Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

တင်မိုး - ဗိုလ်အောင်ကျော်သို့ (ကျောင်းသားများနေ့ အထိမ်းအမှတ် မှ)

$
0
0

တင်မိုး - ဗိုလ်အောင်ကျော်သို့  (ကျောင်းသားများနေ့ အထိမ်းအမှတ် မှ)
(မိုးမခပြန်လည်ဆန်းသစ်) ဒီဇင်ဘာ ၂၁၊ ၂၀၁၅


မြင်းစီးပုလိပ်
ဦးထိပ်ရိုက်ခွဲ၊ ပုံ၍လဲသည်
သွေးရဲသံရဲ လူတယောက်။

လူသာလဲလည်း
မစဲအသံ၊ မိုးမှာညံလျက်
အောင်သံ…ကြွေးသံ…ဟစ်ကြွေးသံ။

အတွင်းဝင်ရုံး၊ ပဲ့ထင်ချုန်းစဉ်
အတုံးအရုံး၊ ကျဆုံးသူကျ
မ,သူ မ,နှင့်၊ မလှမပ
ဒဏ်ရာရကြ။

မွမွထောင်းထောင်း၊ သူ့ဦးခေါင်းလျှင်
ဖြောင်းဖြောင်းကွဲအက်၊ သွေးစိုပွက်လည်း
မျက်ရည်မစီး၊ လက်သီးကျစ်ကျစ်
ထစ်ထစ်အံကြိတ်၊ အနိုင်စိတ်တည့်
မတိတ်နိုင်သော၊ သွေးစက်များ၊

အောင်ကျော် သေသော
မြေငလျင်ကြီး၊ သိမ့်သိမ့်ဟည်း၍
ဝမ်းနည်းစကားဆိုသတည်း။

ဤမြေကမ္ဘာ၊ သွက်သွက်ခါသော
မဟာနိမိတ်၊ အောင်ကျော်စိတ်ကြောင့်
ဖုတ်ပြိတ္တာကောင်၊ သူ့နန်းဆောင်လည်း
ဖြောင်ဖြောင်ဖြုန်းဖြုန်း၊ လဲပြိုဆုံးသည်
ဟုန်းဟုန်းမီးတောက်ခဲ့လေပြီ။

သွေးတုံ့သွေးပြန်၊ သွေးတော်လှန်သည်
သွေးမှန်တစက်ကျခဲ့၍။

လူ့သွေးတစက်၊ အမှန်တွက်ကြောင့်
မြေသက်ခဲ့လျှင်၊ ထိုသွေးစင်သည်
အစဉ်လက်တုံ့ပြန်မြဲတည်း။

ဒီဇင်ဘာလ၊ ဆီးနှင်းကျစဉ်
လွလွပြန့်ကြဲ၊ နှင်းဆုပ်ထဲမှ
သွေးရဲတစက်၊ ကျောက်နီလက်သို့
ပြက်ကနဲလျှင်၊ ကျွန်ုပ်မြင်သည်
လုလင်ကိုယ်ထင်ပြချေပြီ။

(မောင်စွမ်းရည် ပြန်လည်မျှဝေပါသည်)

(Photo - University student Bo Aung Kyaw was killed and dozens of other Burmese demonstrators against colonial rule wounded by police on Sparks Street (now Bo Aung Gyaw St) on December 20, 1938 as they attempted to march around the Secretariat.)

Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>