သားဝင့်ကျော် - ရှယ်ယာစုံပူပူနွေးနွေးရမယ်
(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၁၅
အကြော်ဗန်းထဲအေးစက်စက်အကြော်သုံးလေးခုနဲ့ပါးစပ်ကအော်သွားတယ်''အကြော်စုံပူပူနွေးနွေးရမယ်''တဲ့ ။ တစ်ရပ်ကွက်လုံးလှည့်ရောင်းတာသူခမျာဝယ်သူမရှိလေတော့.....
Stock exchange အစုရှယ်ယာဈေးကွက်ဖွင့်ပြီတဲ့ ။ ရှယ်ယာစုံပူပူနွေးနွေးရပြီလို့အော်ရောင်းရင်ကောင်းမလားတွေးမိတယ်။
Stick exchange စတော့ဈေးကွက်အစုရှယ်ယာဈေးကွက်တစ်ခုဖြစ်တည်ဖို့အများနှင့်သက်ဆိုင်သောပေးရန် တာဝန်ကန့်သတ်သည့်ကုမ္ပဏီ(Public Limited Company) များများစွာရှိရန်လိုအပ်ပါသည်။
ယင်း ကုမ္ပဏီများရှိယုံနှင့်လည်း မပြီးသေးပါ။ယင်းကုမ္ပဏီများသည်နှစ်ပေါင်းများစွာခိုင်ခိုင်ခံခံဖြောင့်ဖြောင့်မှန်မှန်ပွင့်လင်းမြင်သာစွာရပ်တည်နိုင်ခဲ့သည့်အတိတ်သမိုင်းကြောင်းကောင်းရန်လည်းလိုအပ်ပါသည်။
ထို့အပြင်ယင်းကုမ္ပဏီများကိုဦးဆောင်ဦးရွက်ပြုကြသောဒါရိုက်တာအဖွဲ့ဝင်များသည်ငွေကြေးကြွယ်ဝချမ်းသာသောသူများ တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ကိုတရားမဝင်နည်းလမ်းများဖြင့်ဆက်ဆံ၍အရှိန်အဝါသုံးပြီးဖြစ်လာသောဒါရိုက်တာများမဖြစ်စေရပါ။ ကိုယ်ကျင့်သိက္ခာကောင်းမွန်သောသမိုင်းကြောင်းကောင်းသူများဖြစ်ရန်လိုပါသည်။
အများနှင့်သက်ဆိုင်သော ကုမ္ပဏီများတွင်ဒါရိုက်တာအဖြစ်ပါဝင်ဆောင်ရွက်သောသူတို့သည်မိမိတို့အကျိုးစီးပွားထက်အများအကျိုးကို တတ်နိုင်သမျှဖြည့်စွမ်းလိုသောပုဂ္ဂိုလ်မျိုးဖြစ်ရန်လိုပါသည်။
ယင်းကုမ္ပဏီများသည်ပွင့်လင်းမှု့ရှိရမည့်အပြင်တိကျမှန်ကန်မှု့ ရိုးဖြောင့်မှု့ ရှိရန်လည်းလိုပါသည်။ကုမ္ပဏီ၏လုပ်ငန်းဆောင်တာများကိန်းဂဏန်းစာရင်းဇယားများကိုပြဋ္ဌာန်းထားသောစာရင်းကိုင်စံအခြေခံမူများအတိုင်းရေးဆွဲ၍အများပြည်သူမည်သူမဆိုအကဲဖြတ်ခြင်းခံနိုင်သောကုမ္ပဏီများဖြစ်ရန်လိုပါသည်။
ထို့ကြောင့်အေးစက်စက်အကြော်လေးသုံးလေးခုဖြင့်
''ရှယ်ယာစုံ အဲလေ အကြော်စုံပူပူနွေနွေးရပြီလို့'' ...