Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ကြည်အောင် - အောင်ကျော်၏မိခင်သို့

$
0
0

ကြည်အောင် - အောင်ကျော်၏မိခင်သို့
(မိုးမခပြန်လည်ဆန်းသစ်) ဒီဇင်ဘာ ၂၃၊ ၂၀၁၅

မိခင်တိုင်းသည်…
ကျောက်ရိုင်းဖြတ်ထစ်၊ ပန်းပုဆစ်သို့
သားချစ်နုနယ်၊ ပုခက်ခြင်းနှင့်
ဖန်ဖင်းပို့ဆောင်ပေးခဲ့သည်…။

မိခင်တို့သား၊ အရွယ်လားသော်
ကြွက်သားဖုထစ်၊ လုံးဖန်ကျစ်ကာ
အားသစ်လက်မောင်၊ တူတချောင်းနှင့်
ဘုံကျောင်းရိပ်ညို၊ တက္ကသိုလ်ကို
မိုးထိုးလုနီးဆောက်နိုင်သည်…။

မိခင်တို့သား၊ အရွယ်လားသော်
စပါးသိင်္ဂီ၊ ပထဝီ၌
မြေဆီထွန်ယက်စိုက်နိုင်သည်…။

မိခင်တို့သား၊ အရွယ်လားသော်
တေးသွားပီပြင်၊ သံချုလွင်သည့်
အလင်္ကာခန်း၊ ပုလဲပန်းကို
အဆန်းတကြယ်သိနိုင်သည်…။

စက်မှုလက်မှု၊ အနုပညာ
လင်္ကာပန်းချီ၊ ပန်းသီစရွယ်
ကျောင်းသားငယ်တို့…
မြိုင်လယ်ကျက်စား၊ တောငှက်များနှယ်
ခွန်အားပညာရှာဆဲခါ…။

သူယုတ်မုဆိုး၊ လက်နက်ကိုးကား
လေးကြိုးညို့ထား၊ ဆိပ်လူးမြှားနှင့်
တအားပစ်ခတ်၊ တောငှက်သတ်၏…။

ပိတောက်ရွက်လည်း…
သွေးစက်စွန်းထင်၊ စိမ်းနီလွင်၏
မြေပြင်မြက်ခင်း၊ ကျောင်းတော်ဝင်းဝယ်
သွေးခြင်းခြင်းနီခဲ့တကား…။

သားချစ်နုနယ်၊ ပုလုငယ်ကို
ကမ္ဘာနယ်တွင်း၊ ပုခက်ခြင်းနှင့်
ဖန်ဆင်းပေးပို့၊ မိခင်တို့သည်
ရင်ဆို့မျက်ရည်ပြိုင်ရှားတကား…။

သွေးနီစွန်းကွက်၊ ပိတောက်ရွက်နှင့်
ဦးထက်ကော်ရော်၊ ဒို့ပူဇော်သည်
အောင်ကျော်မိခင်များသို့တကား…။

Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>