Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဆန်းဒေး ဖောင်ဒေးရှင်းမှ ဒုတိယအကြိမ်မြောက် သွေးလှူဒါန်း

$
0
0



ဆန်းဒေး ဖောင်ဒေးရှင်းမှ ဒုတိယအကြိမ်မြောက် သွေးလှူဒါန်း
ရန်နောင်(ဗိုလ်တထောင်)၊  မိုးမခ။ ဒီဇင်ဘာလ ၂၂၊ ၂၀၁၅


     ဆန်းဒေးဖောင်ဒေးရှင်း၏ ဒုတိယအကြိမ်မြောက်သွေးလှူဒါန်းပွဲကို ရန်ကုန်မြို့  ရွှေတိဂုံဘုရားလမ်းရှိ အမျိုးသားသွေးလှူဘဏ်တွင် ဒီဇင်ဘာလ ၂၀ ရက် (တနင်္ဂနွေနေ့) ၊ မနက် (၉) နာရီတွင် ပြုလုပ်ခဲ့သည်။
    အဆိုပါသွေးလှူဒါန်းပွဲတွင် ရှေးဦးစွာ ဆန်းဒေးဖောင်ဒေးရှင်းမှ ဦးထွန်းထွန်းမှ  ဆန်းဒေးဖောင်ဒေးရှင်း ဖွဲ့စည်းဖြစ်ပုံနှင့် သွေးလှူဒါန်းဖြစ်ရခြင်းအကြောင်းများ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  စာနယ်ဇင်းမီဒီယာများကိုယ်စား ဦးအောင်သျှံဝိုင်း မှ မုဒိတာစကားပြောကြားခဲ့သည်။
    ဆက်လက်၍ သွေးလှူဘဏ် ညွှန်ကြားရေးမှူး ဒေါက်ာတာသီတာအောင်မှ သွေးလှူဒါန်းခြင်းနှင့် ပတ်သက်၍လည်းကောင်း၊သွေးလှူဒါန်းသူများအားကျေးဇူးတင်စကားများပြောကြားခဲ့သည်။



    ဆန်းဒေးဖောင်ဒေးရှင်းသည် စေတနာသဒ္ဒါတရားထက်သန် အရင်းခံဖြင့် အလှူအတန်း ပြုလုပ်လိုသည့် ဝန်ထမ်းများကို အသိအမှတ်ပြုသောအားဖြင့် လိုအပ်သလို ကူညီနိုင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
          ဖောင်ဒေးရှင်းအနေဖြင့် ကုမ္ပဏီဝန်ထမ်းများ ၊အခြားအဖွဲ့အစည်းများနှင့် ရုံးဌာနများ ၊ အခြားမည်သည့်ဌာနများတွင် အလှူငွေများ ပုံမှန် (သို့) အခါအားလျော်စွာ ကောက်ခံမည် မဟုတ်ပဲ  ကုသိုလ်ယူ၍ အလှူငွေ ထည့်ဝင်လိုပါက စာရင်းဇယားဖြင့် လက်ခံပေးသွားမည်ဖြစ်သည်။ လက်ခံရရှိသော အလှူငွေများကို စာရင်းဇယားဖြင့် လက်ခံပေးသွားမည်ဖြစ်ပြီး လက်ခံရရှိသောအလှူငွေများကို ဆန်းဒေးဖောင်ဒေးရှင်း ဘဏ်နံပါတ် (လှိုင်သာယာ- ဧရာဝတီ ဘဏ်တွင် အပ်နှံထားမည် ဖြစ်သည် )။ ဘဏ်အကောင့်နံပါတ်မှာ - 0067 2050 1009 4542 ဖြစ်ကြောင်းလည်း ဦးထွန်းထွန်း မှ ပြောကြားခဲ့သည်။

Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>