Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မောင်မောင်စိုး - ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီတို့ အလေးထားဂရုပြုသင့်သည့် ဝေဖန်ချက် ၂ ခု

$
0
0

မောင်မောင်စိုး - ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့ အလေးထားဂရုပြုသင့်သည့်ဝေဖန်ချက်ခု
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၁၅

နိုင်ငံရေးပါတီတရပ်နှင့်ယင်းပါတီ၏ခေါင်းဆောင်များကိုလူထုကဝေဖန်ကြသည်မှာထူးဆန်းသည့်အချင်းအရာမဟုတ်သကဲ့သို့ရှောင်လွှဲ၍ရသည့်အရာမျိုးလည်းမဟုတ်ပါချေ။ NLD ကဲ့သို့အစိုးရဖွဲ့နိုင်သည်အထိရွေးကောက်ပွဲတွင်အနိုင်ရသည့်ပါတီတရပ်အဖို့ပို၍ပင်ဝေဖန်မှုများကိုကြုံရပေမည်။အပင်မြင့်လေလေတိုက်ခံရလေမဟုတ်ပါလော။

လူထုကို ကိုယ်စားပြု၍လူထုအားရှေ့ဆောင်ရှေ့ရွက်ပြုမည့်နိုင်ငံရေးပါတီတရပ်အဖို့ဝေဖန်ရေးများသည်ကြောက်စရာမလိုသလိုဝေဖန်ရေးများကိုလက်ကမ်းပင်ကြိုဆိုရမည်ဖြစ်သည်။သို့မှသာလာမည့် NLD အစိုးရသည်လူထုအသံကိုကိုယ်စားပြုလူထု၏ကြပ်မတ်မှုကူညီမှုဝိုင်းရံမှုများဖြင့်တဟုန်ထိုးရှေ့သို့ဆက်လှမ်းနိုင်ပေမည်။ NLDကိုဝိုင်းရံသည်ဆိုရာ၌ NLD လုပ်ဆောင်ချက်များကိုထောက်ခံလိုက်ပါဆောင်ရွက်ရုံနှင့်မပြီးပေအပြုသဘောဖြင့်ဝေဖန်ထောက်ကူရန်လည်းလိုအပ်ပေသည်။

သို့ရာတွင်အပြုသဘောဖြင့်ဝေဖန်ရေးနှင့် NLD အားပစ်တင်ရှုံ့ချတိုက်ခိုက်နေမှုများကိုတော့သေချာစွာခွဲခြားဘို့တော့ လိုသည်။လက်ရှိအချိန်တွင် NLD အားဆန့်ကျင်နေသူများစစ်အာဏာရှင် စနစ်အားတွယ်ကပ်နေသူများကလည်း NLD အားရတဲ့နည်းဖြင့်တိုက်ခိုက်နေပေရာရှုတ်ထွေးမှုတော့အတန်ငယ်ရှိသည်ဟုဆိုရမည်။မည်သို့ပင်ရှုတ်ထွေးစေကာမူ NLD အဖို့ဝေဖန်မှုများကို  ရှောင်လွှဲ၍မရနိုင်ပေ။အချို့အားလစ်လျူရှုအချို့အားမှမှန်ကန်ကန်တုန့်ပြန်အချို့အားအလေးထားဂရုပြု၍ဖြတ်သန်းရမည်သာဖြစ်ပေသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ

ပထမအချက်မှာ၂၀၁၆ဇန္နဝါရီ၁၂ရက်နေ့တွင်ကျင်းပမည့်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနှင့်ပတ်သက်၍ဖြစ်သည်။

၎င်းညီလာခံကို၂၀၁၅ဒီဇင်ဘာ၁၅ရက်နေ့ကရေးဆွဲပြီးသောနိုင်ငံရေးမူဘောင်များအခြေခံကာဆွေးနွေးကြမည်ဟုဆိုသည်။၂၀၁၅ဒီဇင်ဘာ၁၈ရက်နေ့သမတဦးသိန်းစိန်ထုတ်ပြန်ချက်အရ  ၎င်းညီလာခံကိုအမျိုးသားပြန်လည်သင့်မြတ်ရေးလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးနိုင်ငံရေးပြသနာများကိုနိုင်ငံရေးနည်းလမ်းများဖြင့်ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက်ရည်ရွယ်သည်ဟုဆိုသည်။

အမှန်ပင်ဤညီလာခံသည်တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခပြသနာကိုဖြေရှင်းရန်ကြိုးပမ်းသည့်ညီလာခံဖြစ်သည်။သို့သော်နိုင်ငံရေးမူဘောင်ရေးဆွဲစဉ်က NCA လက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့သာပါရှိပြီးလက်ရှိ အစိုးရနှင့်လက်နက်ကိုင်တိုက်နေသည့် အင်အား ၂၀%သာရှိသည်။ကျန်လက်နက်ကိုင်အင်အား၈၀% ကိုကိုယ်စားပြုသူတို့မပါချေ။လာမည့်ညီလာခံတွင်လည်း NCA လက်မှတ်မထိုးသည့် အဖွဲ့များပါဝင်နိုင်ခြင်းရှိမရှိမသေချာသေးပေ။သို့ဖြစ်ရာတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အများစုကိုကိုယ်စားပြုသူများမပါဘဲပြသနာကိုဖြေရှင်း၍ရနိုင်ပါမည်လောဆိုသည်မှာစဉ်းစား
ဖွယ်ဖြစ်သည်။ထို့ပြင်ထိုအဖွဲ့များမပါဘဲထွက်လာသည့်ညီလာခံဆုံးဖြတ်ချက်များကိုထိုအဖွဲ့များအားနာခံခိုင်း၍ဖြစ်နိုင်ပါမည်လောဆိုသည်မှာလည်းစဉ်းစားဖွယ်ဖြစ်သည်။

သို့သော်သမတဦးသိန်းစိန်အစိုးရကတော့သူတို့လိုချင်သည်ပုံအတိုင်းသွားရန်စိတ်အားထက်သန်နေပုံရသည်။ပြသနာကိုအရင်းမြစ်ကဖြေရှင်းနိုင်မနိုင်ကပြသနာတခုလက်ရှိအစိုးရသက်တမ်းတွင်သူတို့လုပ်ချင်သည့်ပုံစံအတိုင်းလုပ်သည်က ပြသနာတခုဖြစ်နေသည်ဟုဆိုရမည်။

လက်ရှိကျင်းပမည့်ညီလာခံကိုယ်စားလည်အရေအတွက်သည်ပင်အငြင်းပွါးဖွယ်ရာဖြစ်နေသဖြင့်NLD ၏ကြားဝင်ပေးမှုအရအစိုးရက၇၅လွှတ်တော်၇၅စစ်တပ်၁၅၀တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၁၅၀နိုင်ငံရေးပါတီ၁၅၀လက်နက်မကိုင်သည့်တိုင်းရင်းသားပါတီ၅၀အခြားဖိတ်ကြားသင့်သူ၅၀စုစုပေါင်း၇၀၀တက်ရောက်မည်ဟုဆိုသည်။

 ဤတွင် SNLD ခေါင်းဆောင်တဦးဖြစ်သူဦးခွန်ထွန်းဦးနှင့် NCA လက်မှတ်မထိုးသေးသည့် KIA ခေါင်းဆောင်တဦးဖြစ်သူဦးဂွမ်မော်တို့ကဤညီလာခံသည်ညောင်နှစ်ပင်ညီလာခံကဲ့သို့ ဖြစ်မည်ကိုစိုရိမ်သည်ဟုဝေဖန်ချက်များထွက်ပေါ်လာပါသည်။ပြီးခဲ့သောညောင်နှစ်ပင်ညီလာခံကျင်းပစဉ်ကလည်းပြည်သူလူထုကရွေးချယ်ထားသောနိုင်ငံရေးပါတီကိုယ်စားလည်များအားမျက်ကွယ်ပြု၍စစ်တပ်မှစိတ်ကြိုက်ရွေးချယ်ထားသော ကိုယ်စားလည်အစုအဖွဲ့များစွာဖြင့်၂၀၀၈အခြေခံဥပဒေဆိုသည်ကိုရေးဆွဲအတည်ပြုခဲ့ကြသည်။ အမှန်တကယ်နိုင်ငံရေးပြသနာကိုမဖြေရှင်းနိုင်ဘဲမြန်မာပြည်သည်ဖွဲ့စည်းပုံအခြေခံဥပဒေအကြပ်အတည်းဆိုက်ရောက်ကာတိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်နိုင်ခြင်းမရှိသည်မှာလက်တွေ့ပင်ဖြစ်သည်။

အစိုးရသစ်တာဝန်ကိုလွှဲယူမည့် NLD အနေနှင့်ယခင်အစိုးရကောင်းမွေဆိုးမွေကိုလက်ခံရမည်မှာမလွှဲမရှောင်သာဖြစ်သည်။သို့သော်လက်ရှိအခြေအနေတွင်အာဏာလွှဲပြောင်း မယူနိုင်သေးသည့် NLD အဖို့လုပ်ဆောင်ရန် အကန့်အသတ်များစွာရှိနေသည်။

နေပြည်တော်၌လက်ရှိ NCA လက်မှတ်ထိုးထားသည့်အဖွဲ့ဖွဲ့နှင့်တွေ့ဆုံရာတွင်ဒေါ်အောင်ဆန်းစုကြည်ကဆွေးနွေးပွဲတွင်အားလုံးပါဝင်ဖို့လိုကြောင်း NCA လက်မှတ်မထိုးသေးသည့် အဖွဲ့များနှင့်တွေ့ဆုံရန်အစိုးရအဖွဲ့ အာဏာလွှဲပြောင်းရယူပြီးမှသာဖြစ်နိုင်မည်ဖြစ်ကြောင်းပြောဆိုခဲ့ပါသည်။ပြသနာဖြေရှင်းရမည့်အခြေခံအချက်ကိုဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဆုပ်ကိုင်ထားသည်ကိုဖေါ်ပြလိုက်ခြင်းဖြစ်ပေသည်။

NLD အစိုးသစ်အာဏာလွှဲပြောင်းလဲခံရယူနိုင်ပါကယခင်အစိုးရကောင်းမွေဆိုးမွေများကိုလက်ခံလွှဲပြောင်းရယူရမည်မှန်သော်လည်းအရင်အစိုးရဟောင်း လုပ်သလို လိုက်လုပ်ရန်လိုအပ်မည်မဟုတ်ပေ။

သို့သော်လက်ရှိအစိုးရကအာဏာမလွှဲမှီတွန်းလုပ်နေသောတိုင်းရင်းသားပြသနာနှင့်ပတ်သက်ပြီးတိုင်းရင်းသားခေါင်းဆောင်တို့၏ပူပန်မှုကို NLD အနေနှင့်အလေးထားဂရုပြုသင့်သသည်။ NLD အနေနှင့်မဟာမိတ်တိုင်းရင်းသားပါတီများ နှင့်တွေ့ဆုံရန်ကတိကဝတ်ရှိပြီးဖြစ်သည်။သို့သော်မအားလပ်မှုများကြောင့်ယနေ့တိုင်မတွေ့နိုင်သေးပေ။မည်သို့ပင်မအားလပ်သည်ဖြစ်စေ၂၀၁၆ဇန္နဝါရီ၁၂ရက်ညီလာခံမကျင်းပမှီ NLD အနေနှင့် SNLD၊  ANP စသည့်တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံရန်လိုအပ်ပေလိမ့်မည်။ဤသို့ဖြင့်မဟာမိတ်တိုင်းရင်းသားပါတီများအားအလေးထားဂရုပြုရာရောက်သကဲ့သို့စစ်အာဏာရှင်စနစ်ကိုအတူလက်တွဲတိုက်ပွဲတိုက်ပွဲဝင်လာသောတိုင်းရင်းသားပါတီများနှင့်အခြေခံတူညီသည့်နိုင်ငံရေးအမြင်သဘောထားများကိုညိနှိုင်းရယူနိုင်ပေလိမ့်မည်။

NLD မှသတင်းရယူမှု

လက်ရှိမြန်မာမီဒီယာလောကတွင်လူပြောများနေသောပြသနာမှာ NLD မှသတင်းရယူသည့်ပြသနာဖြစ်သည်။အထူးသဖြင့်ရွေးကောက်ပွဲအလွန်ကာလတွင် NLD သတင်းများရယူရန်ကြိုးစားကြသည့်သတင်းသမားများစွာညည်းငြူကြသည့်ပြသနာဖြစ်သည်။

NLD အနေနှင့်ပြောရေးဆိုခွင့်ရှိသူများထားရှိ၍သတင်းများထုတ်ပြန်သည်ဆိုသော်လည်းအချိန်နှင့်တပြေးညီထွက်ပေါ်လာသည့်သတင်းများကိုမေးမြန်းအတည်ပြုရန်ခက်ခဲနေသည်ဟုတင်းသမားအားလုံးလုံးကဆိုကြသည်။သတင်းသမားတစ်ဦးကတော့လက်ရှိ NLD ထံမှသတင်းယူရသည်မှာစစ်တပ်မှသတင်းယူရသည်နှင့်တူနေကြောင်းဆိုသည်။လက်ရှိတွင်စစ်တပ်၌သတင်းထုတ်ပြန်ရေးအဖွဲ့ရှိသော်လည်းသူတို့သတင်းထုတ်ပြန်ချင်သည့်အချိန်၌သာထုတ်ပြန်လေ့ရှိကြပြီးသတင်းသမားများသတင်းအစအနရသည့်အချိန်တွင်မေးမြန်းအတည်ပြု၍ရမည့်သူမရှိသည်ကိုဆိုလိုခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် NLD မှအမတ်များအားသတင်းသမားများနှင့်အင်တာဗျူးလုပ်ခွင့်ပိတ်ထားသည်။ပါတီပေါ်လစီကြောင့်ယာယီပိတ်ထားသည်ကိုနားလည်၍ရသော်လည်း NLD နှင့်ပတ်သက်သည့်အနာဂါတ်ပေါ်လစီခြေလှမ်းမှစ၍လက်ရှိလုပ်ဆောင်နေသည်များကိုသတင်းထုတ်ပြန်ပေးရန်ဖြေကြားပေးရန်လိုအပ်နေသည်ဟုသတင်းသမားများက ယူဆကြသည်။လက်ရှိအကူးအပြောင်းကာလတွင်သတင်းသမားများအနေနှင့်သည်းခံနိုင်သော်လည်းရေရှည်တွင်ဤပုံအတိုင်းမဖြစ်သင့်ဟုသတင်းသမားများကဆိုပါသည်။
သတင်းသမားဆိုသည်မှာသတင်းထူးသတင်းဦးလိုချင်ကြသည်သာဖြစ်သည်။လက်ရှိကာလNLD ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏တွေ့ဆုံမှုလှုပ်ရှားမှုများသည်သတင်းထူးများဖြစ်နေပေရာသတင်းသမားတို့ရယူလိုကြပေသည်။ထိပ်သီး ဆွေးနွေးပွဲအတွင်းပိုင်းဆွေးနွေးချက်များကိုအချိန်မတန်မှီထုတ်ပြန်လေ့မရှိသော်လည်းထိုက်သင့်သည့်ထုတ်ပြန်မှုမျိုးတော့ပြုလုပ်ရန်လိုအပ်ပေမည်။

ပြီးခဲ့သောရက်ပိုင်းအတွင်းကဒေါ်အောင်ဆန်းစုကြည်နှင့်ဦးသန်းရွှေမြေးတွေ့သည့်သတင်းဦးသန်းရွှေနှင့်တွေ့သည့်သတင်းများသည်လူအများစိတ်ဝင်စားသည့်သတင်းများဖြစ်သည်။ထိုသတင်းများကိုမြန်မာသတင်းဌာနများကဦးဦးဖျားဖျား အတည်ပြုထုတ်ပြန်လိုသည်မှာသဘာဝကျပေသည်။သို့သော်နိုင်ငံခြားအခြေစိုက်သတင်းဌာနတခုဖြစ်သော RFA သတင်းဌာနနှင့်ဒေါ်အောင်ဆန်းစုကြည်အင်တာဗျးမှတဆင့်သာအတည်ပြုနေရသည်ကိုမြန်မာသတင်းဌာနများစိတ်ပျက်လက်ပျက် ဖြစ်စေခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။

ပြီးခဲ့သောရွေးကောက်ပွဲကာလက NLDအောင်နိုင်ရေးအတွက်တက်ကြွစွာပံ့ပိုးပေးခဲ့သည့်အနုပညာရှင်များအားဒေါ်အောင်ဆန်းစုကြည်မှခေါ်ယူတွေ့ဆုံဂုဏ်ပြုခဲ့သကဲ့သို့ဆိုက်ကားဆရာများအားလည်းခေါ်ယူတွေ့ဆုံရနှ်စီစဉ်ထားရှိပေသည်။ဂုဏ်ပြုထိုက်သူကိုဂုဏ်ပြုခြင်းသည်မင်္ဂလာတပါးဖြစ်ပါသည်။

အလားတူပင်ရွေးကောက်ပွဲတွင်တက်ကြွစွာပါဝင်ခဲ့သောမြန်မာမီဒီယာများအားလည်းအသိမှတ်ပြုရန်လိုပေသည်။မဲစာရင်းမှန်ကန်မှုရွေးကောက်ပွဲတရားမျှတမှုရှိရေးတို့အတွက်မြန်မာသတင်းသမားတို့တက်တက်ကြွကြွပါဝင်ခဲ့ကြသည်။အပြောင်းအလဲအတွက် NLD ဘက်မှမဲတင်းပေးခဲ့ကြသည်။သတင်းစာဂျာနယ်အားလုံးရဲရဲတောက်နေခဲ့သည်။ပြိုင်ဖက်ကြံ့ခိုင်ရေးပါတီခေါင်းဆောင်မှပင်ဘယ်မီဒီယာမှကျနော်တို့
ဖက်မှာမရှိဘူးဟုဝန်ခံခဲရသည်။ထိုသို့တက်ကြွစွာပါဝင်ခဲ့သောမြန်မာသတင်းမီဒီယာများအားအသိမှတ်ပြုပေးဘို့လိုသည်။ထို့အတွက်မြန်မာသတင်းသမားများလိုအပ်သည်မှာဂုဏ်ပြုပွဲမဟုတ်ပါ။ NLD သတင်းများကိုအချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးဖို့သာလိုအပ်ပါသည်။မြန်မာပြည်တွင်းသတင်းဌာနများအားသတင်းထူးများဦးစားပေးရန်သာလိုအပ်ပါလိမ့်မည်။

ရွေးကောက်ပွဲမဲဆွယ်ကာလကမြစ်ကြီးနားလူထုအစည်းအဝေးတွင်မြစ်ဆုံကိစ္စနှင့်ပတ်သက်ပြီးစာချုပ်ပါအချက်အလက်များကိုလူထုအားချပြပြီးလူထုသဘောထားရယူကာဆုံးဖြတ်သွားမည်ဟုဒေါ်အောင်ဆန်းစုကြည်ကဆိုခဲ့ပါသည်။ဆိုလိုသည်မှာ NLD အစိုးရအနေနှင့်အစိုးရလုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီးလူထုကြားထဲတွင်ချပြသွားမည်ဟုဆိုလိုခြင်းဖြစ်သည်။သို့ဖြစ်ရာရေရှညိတွင် NLD သတင်းထုတ်ပြန်မှုသည်အရေးပါသောကိစ္စတရပ်ဟုဆိုရမည်။

NLD ဗဟိုပြန်ကြားရေးမှမုံရွာဦးအောင်ရှင်ကလည်း NLD သတင်းထုတ်ပြန်မှုလိုအပ်ချက်ကိုအသိမှတ်ပြုပြီး NLD အနေနှင့်အလေးထားဆာင်ရွက်နေသည်ဟုဆိုခဲ့ပါသည်။ ထို့ပြင် NLD ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အနေနှင့်အလုပ်များပြားမှုအရကိုယ်တိုင်သတင်းသမားများနှင့်တွေ့ဆုံရန်အချိန်နဲလာနိုင်ပေရာ NLDသတင်းထုတ်ပြန်ရေးအဖွဲ့ NLD ပြောရေးဆိုခွင့်ရှိသူအပြင်ဒေါ်အောင်ဆန်းစုကြည်၏ပြောရေးဆိုခွင့်ရှိသူတဦးထားရှိရန်လည်းလိုအပ်လာပြီဟုသုံးသပ်ရသည်။လက်ရှိမြန်မာ့နိုင်ငံရေးတွင်ဒေါ်အောင်ဆန်းစုကြည်အားဗဟိုပြုနေရာသူမ၏လှုပ်ရှားပြောဆိုမှုကိုလူထုကအထူးအလေးထားကြသည်။သူမအနေနှင့်လုပ်ငန်းကိစ္စများပြားလာပေရာသူမကိုယ်စားသတင်းထုတ်ပြန်ပေးသူဖြေကြားပေးသူသူမ၏ပြောရေးဆိုခွင့်ရှိသူတဦးလိုအပ်လာပြီဟုဆိုရမည်။

နိဂုံး

ချုပ်၍ဆိုရလျင်လက်ရှိ NLD နှင့်ပတ်သက်၍ဝေဖန်ပြောဆိုမှုများအနက်တိုင်းရင်းသားပြသနာနှင့်သတင်းထုတ်ပြန်မှုပြသနာခုသည် NLDအနေနှင့်အထူးအလေးထားဂရုပြုရမည့်ပြသနာ ရပ်ဟုဆိုရမည်။ထို့ပြင်ထိုပြသနာရပ်သည်ရေရှည်တွင်ဂရုစိုက်လုပ်ဆောင်ရမည့်ပြသနာရပ်ဖြစ်သည်ဟုဆိုရပေမည်။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>