Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဇော်ထက်(ပျဉ်းမနား) - “အကောင်းဆုံး ခရစ်စမတ်လက်ဆောင်”

$
0
0

ဇော်ထက်(ပျဉ်းမနား) - “အကောင်းဆုံးခရစ်စမတ်လက်ဆောင်
(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၁၅

ဂျွန်တယောက်အမောဖောက်ပြီးတော့ကျွန်တော်အလုပ်လုပ်တဲ့ဆန်းဒါးလန်းဆေးရုံကိုရောက်လာခဲ့ပါတယ်။သူကအသက်၅၀စွန်းစွန်းပဲရှိပါသေးတယ်။အသက်၅၀ဆိုတာကကျွန်တော်တို့နှလုံးဌာနမှာလာရောက်ပြီးဆေးကုသခံရတဲ့လူနာတွေထဲမှာအသက်၇၀-၈၀တွေကများတော့လူလတ်ပိုင်းလို့ပြောရမှာပါပဲ။ဆေးရုံတက်တဲ့နေ့တုန်းကဆိုရင်သူကတော်တော်လေးအသည်းအသန်ဖြစ်ခဲ့တာပါ။

ဂျွန် ဆေးရုံတက်တက်ခြင်းရင်ခေါင်းဓာတ်မှန်ရိုက်တော့နှလုံးကကြီးနေပြီးအဆုတ်ထဲမှာလည်းရေလွှမ်းနေပါတယ်။အက်ခိုးနှလုံးအသံလှိုင်းလွန်ကြည့်စက်နဲ့ကြည့်လိုက်တော့နှလုံးကအတော်လေးအားနည်းနေပါတယ်။နှလုံးညှစ်အားဟာ၅၅%နဲ့အထက်ရှိရင်ညှစ်အားကောင်းတယ်လို့ဆိုနိုင်ပြီးဂျွန်ရဲ့နှလုံးညှစ်အားက၁၅% လောက်ပဲရှိပါတယ်။နှလုံးညှစ်အား၃၀- ၃၅ %ထက်နည်းနေရင်တော့အခြေအနေကမကောင်းပါဘူး။နှလုံးကကောင်းကောင်းအလုပ်မလုပ်တော့နှလုံးအဆို့ရှင်တွေကလည်းကောင်းကောင်းအလုပ်မလုပ်တော့ပဲမလုံတော့ပါဘူး။အရေးပေါ်ဆေးဝါးတွေနဲ့သူ့အသက်ကိုလုပြီးတော့ကယ်ရပါတယ်။

ဂျွန်ရဲ့ရောဂါရာဇဝင်ကိုကြည့်လိုက်တော့နှလုံးအားနည်းတဲ့တရားခံကိုသွားတွေ့ပါတယ်။ဂျွန်ကနှလုံးရောဂါကုဌာနနှလုံးအားနည်း အထူးကု သူနာပြုဆရာမလေးခရစ်စတင်းကိုရင်ဖွင့်ပါတယ်။သူအသက်၂၅၃၀ဝန်းကျင်လောက်မှာတက္ကသိုလ်ကငယ်ချစ်ဦးနဲ့ကွဲပါတယ်။အချစ်ဦးနဲ့ကွဲကတည်းကဂျွန်တယောက်အရက်ကိုဖိသောက်ပါတယ်။တနေ့ကိုသောက်သင့်တဲ့ပမာနထက်ပိုသောက်ပြီးတခါတလေများများသောက်ပါတယ်။တပါတ်ကိုဝီစကီပုလင်းကတော့အသာလေးပေါ့။ဂျွန်ကရည်းစားတွေနောက်ပိုင်းထည်လဲထားခဲ့ဘူးပေမဲ့သူ့ရည်းစားဦးမွိုင်ရာကိုပဲတမ်းတနေခဲ့ပြီးသူအိမ်ထောင်လည်း မပြုဖြစ်တော့ပါဘူးလူပျိုကြီးပေါ့။မွိုင်ရာရဲ့မိဘတွေကဂျွန်နဲ့သဘောမတူပါဘူး။ဂျွန်ကခင်မင်တတ်ပြီးအပေါင်းအသင်းလည်းပေါပါတယ်။ဒါပေမဲ့သူကအညာသားနယ်ကဆိုတော့ရိုးပါတယ်။ဟိတ်ဟန်မရှိပါဘူး။မွိုင်ရာရဲ့မျိုးရိုးကဆွေကြီးမျိုးကြီးဆိုတော့သူတို့သမီးကိုမီလျံနာလောက်နဲ့ပဲယူစေချင်ပြီးဂျွန်နဲ့ကသဘောမတူပါဘူး။အဲဒီတော့မရရအောင်ခွဲတယ်ပေါ့။ မွိုင်ရာကမီလျှံနာတယောက်နဲ့အိမ်ထောင်ကျသွားပါတယ်။အချစ်ဦးမို့ရူးတယ်ဆိုတာဂျွန်ကသက်သေပါပဲ။

ဂျွန်တယောက်အသည်းကွဲပြီးအလုပ်ထဲမှာပဲသူ့ဘဝကိုနှစ်ပါတယ်။ဒီလိုနဲ့ပဲအသည်းကွဲသမားကြီးဘဝကနေအရက်စွဲပြီးနှလုံးသမားတယောက်ဘဝကိုရောက်ခဲ့တာပေါ့။

''ဂျွန်မင်းအရက်ဖြတ်ရမယ်''

''မဟုတ်ရင်တော့မင်းအသက်ကလပိုင်းလောက်လည်းဖြစ်နိုင်တယ်''

သက်သာလာလို့ဆေးရုံကမဆင်းခင်သူ့ကိုသတိပေးပါတယ်။

နောင်တရနေပုံရတဲ့ဂျွန်က
''ကျိုးစားပြီးတော့အရက်ဖြတ်မယ်''ပြောပါတယ်။

လူနာအများစုဟာအဲဒီလိုပဲပြောပြီးဆက်သောက်လေ့ရှိတာမို့သိပ်တော့မျှော်လင့်ထားလို့မရပါဘူး။ 

ခရစ်စတင်းကတော့''ဂျွန်မင်းနှလုံးသားအသစ်ရှာသင့်ပြီ''ဆိုပြီးနောက်ပါတယ်။ဂျွန်ကသဘောပေါက်သွားပြီးရီပါတယ်။ 

ဂျွန့်ကိုကြည့်ရင်းငယ်စဉ်တုန်းကအတူနေခဲ့တဲ့ပျဉ်းမနားကအဖွားအိမ်မှာအဖွားရဲ့မွေးစားသားဦးလေးကိုငွေထွန်းကိုသတိရမိပါတယ်။ 

ကိုယ်၁၀တန်းအောင်တဲ့အချိန်ကနေမကောင်းချိန်သူနေတဲ့အိမ်ကလေးကိုသွားပြီးသတိရပါတယ်။အပေါင်းအသင်းခင်ပြီးအရက်ရဲ့သားကောင်ဖြစ်ခဲ့တဲ့ကိုငွေထွန်းခမျာသက်တမ်းမစေ့ရှာပါဘူး။ဆေးသေချာကုတာ မခံရပဲမိသားစုနဲ့ကွဲ၊တယောက်တည်းနေရင်းအသက်၃၀ကျော်မှာဆုံးသွားခဲ့တာပါ။သူ့ရဲ့နောက်ဆုံးနေ့တွေကိုအခုထိမျက်စေ့ထဲမြင်ယောက်ရင်းကိုငွေထွန်းသာယူကေကကျန်းမာရေးစောင့်ရှောက်မှုမျိုးရရင်ဆိုတဲ့အတွေးကဝင်လာမိလို့မနည်းကိုဖြတ်လိုက်ရပါတယ်။ယူကေမှာကလူနာတွေဆေးရုံတက်ရင်ငွေတပြားမှမကုန်ပဲလိုသမျှအစိုးရကပဲအကုန်အကျခံတာမို့အင်္ဂလိပ်လူနာတွေကုပေးရင်းခင်ဗျားတို့လူမျိုးတွေဘယ်လောက်ကံကောင်းသလည်းဆိုတာသိမှာမဟုတ်ဘူးလို့စိတ်ထဲကနေမကြာခဏတီးတိုးပြောတွေး၊မိအားကျမိပါတယ်။

ဂျွန်ဆေးရုံကဆင်းတော့နှလုံးအားနည်းရောဂါအထူးကုသူနာပြုတွေဆီကိုလွှဲလိုက်ပါတယ်။ဆရာဝန်တွေကအရမ်းအလုပ်တွေမနိုင်တော့သူတို့ရှိတာအတော်လေးအားကိုးရပါတယ်။သူတို့ကပဲဆေးတွေကိုလိုတိုး၊ပိုလျော့လုပ်ပြီးသွေးတွေစစ်လေ့ရှိပါတယ်။လိုအပ်ရင်ဆေးရုံကိုပြန်ပြီးဆက်သွယ်မှာပါ။

ဖေဖေါ်ဝါရီလကဆေးရုံကဆင်းသွားတဲ့ဂျွန်ကိုတနေ့ကပဲပြင်ပလူနာဌာနမှာပြန်တွေ့ပါတယ်။အရက်ဖြတ်ထားပြီမို့သူ့မျက်နှာကလည်းမဖောတော့ပဲကြည်လင်နေပါတယ်။

''ဂျွန်ရေမင်းဘယ်လိုနေသေးလဲ၊ နေလို့ကောင်းနေပြီလား''

''ဟုတ်ကဲ့ကျနော်လုံးဝမမောတော့ပါဘူး။ ပုံမှန်လေ့ကျင့်ခန်းလည်းလုပ်ပါတယ်။ အရက်လည်းပြန်မသောက်တော့ပါဘူး''

ကျွန်တော့စားပွဲပေါ်ကကွန်ပြူတာပေါ်မှာပဲသူ့ရဲ့အမည်နဲ့မွေးနေ့ကိုသွင်းပြီးရှာတဲ့အခါမှာသူရိုက်ထားတဲ့အက်ခိုးပုံတွေပေါ်လာပါတယ်။ ဂျွန်ရဲ့နှလုံးကလုံးဝပုံမှန်ပြန်ဖြစ်နေပါပြီ။နှလုံးအဆို့ရှင်တွေကလည်းမလုံတဲ့ဟာတွေမရှိတော့ပါဘူး။

''ဒီမှာတွေ့တယ်မဟုတ်လားဂျွန်၊ မင်းအရက်မသောက်တော့တဲ့အတွက်နှလုံးကကောင်းနေပြီ''ဆိုပြီးအရင်တုန်းကအက်ခိုးပုံတွေနဲ့ယှဉ်ပြီးပြလိုက်ပါတယ်။

''တချို့ဆေးတွေလည်းဖြုတ်လို့ရပြီ၊ မင်းဘဝအသစ်ကိုစနေပြီပေါ့ နှလုံးသားကလည်းအသစ်ဖြစ်နေပြီ''သူ့ကိုသတင်းကောင်းပေးလိုက်ပါတယ်။

ခါတိုင်းဆိုရင်ဆွေးမြေ့မြေ့ဖြစ်နေလေ့ရှိတဲ့ဂျွန်ရဲ့မျက်နှာဟာဝင်းပသွားပါတယ်။

''ကျွန်တော့အတွက်အကောင်းဆုံးခရစ်စမတ်လက်ဆောင်ပဲဆရာရေ''

ကျွန်တော့ကိုဝမ်းသာအားရလက်ဆွဲနှုတ်ဆက်တဲ့ဂျွန်ရဲ့မျက်နှာကိုကြည့်ရင်း သမားဘဝရဲ့ပီတိတွေကလူကိုလွှမ်းခြုံသွားပါတယ်။  အရက်ကြောင့်အချိန်မတန်မီဆုံးပါးခဲ့ရတဲ့မြန်မာပြည်ကဆွေမျိုးမိတ်သင်္ဂဟအပေါင်းကိုလည်းပြန်ပြောင်းသတိရမိပါတယ်။  ဒီစာကိုဖတ်မိလို့အရက်ဖြတ်သူတွေရှိခဲ့ရင်တော့ဒီစာဟာစာရေးသူဆီကရတဲ့''အကောင်းဆုံးခရစ်စမတ်လက်ဆောင်''ဖြစ်မှာပါပဲ။

ဒီစာဖတ်သူတွေခရစ်စမတ်မှာမိသားစုနဲ့အတူပျော်ရွှင်နိုင်ကြပါစေ။


ဇော်ထက်(ပျဉ်းမနား)

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>