ၂၀၁၅ ဒီဇင်ဘာလကုန်ရင်၊ ၂၀၁၆ ဇန်န၀ါရီလကို မြေကြီးလက်ခတ်မလွဲရောက်ကိုရောက်ရမယ်”
“ဟာ... ဟောကိန်းကသွေးထွက်အောင်မှန်ပါလား။ ဒါကြောင့် စန္ဒြဂျော်ဒီး... စန္ဒြဂျော်ဒီး နဲ့ကျော်ကြားပေတာကိုး”
စန္ဒြဂျော်ဒီးကမျက်စိကိုစုံမှိတ်ကာ… အထူးအာရုံပြုပြီး -
“နက္ခတ် အသွားအလာအရ၊ ဒီမိုမယ်တော်ကြီးပဲ သမတအထက်ကသမတချုပ်မှူးကြီးဖြစ်မှာ မလွဲ ဧကန်ပဲ သမတဘယ်သူ့ ခန့်မယ်လဲဆိုတာတော့ ... အင်း - မားစ်ဂြိုလ်နဲ့အရံဂြိုလ်နက္ခတ်တွေရဲ့ အလိုအရ မယ်မယ်ဒီ မှပဲသိမယ်” ဟု အတည်ပေါက်ကြီးဟောကိန်းထုတ်လိုက်ရာ မိုးမခရွာကာလသား သာဂိတို့အုပ်စုမှာ ဟင်ခနဲ... ဟာခနဲ ... ဖြစ်ကြရှာလေသည်။
လူကြီးများမိုးမခရွာထောင်စုသမတအရေးတပွပွတရွရွဖြစ်နေလေတော့ မိုးမခကလေးများ၏
ဆော့ကစားနည်းကလည်းရွာထောင်စု သမတလုပ်တမ်းဖြစ်ရသည်မှာမဆန်းပေ။ မိုးမခရွာသားကလေးများကား တခြားရွာသားကလေးများထက်နှာတဖျားမက ဆယ်လံ လောက်သာကြပေရာ၊ ကိုယ်နဲ့ကိုက်ညီရာ ဇာတ်ရုပ်ကိုကိုယ့်ဖာသာအလုအယက် ယူကြလေသည်။
ဟေမန်သဇင်က သူ့ထက်ငါ ဦးအောင်အော်လိုက်သည်။
“ငါကအိမ်မှာဗိုလ်ချုပ်မကြီးလုပ်နေကြမို့စစ်ရေးအမြင်ရှိတယ်။ ဒီတော့ ငါ... မယ်မယ်ဒီ လုပ်မယ်။ သမတချုပ်မကြီးလုပ်မယ်”
အမြဲ ဆရာကျတတ်သော မောင်ရစ်က သမတလုပ်တမ်းတွင်“သမတကျမ်းသစ္စာကျိန်ဆိုပွဲ”
လုပ်တမ်းထည့်ကစားမည်ဟု ခပ်တည်တည်မိန့်ဆိုလိုက်သည်။ သူ့မှာ အကြံရှိသည်ကိုး။
တကယ်တော့ မယ်မယ်ဒီ့ပါတီတောင်ပြို ၊ တောပြုံးဝိုင်းဒိုင်းခတ်အနိုင်ရခြင်းကိုပြန်လည်သုံးသပ်လျှင်၊ ကာတွန်းဆရာများ၏ အစဉ်အဆက်ကြိုးပမ်းမှုများကိုချန်ထားခဲ့၍မဖြစ်။ လုံးဝ မဖြစ်။ ဒီတော့မိုးမခရွာထောင်စု သမတကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် ကာတွန်းဆရာတွေရဲ့သမိုင်းရော အင်းစိန်ပါဝင်နိုင်စွမ်းရှိသော ကာတွန်းလက်စွမ်းပြပွဲများထည့်သင့်သည်ဟု သူကတွေးထားသည်။
သူ့ အကြံကိုချပြလိုက်သောအခါ စောငို၊ ကူမိုးကြိုး၊ ဘိရုမာ၊ မောင်မောင်ဘောပင် အစရှိသော ကာတွန်း ၀ါသနာအိုးလေးများက ကာတွန်းလက်စွမ်းပြခွင့်ရတော့မည်ဟုတွေးကာ အူယားဖားယားထောက်ခံလေသည်။
သို့သော် ကဗျာရွတ်ဆိုရသည်သဘောကျသော - ခင်လွန်း၊ ကျော်ဟုန်း၊ ဆောင်းလူ၊ ရန်လင်းအောင်၊ မင်းညွန့်လှိုင် တို့အုပ်စုက တစခန်း ထသည်။ လူသေးသလောက် အကြံကြီးသော မင်းညွန့်လှိုင်က ကြီးကြီးကျယ်ကျယ်ဆော်သြသည်..။
“ အမေလိကန်မှာ ဆိုရင်ဗျာ ... သမတကျမ်းသစ္စာ ကျိန်ဆိုပွဲတွေမှာ ကဗျာဆရာကြီးတွေကကဗျာရွတ်ကြတယ်ဗျ။ အဲဒီတော့ မိုးမခရွာထောင်စု သမတကျမ်းသစ္စာကျိန်ဆိုပွဲမှာလည်းမိုးမခရွာထောင်စု
ကဗျာဆရာကြီး တယောက်လောက်တော့ကဗျာရွတ်သင့်တာပေါ့ဗျာ။ ဥပမာ - မယ်မယ်ဒီကိုတလျှောက်လုံး
ထောက်ခံလာလို့ကဗျာရေးခွင့်ပိတ်ခံရ၊ရွာပြေးအဝေးရောက်သူပုန်ဘွဲ့ရကဗျာစာဆိုဘဘကြီးတွေကိုဘကြီးမှိုင်းရဲ့ လေးချိုးတွေရွတ်ခိုင်းဗျာ။ ဘယ်လောက်ကျက်သရေရှိမလဲ။ မယ်မယ်ဒီကအမေလိကန်တွေနဲ့လဲအဆင်ပြေနေတော့ အမေလိကန်စတိုင်ဆို သဘောကျမှာဗျ။ ဒီလိုအတွေးတွေကို လူကြီးတွေသတိမရမှာစိုးလို့ကျနော်တို့ကလေးတွေက ဆော့ပြခြင်းနဲ့ ဦးဆောင် အကြံပေးသင့်တယ်။”
“ဟုတ်တယ်..။ဟုတ်တယ်..” ကဗျာကြိုက် ကလေးအုပ်စုကသူ့ထက်ငါ အော်ဟစ် ထောက်ခံလေသည်။
ကာတွန်းကြိုက်အုပ်စုကမကျေနပ်။ နေရာတကာ အမေလိကန်အတု ခိုးလွန်းသည်ဆိုတာကောင်းတယ်ထင်လို့လားဟု အထွန့်တက်လေသည်။
ဤတွင် သူတို့ကလေးအုပ်စုထဲမှ အငယ်ဆုံး ချမ်းမြက ဂျီကျသည်။ သူလဲ ကဗျာရွတ်ချင်သည်ဟု ဆိုလာ
သည်။ သို့သော် အောင်ဝေးမှ “ မင်းကနဲနဲ ငယ်သေးတယ်ကွာ။ ဘကြီးမှိုင်းရဲ့လေးချိုးတွေကရှည်တယ်ကွ။ ဘကြီးမှိုင်းလေးချိုး ရွတ်ဖို့ဆို ငါ့ တာဝန်ထားလိုက်ပါကွာ။ မင်းတို့ ငြိမ်းချမ်းအေးတို့ကလေးတွေကသမတ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ မပါမဖြစ်တဲ့ တပ်မတော်သားအစုအဖွဲ့ လုပ်ကွာ။ ခု လက်ရှိခြေဥအရဆို မင်းတို့ကိုတမတ်တန်းမှာဇိမ်နဲ့ နေခိုင်းမှာကွ” ဟု နှစ်သိမ့်သည်။
“ဟာဗျာ ။ ရွံစရာ ... တမတ်တန်ကောင်တွေတော့ လုပ်ချင်ဘူးဂျာ။ လူကြီးတွေပြောနေတာတော့ မယ်မယ်ဒီအခုလိုအနိုင်ရတာ မီဒီယာသမားတွေဂျာနယ်လစ်တွေတာဝန်ကျေလို့တဲ့ဗျ။ ကျနော်တို့ကမီဒီယာသမား
ဂျာနယ်လစ် လုပ်မယ်ဗျာ။ ခင်ဗျားတို့ သမတကျမ်းသစ္စာကျိမ်ဆိုပွဲသတင်းကိုလာယူမယ်။ ကျနော်တို့ကို
ပေါ့သေးသေးတော့သဘောမထားနဲ့ဗျ။ ခင်ဂျားဂျီး ... လေးချိုးရွတ်တာထစ်ထစ်ငေါ့ငေါ့ဖြစ်ရင် မညှာဘူးသာ မှတ်”
သူတို့အားတမတ်တန်းတွင်ချောင်ထိုးဖို့ကြံသည်ကိုလုံးဝမကျေနပ်သောငြိမ်းချမ်းအေးက…မငြိမ်းချမ်းသောတေးဖြင့်ခွန်းတုံ့ပြန်လေသည်။
ဇာနည်ဝင်းကတော့သူ့ထုံးစံအတိုင်းတိတ်တိတ်ဆိတ်ဆိတ်နှင့်တွေးနေသည်။
ဂျာနယ်လစ်အုပ်စုထဲပါရကောင်းမလား။ ရန်နောင်တို့အုပ်စုထဲ ပါရကောင်းမလား။ မဝေခွဲနိုင်ပဲဒွိဟ
ဖြစ်နေသည်။ ခုနကလေးတင်ရန်နောင်ကတိုးတိုးလေးပြောထားသည်..။ သူတို့ကသမတကျမ်းသစ္စာ
ကျိမ်ဆိုပွဲတွင် သူတို့အားသန်ရာ အနုပညာရှင်မော်ဒယ်သရုပ်ဆောင်များအဖြစ် တင်ဆက်ဖျော်ဖြေတမ်းကစားမည် ... တဲ့။ ထို့ကြောင့်ဇာနည်ဝင်းကိုဇာဇာတို့ မော်ဒယ်အဖွဲ့တွင် ပါဝင်သရုပ်ဆောင်ဖို့ကမ်းလှမ်းထားသည်။
ထိုစဉ် သမတချုပ်မှူးမကြီးလုပ်မည့်ဟေမန်သဇင်ကတချက်လွှတ် အမိန့်ချသည်။
“ကာတွန်းပြပွဲတွေ ဘာတွေလုပ်စရာ မလိုဘူး။ ကဗျာရွတ်ပွဲတွေဘာတွေလဲမလုပ်နဲ့”
သမတချုပ်မှူးမကြီးဟေမန်သဇင်၏ သြဇာမာလကာပြည့်ဝသောလေသံကြောင့် အင်မတန်ဆရာကျလိုသောမောင်ရစ်ပင် အတန်ငယ်ငြိမ်သက်သွားသည်။
သမတချုပ်မှူးမကြီးက..
“လက်ရှိပေါ်လစီက ... အမျိုးများ ရင်ကြားစေ့ရေး ပေါ်လစီ။ ဒီတော့ ကာတွန်းဆရာတွေ၊ကဗျာဆရာတွေက အမြဲတမ်းသူပုန်စိတ်ထာဝရ အတိုက်အခံစိတ်ရှိတယ်။ ဒီလို လူတွေကခုကျင့်သုံးမဲ့အမျိုးများရင်ကြားစေ့ရေးနဲ့မကိုက်ညီဘူး။ အမျိုးများနဲ့ရင်ကြားစေ့ဖို့ဆို သူတို့အကြိုက်လိုက်ရမယ် ။ သူတို့ကိုကဗျာရွတ်ပြနေရင် ဘတ်ဖဲလို နား တိန်တောင်၊တိန်တောင်လုပ်သလိုဖြစ်နေမယ်။ ဒီတော့ သူတို့နဲ့အဆင်ပြေ လိုက်လျောညီထွေမယ့် သရုပ်ဆောင်အဆိုတော်၊ မော်ဒယ်တွေနဲ့ပဲ သမတကျမ်းသစ္စာကျိန်ဆိုပွဲကျင်းပမယ်။ ဒါပဲ။ ဘာပြောစရာရှိသေးလဲ။ ရှိရင်နောက်မှပြောကြ။ အောင့်ထားကြ။ မျိုထားကြ။ သိတယ်နော်။ အခုအချိန်က အမျိုးများ ရင်ကြားစေ့ရေးကအဓိက”
ပြောပြောဆိုဆို သမတချုပ်မှူးမကြီးကအနီးတွင် အဆင်သင့်တွေ့သော အ၀တ်စတစကိုပုဝါပုံသဏ္ဍန်ခြုံလွှမ်း၍ ဆင်မမြောက်ကြွဟန်ဖြင့် လမ်းလျှောက်ပြလိုက်ရာ၊ ကျန်သော မိုးမခကလေးများမှာ မျက်စိသူငယ် နားသူငယ်နှင့်ရောယောင် လက်ခုပ်တီး မိကြလေသတည်း ။ ။