Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ တန်ဖိုးနည်းအိမ်ရာနှင့်မြေကွက်များဖော်ဆောင်

$
0
0
ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ တန်ဖိုးနည်းအိမ်ရာနှင့်မြေကွက်များဖော်ဆောင်
ဟန်သစ်နိုင်၊ မိုးမခ၊ ဒီဇင်ဘာ ၂၁ရက်၊ ၂၀၁၅


တန်ဖိုးနည်းအိမ်ရာများနှင့် တန်ဖိုးနည်းမြေကွက်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ၂၀၁၅ခုနှစ် ဒီဇင်ဘာ ၁၅ရက်မှ ၂၂ရက်အထိ လုပ်ဆောင်ပေးလျှက်ရှိသည်။
          စစ်မှုထမ်းဟောင်းများ၊ အရပ်ဘက်မှပင်စင်စားများ၊ ဝန်ထမ်းများ မည်သူမဆို လျှောက်ထားခွင့် ရှိ ကြောင်း၊ စစ်မှုထမ်းဟောင်းများအတွက် တန်ဖိုးနည်းမြေကွက်များကိုလျှောက်ထားခွင့်ရှိပြီး၊ အရက်ဘက်မှ ပင်စင်စားများ၊စစ်ပင်စင်စားများ၊ ဝန်ထမ်းများ မည်သူမဆို တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများ ကို လျှောက်ထားခွင့်ရှိကြောင်း၊ တန်ဖိုးနည်းမြေကွက်အတွက်စစ်ဘက်မှလျှောက်လွှာတင်ရာတွင် လက်ရေးမူ၊ အထောက်အထားခိုင်လုံသောသက်သေစာရွက် စာတမ်းများ ဖြင့် လျှောက်ထားရကြောင်း၊ တန်ဖိုးနည်းတိုက်ခန်းအတွက် လျှောက်လွှာတင်ရာတွင် လျှောက်လွှာတစ်စောင်ကို ကျပ်တစ် ထောင်ဖြင့်ပေး ဝယ်လျှောက်ထားရကြောင်း၊ တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများကို ရွှေပြည်သာမြို့တွင်ရရှိမည်ဖြစ်ကြောင်း   လျှောက်ထားသူများထံမှ သိရသည်။

          “အဖေကတော့ စစ်မှုထမ်းဟောင်းဆိုတော့ လက်ရေးမူနဲ့ လျှောက်လွှာထဲမှာရေးပြီး တင်ရ တယ်၊ မြေကွက်ကတော့ဘယ်နေရာစီစဉ်ပေးမယ်ဆိုတာလည်းမသိသေးဘူး၊ ဘယ်လောက်ကျမယ်ဆိုတာ လဲမသိသေးဘူး၊ တန်ဖိုးနည်း အိမ်ရာကတော့ ရွှေပြည်သာလို့ သိရတယ်၊ လျှောက်လွှာတင်ပြီးပြန်ကျလာရင် တစ်ခန်းကို တန်ဖိုးငွေကျပ် သိန်း ၁၈၀ လက်ငင်းချေရမယ်လို့ကြားတယ်” ဟု လာရောက်လျှောက်ထား သူအမျိုးသမီးတစ်ဦးမှပြောသည်။
          လာရောက်လျှောက်ထားသူများမှာ စစ်မှုထမ်းဟောင်းနှင့် စစ်ပင်စင်စားများ၏သားသမီးများ များပြား ကြောင်းတွေ့ရသည်။
         

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...