Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဘလက်ခ် - ကိုကြီးသိန်းတို့ရုံမှာပြသွားတဲ့ အရင်တစ်ပတ်က ဇာတ်ကားရဲ့ အဆက်

$
0
0

ဘလက်ခ် - ကိုကြီးသိန်းတို့ရုံမှာပြသွားတဲ့ အရင်တစ်ပတ်ကဇာတ်ကားရဲ့အဆက်
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၁၅

လူမိုက်ခေါင်းဆောင်ကမာသာထရီဇာ
သူ့တပည့်ကမာတင်လူသာကင်း(ဂျူနီယာ)
သူကလက်ဖြောင့်တယ်
နောက်သူတို့လူယုတ်မာဂိုဏ်းမှာအဖွဲ့ဝင်တွေအများကြီး
ကာ့ဖ်ကာ
မာယာကော့ဖ်စကီး
ဘရက်ပစ်
မာလာလာနဲ့
နောက်ဆုံးမှာအဲဖရက်နိုဘယ်
ဒီကောင်တွေသိပ်ရက်စက်ခဲ့တာပေါ့ ...

ဇာတ်လိုက်ကတော့မိုက်တယ်
တစ်ကယ့်အလန်းကြီး
သေနတ်ပစ်တဲ့အခါ
ဘယ်တော့မှ မိုးပေါ်ထောင်မပစ်ဘူး
ဘယ်သူမှားမှားပြည်သူတွေဘက်ကအမြဲရပ်တည်တယ်
သနားကြင်နာစိတ် ရှိတယ်
မိဘပြည်သူများခင်ဗျာဆိုပြီး
မေတ္တာတွေနိုင်းချင်းနဲ့အုပ်ချုပ်တယ်
နိုင်ငံသားတွေရဲ့ပျော်ရွှင်မှုဖန်ခွက်ထဲ
ဂရုဏာတွေတရစပ်ထည့်ပေးတယ်
ဒီရေတက်လာသလိုမျိုး
နိုင်ငံထဲကခွက်အလွတ်တိုင်းဟာလျှံကျ ...

ကံကြမ္မာများဆိုးချင်တော့
ချက်ချင်းဆိုသလိုလူဆိုးဂိုဏ်းက
ကမ္ဘာပေါ်ရောက်ချလာ
ဟဲမင်းဝေးနဲ့ဒဂုန်တာရာပါပါတာပေါ့
အေးအေးနေတဲ့  မြို့သားတွေကိုနှိပ်စက်
သတ်ဖြတ်  ပစ်ခတ်
ငရဲခွေးကြီးလွတ်လာတယ်ဆိုသလို
ဒေဝဒတ်  ဝိုင်းတော်သားများမှဖျက်စီးသွားကြောင်း
အတည်ပြုပြောကြား
ဒီသတင်းကြားကြားချင်းပဲ
ဇာတ်လိုက်တင်းသွားတယ် ...

ငါ့နိုင်ငံသူ 
ငါ့နိုင်ငံသားကွ
အကျယ်ကြီးထပြီးကြုံးဝါးတယ်
ချက်ချင်းဆိုသလိုပဲ  ရရာလက်နက်ထဆွဲ
သေနတ်ဓားတုတ်ကျည်ကာ
အများနဲ့တစ်ယောက်မဟုတ်လား
ဒီလိုဆိုတော့လည်း
နိုင်ငံသားတွေကသူ့အတွက်စိတ်ပူကြတယ် ...

မပူပါနဲ့ဗျ
ဘာရမလဲရွှေဘ
နောက်ဆုံးတော့  ရွှေဘမှရွှေဘ
လှလှပပကြီးအနိုင်ရခဲ့ပလေ
မဝင်းကြည်ရယ်
ခင်ဗျားမလည်းခုချိန်ထိအယုံလွယ်တုန်းကိုး         


Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>