Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

အောင်ဒင် - ကမ္ဘာ နှစ်ခု

$
0
0

အောင်ဒင် - ကမ္ဘာ နှစ်ခု
(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၁၅

ခရစ္စမတ်နေ့ဆိုတာ
မနေ့က ပြီးဆုံးသွားခဲ့တယ်
ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြတဲ့ အထိမ်းအမှတ်တွေကို
နောက် ရက်အနည်းငယ်မှာ ကျရောက်မယ့်
နှစ်သစ်ကူးအတွက် ချန်ထားရစ်ကြတယ်
အဲဒီလို ...
ခန်းနားမှုတွေကို လက်ဆင့်ကမ်း
နှင်းဆီတွေ ယုံယုံကြည်ကြည်ပွင့်တဲ့ ပန်းခင်းထဲမှာ
ချစ်သူတို့ရဲ့ လတ်ဆတ်တဲ့အနမ်းတွေနဲ့
ကမ္ဘာ
တစ်ခုဟာ ဝင်းလက်လို့၊ တောက်ပလို့…။

အမြောက်သံ၊ ဗုံးသံတွေကြားက
ဒုက္ခသည်စခန်းတစ်ခုမှာတော့
ခရစ္စမတ်နေ့ကို
ကျင်းပဖို့ အခွင့်အရေးမရှိ
လှလှပပတွေ ဆင်ယင်ဖို့ဝေးလို့
တရားပေးမယ့် ဓမ္မဆရာတောင်မရှိ
မလိုချင်ပဲ ရခဲ့တဲ့ဒုက္ခတွေကိုပဲ
မခိုင်မာတော့တဲ့ ပုခုံးများပေါ်မှာ ဆက်ထမ်း
ငြိမ်းချမ်းရေးနဲ့ ဝေးနေရဦးမယ့်
နောက်တစ်နှစ်ကို အလိုလိုရောက်
လူသားတစ်စုရဲ့ မျှော်လင့်ချက်တွေဟာ
ကမ္ဘာ
တစ်ခုမှာ နာကျင်စွာ ပျောက်ဆုံးလို့…။ 


(ဒီဇင်ဘာလ ၂၅ ရက်၊ ၂၀၁၅)

Photo credit - http://fineartamerica.com/featured/white-christmas-tree-teresa-ascone.html 

Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>