မောင်မောင်စိုး - တရုတ်မီဒီယာ
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၅
ယနေ့ခေတ် မီဒီယာဆိုသည်ကတော့အတော်ပင်စုံလင်သည်ဟုဆိုရမည်။သတင်းစာဂျာနယ်ရေဒီယိုရုပ်မြင်သံကြားအစီအစဉ်များသာမက online ဟုခေါ်သောအင်တာနက်စာမျက်နှာများ
ကိုလည်း အသုံးပြုကြသည်။မီဒီယာတိုင်းသည်လူထုကိုသတင်းအချက်အလက်များပေးသည်သာမကသူတို့၏အာဘော်များကိုလည်း ပေးသည်။ လူထု လိုလားတောင့်တသောသတင်းအချက်အလက်များဖြစ်ရပ်မှန် အချက်အလက်များပေးစွမ်းနိုင်သည့်သတင်းမီဒီယာများသည်အောင်မြင်လေ့ရှိကြသည်။လူထုနှင့်နီးစပ်သောလူထုအမြင်သဘောထားကိုဖေါ်ပြနိုင်သောမီဒီယာများကိုလူထုကကြိုဆိုလက်ခံကြသည်။ထိုသို့သောမီဒီယာများက လူထုအပေါ်သြဇာကြီးသည်ဟုဆိုကြသည်။
ကိုလည်း အသုံးပြုကြသည်။မီဒီယာတိုင်းသည်လူထုကိုသတင်းအချက်အလက်များပေးသည်သာမကသူတို့၏အာဘော်များကိုလည်း ပေးသည်။ လူထု လိုလားတောင့်တသောသတင်းအချက်အလက်များဖြစ်ရပ်မှန် အချက်အလက်များပေးစွမ်းနိုင်သည့်သတင်းမီဒီယာများသည်အောင်မြင်လေ့ရှိကြသည်။လူထုနှင့်နီးစပ်သောလူထုအမြင်သဘောထားကိုဖေါ်ပြနိုင်သောမီဒီယာများကိုလူထုကကြိုဆိုလက်ခံကြသည်။ထိုသို့သောမီဒီယာများက လူထုအပေါ်သြဇာကြီးသည်ဟုဆိုကြသည်။
ဆန့်ကျင်ဖက်အနေနှင့်ဆိုလျင်ခေတ်အခြေအနေနှင့် ကိုက်ညီသောသတင်းအချက်အလက်မှန်များကိုဖေါ်ပြနိုင်ခြင်းမှိသောသတင်းမီဒီယာများသည်လူထုကြားမတိုးနိုင်သည့်အပြင်လူထုကြား၌သြဇာမရှိဟုဆိုရပေမည်။ထို့အတူအစိုရများ၏ မီဒီယာများသည်လည်းအစိုးရဝါဒဖြန့်ချိရေးပေါ်လစီများအလွန်အမင်းကဲသည့်အခါလူထု၏လိုလားနှစ်သက်မှုမခံရသကဲ့သို့လူထုပေါ်၌လည်းသြဇာမရှိကြပေ။
အောက်တိုဘာလအတွင်းတရုတ်ခရီးစဉ်၌နောက်ဆုံးရောက်ရှိသည့်မြို့မှာယူနန်ပြည်နယ်ခွင်းမင်းမြို့ဖြစ်သည်။တရုတ်ပြည်မှပြန်မထွက်မှီနောက်ဆုံးနေ့ရက်သည်ခရီးစဉ်ကြပ်သည့်ရက်ဟုဆိုရမည်။မနက်ပိုင်းတွင်မြစ်ဆုံစီမံကိန်းတာဝန်ယူနေသည့် CPI ကုမ္ပဏီနှင့်မိမိတို့အဖွဲ့တွေ့ဆုံဆွေးနွေးကြသည်။နှစ်ဦးနှစ်ဖက်စိတ်ပါလက်ပါအားဘောင်အာရင်းသန်သန်ဆွေးနွေးလိုက်ကြ၍အချိန်အတော်လင့်သွားပြီးတရုတ်စံတော်ချိန် ညနေ၃နာရီခန့်မှပြီးသည်။ဟိုတယ်ပြန်နားချိန်မရှိတော့ဘဲယူနန်တက္ကသိုလ်ပါမောက္ခများနှင့်ဆွေးနွေးပွဲသို့ပြေးရသည်။
ယူနန်တက္ကသိုလ်သည်တောင်ကုန်းငယ်လေးတခုပေါ်တွင်တည်ရှိသည်။အဆောက်အဦးများနီးကပ်စွာတည်ရှိသည်။ရန်ကုန်ပင်မတက္ကသိုလ်လောက်တော့မခန်းနားလှပေ။သို့သော် အဆောက်အအုံအတွင်းအပိုင်းအပြင်အဆင်များကတော့သူတို့၏ကြွယ်ဝမှုကိုဖေါ်ပြသည်။နှစ်ဖက်အလွတ်သဘောအပြန်အလှန်အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီးယူနန်တက္ကသိုလ်ပါမောက္ခများအဖွဲ့ကမိမိတို့အားညစာဖြင့်တည်ခင်းဧည့်ခံသည်။
တကယ်တော့ထိုသို့သောထမင်းစားပွဲများတွင်စကားပြောရသည်ကပို၍လွတ်လပ်သည်။ရင်းနှီးမှုလည်းပိုရသည်။ထိုညစာစားပွဲတွင်ယူနန်တက္ကသိုလ်မှပါမောက္ခတဦးအားမိမိမှမေးခွန်းထုတ်လိုက်သည်။ယခုမြန်မာပြည်တွင်အမေရိကန်မှ VOA / RFA အင်္ဂလန်မှ BBC ဥရောပမှ DVB စသည့်အသံလွှင့်ဌာနများနှင့်သတင်းဌာနများရှိသည်။ထိုသတင်းဌာနများအားမြန်မာနိုင်ငံအနှံ့မှလူအများကနေ့စဉ်မပြတ်နားထောင်ကြသည်။ အလေးထားကြသည်။တရုတ်ပြည်၏ဘေကျင်းအသံလွှင့်ဌာနနှင့်ရှင်ဟွာသတင်းဌာနဆိုလျင်မြန်မာပြည်၌နားထောင်မည့်သူမရှိသလောက်ရှားသည်ဖြစ်ရာထိုအချက်ကိုလက်ခံနိုင်ပါသလောဟုထိုပါမောက္ခအားမိမိမေးခွန်းထုတ်ခဲ့သည်။
သူကပြုံး၍လက်ခံပါသည်ဆိုသည်။သို့သော်သူကထိုအနောက်တိုင်းအသံလွှင့်ဌာနများ၏လွှင့်ထုတ်သမျှအားလုံးလည်းအမှန်တော့မဟုတ်ပါဟုပြန်လည်တုန့်ပြန်သည်။မိမိကလည်းအနောက်တိုင်းအသံလွှင့်ဌာနတိုင်း၏ထုတ်လွှင့်ချက်တိုင်း အမှန်မဟုတ်သည်ကိုမိမိလက်ခံကြောင်းသို့သော်ဘေကျင်းအသံနှင့်ရှင်းဟွာသတင်းများမှသတင်းမည်မျှမှန်မှန်နားထောင်သူဖတ်ရှုသူမရှိကြောင်းဤပြသနာကိုမည်သို့မြင်
သနည်းမည်သို့ဖြေရှင်းမည်နည်းဟုမိမိက ပြန်လည်မေးခွန်းထုတ်ခဲ့၏။သူကချက်ခြင်းအဖြေပြန်မပေးနိုင်သည့်ပြင်မိမိအားမည်သို့မြင်သနည်းဟုပင်ပြန်လည်မေးခွန်းထုတ်ခဲ့သည်။ဤသို့နှင့်ထိုအကြောင်းအရာကိုစကားလက်စသတ်၍အပြန်အလှန်တွေးစရာပေးခဲ့ကြသည်ဟုဆိုရပါမည်။
သနည်းမည်သို့ဖြေရှင်းမည်နည်းဟုမိမိက ပြန်လည်မေးခွန်းထုတ်ခဲ့၏။သူကချက်ခြင်းအဖြေပြန်မပေးနိုင်သည့်ပြင်မိမိအားမည်သို့မြင်သနည်းဟုပင်ပြန်လည်မေးခွန်းထုတ်ခဲ့သည်။ဤသို့နှင့်ထိုအကြောင်းအရာကိုစကားလက်စသတ်၍အပြန်အလှန်တွေးစရာပေးခဲ့ကြသည်ဟုဆိုရပါမည်။
တကယ်တော့ဘေးကျင်းအသံ ( ပီကင်းအသံ)ဆိုသည်မှာတချိန်ကလွန်ခဲ့သောနှစ်၅၀ခန့်ကမြန်မာပြည်တွင်လူသိများခဲ့သောအသံလွှင့်ဌာနတခုဖြစ်သည်။ပုံမှန်နားထောင်သူအချို့ရှိသကဲ့သို့နားမထောင်သူများကပင်ဒီဘေကျင်းအသံက တရုတ်မလေးအတော်စွာဘဲဟုသတိပြုမိကြသည်။၁၉၆၆ယဉ်ကျေးမှု တော်လှန်ရေးနှင့်၁၉၆၇တရုတ်မြန်မာ အရေးအခင်းကာလကဘေကျင်းအသံသည်"နေဝင်းစန်းယုစစ်အစိုးရ"ဟုသုံးစွဲကာမြန်မာစစ်အစိုးရကိုဗြောင်အတိအလင်းတိုက်ခိုက်ခဲ့ကြသည်။မြန်မာပြည်တွင်းရှိလက်ဝဲသမားများလိုလားအားပေးမှုကိုရခဲ့ပြီးကျန်ပြည်သူများ၏သတိပြုမှုကိုရခဲ့သည်။
နောက်ပိုင်းတွင်မတော့ဗကပတို့၏"ပြည်သူ့အသံ"ဆိုသည့်အသံလွှင့်ဌာနပေါ်လာပြီးနောက်ဘေကျင်းအသံမှမြန်မာစစ်အစိုးရအားတိုက်ရိုက်တိုက်ခိုက်မှုလျော့ကြခဲ့သည်။သို့သော် ၁၉၈၀မတိုင်ခင်အထိအင်တာနေရှင်နယ်တေးသံနှင့်အတူဘေကျင်းအသံသည်လက်ဝဲအယူအဆများကိုရပ်ခံထုတ်လွှင့်ခဲ့ရာလက်ဝဲလိုလားသုများ၏ အားပေးမှုတော့ ရခဲ့သေးသည်ဟုဆိုရမည်။မည်သို့ဆိုစေထိုစဉ်ကလက်ဝဲလေထုအားကောင်း နေသည်ဖြစ်ရာဘေကျင်းအသံကိုနားထောင်မည့်သူရှိသလိုအများကလည်းသတိပြုမိကြသည်ဟုဆိုရမည်။ထိုစဉ်က BBC တို့ VOA တို့မြန်မာပြည်တွင်ရေပန်းမစားသေးပေ။
၁၉၈၀နောက်ပိုင်းဘေကျင်းအသံမှအင်တာနေရှင်နယ်တေးသံမကြားရတော့အယူဝါဒရေးရာဘက်ဇောင်းမပေး တော့ပေ။သို့သော်လည်းသတင်းအချက်အလက်မှန်များကိုလည်းအားပြုထုတ်လွှင့်သည့်အသံလွှင့်ဌာနလည်းဖြစ်မလာဘဲ တရုတ်အစိုးရ၏ပေါ်လစီများကိုသာဝါဒဖြန့်သည့်အစိုးရယန္တယားသက်သက်ဖြစ်သွားကာပျင်းရိငြီးငွေ့ဘွယ်အစီအစဉ်များဖြင့်လူထုကြား၌စိတ်ဝင်စားမှုလျော့ပါးသွားလေသည်။
တကယ်တမ်းဆိုလျင် BBC VOA သတင်းဌာနများလူထုကြား၌ရေပမ်းစားလာသည်မှာ၁၉၈၈အရေးအခင်းနှင့်အတူဖြစ်သည်။လူထုအုံကြွမှုဆန္ဒပြမှုသတင်းများကိုလူထုအကြားအလွန်အမင်းတက်တက်ကြွကြွစိတ်ဝင်စားနေချိန်တွင်၎င်းသတင်းဌာန၂ခုမှအချိန်နှင့်တပြေးညီထိုသတင်းများကိုထုတ်လွှင့်ပေးရာလူထုအကြားရေပန်းစားသည့်သတင်းဌာနများဖြစ်လာပြီးနေ့စဉ်လူအများစုအလေးထားနားထောင်သည့်သတင်းဌာနများဖြစ်လာခဲ့သည်။
၁၉၈၈နောက်ပိုင်းတွင်လည်းလူ့အခွင့်အရေးနှင့်ဒီမိုကရေစီရေးကိုစံသတ်မှတ်ထားသည့်အနောက်နိုင်ငံများ၏မူဝါဒစစ်အာဏာရှင်စနစ်ကိုဆန့်ကျင်သည့်မူဝါဒကိုကိုင်စွဲပြီးမြန်မာစစ်အစိုးရကိုပိတ်ဆို့ဆန့်ကျင်သည့်မူဝါဒနှင့်အညီ VOA BBC တို့သည်လည်းဆက်လက်ရပ်တည်ခဲ့သည်။တဖက်ကလည်းမြန်မာလူထုအဖို့စစ်အစိုးရလက်ထက်သတင်းမှောင်ချမှုနှင့်ကြုံတွေ့နေရရာအဆိုပါသတင်းဌာနများ၏သတင်းသည်လူထုလှုပ်ရှားအုံကြွမှုနှင့်စစ်အစိုးရဖိနှိပ်မှုများကိုမီးမောင်းထိုးပြ နေပေရာလူထု၏အသဲစွဲသတင်းဌာနများဖြစ်လာတော့သည်။မနက်မိုးလင်းသည်နှင့် BBC VOA တို့၏အသံကိုအိမ်တိုင်းလိုလိုတွင်ကြားရသည်။မိုးချုပ်သည်နှင့်ကြားရသည်။ BBC VOA တို့ကလည်းလူထုအလုပ်နားချိန်အားချိန်ကိုရွေး၍စနစ်တကျထုတ်လွှင့်ကြသည်။
အနောက်တိုင်းအဖို့သတင်းဖြန့်ချိလှုံ့ဆော်ရေးအတွေ့အကြုံကိုကောင်းစွာရှိပြီးဖြစ်သည်။ဆိုဗီယက်ပြည်ထောင်စုကိုထိုးနှက်ရန်သတင်းဖြန့်ချိရေးကိုစနစ်တကျလုပ်ဆောင်ခဲ့ကြဖုးသည်။ဤသို့ပြုလုပ်ရန်အချိန်လည်းများစွာရယူသည်။စိတ်ရှည်လှသည်ဟုဆိုရပေမည်။မြန်မာလူထုတွင်း လူထုလက်ခံမှုမြင့်လာသည်နှင့်နောက်ထပ်အသံလွှင့်ဌာန၂ခုဖြစ်သော RFA နှင့် DVB ကိုတိုးချဲ့ ထုတ်လွှင့်ရာလူထုလက်ခံမှုကိုလျင်မြန်စွာရသည်။ထို့ပြင်မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများ၏သတင်းဌာနများသည်အနောက်၏ပံပိုးမှုနှင့်အတူပေါ်လာကြသည်။ထိုထဲတွင်ဧရာဝတီနှင့်မဇ္ဇျိမတို့ကပို၍ထင်ရှားသည်။သူအတိုင်းအတာနှင့်သူအောင်မြင်သည့်သတင်းဌာနငယ်များလည်းမနည်းလှပေ။ဤသို့ဖြင့်အနောက်တိုင်းမီဒီယာများအနောက်တိုင်းလူအခွင့်အရေးနှင့်ဒီမိုကရေစီကိုလိုလားသောသတင်းဌာနများ အားကောင်းလာသည်။
ထိုသတင်းဌာများသည်လူထုလိုလားသိချင်သောသတင်းအချက်အလက်မှန်များကိုဖေါ်ထုတ်တင်ပြခြင်းမှအစပြုခြင်းဖြစ်သည်။လူထုထောက်ခံလိုလားမှုရလာကြခြင်းဖြစ်သည်။ဤသို့ဖြင့်ဤသတင်းဌာနများလူထုတွင်းသြဇာရလာလေအနောက်တိုင်း၏အယူအဆသြဇာများအာဘော်များလူထုကြား၌ပျံ့နှံ့လာခြင်းမှာအံ့သြဘွယ်ရာမရှိပေ။
ထိုအချိန်တွင်တရုတ်တို့၏ဘေကျင်းအသံသည်၎င်းရှင်းဟွာသတင်းသည်၎င်းမြန်မာလူထုကြားတွင်းမေ့ပျောက်ခြင်းခံရတော့သည်။မည်သူမပြုမိမိမှုဟုသာဆိုရပေမည်။မြန်မာလူထုပကတိဘဝလိုအပ်ချက်နှင့်မကိုက်ညီသောသတင်းများကိုထုတ်လွှင့်နေသည့်သတင်းဌာနများလူထုကြား၌ရေပန်းမစားသည့်အပြင်မေ့လျော့ခြင်းပင်ခံလိုက်ရပေတော့သည်။
ထို့ကြောင့်၁၉၈၈နောက်ပိုင်းမြန်မာအစိုးရနှင့်ဆက်ဆံရေးမကောင်းသောအနောက်တိုင်းသည်မြန်မာလူထုကြားတွင်းသူတို့မီဒီယာများမှတဆင့်သူတို့၏သြဇာကိုတည်ဆောက်နိုင်ခဲ့ကြသည်။၎င်းနှင့်ဆန့်ကျင်စွာပင်မြန်မာစစ်အစိုးရနှင့်ဆက်ဆံရေးကောင်းသောတရုတ်တို့၏မီဒီယာနှင့်၎င်း၏သြဇာသည်လူထုကြားတွင်နတ္တိဖြစ်ခဲ့တော့သည်။
အယူအဆသဘောတရားတခုသည်လူထုကြီးအားလွှမ်းမိုးချုပ်ကိုင်မိသည်နှင့်ကြီးမားသောအင်အားကြီးတရပ်ဖြစ်လာတော့သည်ဟုတရုတ်ကွန်မြူနစ်ခေါင်းဆောင်မော်စီတုန်းကပြောခဲ့သည်။သို့သော်လက်တွေ့တွင်တရုတ်ကွန်မြူနစ်တို့မလုပ်နိုင်ကြ။အနောက်တိုင်းကအားကောင်းမောင်းသန်လုပ်နိုင်ခဲ့ကြသည်။အံ့သြဖွယ်ပင်ဖြစ်ပေတော့သည်။သဘောတရားရေးဦးထိပ်ပန်ဆင်သောကွန်မြူနစ်တို့ဝါဒဖြန့်ချိရေးတွင်
အရင်းရှင်ဟုဆိုသောအနောက်တိုင်းကိုမမှီခဲ့ပေ။မြန်မာပြည်နှင့် ပတ်သက်၍အခြေခံရပ်တည်မှုလည်းမတူခဲ့ကြ၍ဖြစ်သည်။
အရင်းရှင်ဟုဆိုသောအနောက်တိုင်းကိုမမှီခဲ့ပေ။မြန်မာပြည်နှင့် ပတ်သက်၍အခြေခံရပ်တည်မှုလည်းမတူခဲ့ကြ၍ဖြစ်သည်။
ထိုအနောက်တိုင်းမီဒီယာများမည်မျှအားကောင်းလာပြီးလူထုအပေါ်သြဇာသက်ရောက်လာမှုကြောင့်အစိုးရပိုင်သတင်းစာများရုပ်မြင်သံကြားအစီအစဉ်များ၌ BBC VOA RFA DVB သတင်းဌာနများကိုလေလှိုင်းကြားမှလူသတ်သမားများအဖြစ်နေ့စဉ်တိုက်ခိုက်ခဲ့ရသည်အထိဖြစ်ခဲ့ပေသည်။
တရုတ်တို့ကား၂၀၁၁မြစ်ဆုံစီမံကိန်းရပ်ဆိုင်းခံရပြီးနောက်အိပ်မက်မှနိုးထလာပြီး၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲအပြီး၌မြန်မာအရေးနှင့်ပတ်သက်ပြီးတရုတ်တို့ပြောင်းလဲချိန်တန်ပြီဆိုသည်ကိုကောင်းစွာသဘောပေါက်သွားပုံရသည်။မြစ်ဆုံစီမံကိန်းလက်ပတောင်းတောင်စီမံကိန်းတို့နှင့်ပတ်သက်ပြီးမြန်မာလူထု၏ပြင်းပြင်းထန်ထန်ဆန့်ကျင်မှုကလည်းတရုတ်တို့အတွက်အချက်ပေးခေါင်းလောင်းများဖြစ်ကြသည်။
တရုတ်တို့၏အပြောင်းအလဲတွင်မီဒီယာများလည်းပါသည်။၂၀၁၅ထဲတွင်ရှင်ဟွာမြန်မာသတင်းဌာန၏သတင်းတင်ဆက်မှုသိသိသာသာစတင်ပြောင်းလဲလာသည်။လူထု၏စိတ်ဝင်စားမှု စတင်ရရှိသည်။တရုတ်တို့၏ Globles Times ကလည်းပညာရှင်ဆန်သောသုံးသပ်ချက်ထူးခြားသည့်သတင်းတင်ဆက်မှုများကြောင့်မြန်မာပြည်မှသတင်းသမားများပညာရှင်များ နိုင်ငံရေးဝေဖန်သုံးသပ်သူများစိတ်ဝင်စားမှုရရှလာသည်ဟုဆိုရမည်။သို့သော်ဘေကျင်းအသံကတော့နောက်တွင်ကျန်နေဆဲဖြစ်သည်။
သို့သော်နှစ်ပေါင်းများစွာမြန်မာလူထုကြားအခြေကျနေသောအနောက်တိုင်းမီဒီယာများနှင့်ယှဉ်နိုင်ရန်တရုတ်တို့များစွာကြိုးစားရုန်းကန်အားထုတ်ရန်လိုနေပေသေးသည်။ မီဒီယာတခု၏အရှိန်သြဇာဂုဏ်သိက္ခာသည်လူထုကြားတွင်ကြီးစွာသက်ရောက်မှုရှိပေရာတရုတ်တို့အနေနှင့်၎င်းတို့၏မီဒီယာသြဇာသက်ရောက်မှုရှိရန်အနောက်တိုင်းမီဒီယာများနှင့်ယှဉ်နိုင်ရန်မြန်မာလူထု၏စိတ်ဝင်စားအလေးထားမှုရရန်အရှိန်ဟုန်ပြင်းပြင်းနှင့်အခြေခံမှစ၍ပြောင်းလဲသွားမှသာဖြစ်နိုင်ပေလိမ့်မည်။တရုတ်တို့မည်မျှစွမ်းဆောင်နိုင်မည်ကိုစောင့်ကြည့်ရပေအုံးမည်။
လက်ရှိအချိန်တွင်မတော့တရုတ်မီဒီယာများများစွာခြေလှမ်း နောက်ကျကျန်ခဲ့သည်ဟုဆိုရမည်။