Quantcast
Viewing all articles
Browse latest Browse all 9633

ညွန့်ထွေး - အောင်ပင်လယ်၊ စောရဘဏ္ဍာအိတ် သော့ပိတ်ခဲ့သူများ၊ ကာတွန်းနိုင်ငံတော်သစ်ဆီသို့…

ညွန့်ထွေး - အောင်ပင်လယ်၊ စောရဘဏ္ဍာအိတ် သော့ပိတ်ခဲ့သူများ၊ ကာတွန်းနိုင်ငံတော်သစ်ဆီသို့…
(မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၁၅
 
Image may be NSFW.
Clik here to view.
 
● အောင်ပင်လယ် မဂ္ဂဇင်း

နှစ်လ တစ်ကြိမ်ထုတ် အောင်ပင်လယ်ဟာ ဒီလမှာ အုပ် ၅ဝ မြောက်အဖြစ် ထွက်လာပါပြီ။

အုပ်ငါးဆယ်မြောက် အထူးထုတ်အဖြစ် ထွက်လာတဲ့ အောင်ပင်လယ်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရှုထောင့်ကနေ ရေးဖွဲ့တဲ့ အက်ဆေး၊ ကဗျာ၊ ဝတ္တုတိုတွေ ပါဝင်သလို ဆောင်းပါး အင်အားကလည်း ကောင်းလှပါတယ်။ ကလောင်ရှင်တွေ ကတော့ ကလောင်ငယ်တွေအ အစ၊ သတင်းသမားတွေ အလယ်၊ အထင်ကရ ဝါရင့်များလည်း အုံနဲ့ကျင်းနဲ့ ပါဝင်တာ တွေ့ရမှာပါ။ စလင်း၊ ဟားခါး၊ မန္တလေး အစရှိတဲ့ မြို့တွေအကြောင်း ဖတ်ရမှာ ဖြစ်သလို မြစ်၊ လေထု၊ သစ်တော၊ ရေ၊ စွမ်းအင် အစရှိတဲ့ အကြောင်းအရာတွေလည်း ဖတ်ရပါမယ်။ ကလောင်စုံက အထွေထွေသောအကြောင်းအရာများကို စာပေပုံစံ မျိုးစုံနဲ့ ရေးဖွဲ့ထားတာ ဖြစ်တာကြောင့် အစအဆုံး ဖတ်လိုသူတွေအတွက် အဆင်ပြေသလို  နှစ်သစ်ရာကို ရွေးချယ်ဖတ်မယ့်သူတွေအတွက်လည်း အဆင်ပြေပါလိမ့်မယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလောကအတွက် သတင်းကောင်းကတော့ အောင်ပင်လယ် ဆိုတဲ့ မဂ္ဂဇင်းတည်ရှိနေခြင်း ပါပဲ။ သတင်းဆိုးကတော့ အုပ် ၅ဝ မြောက် ထွက်ပြီးရင် မဂဇင်းထုတ်လုပ်မှုကို ခေတ္တ ရပ်နားထားမယ်လို့ အယ်ဒီတာ့စကားမှာ ရေးထားခြင်း ဖြစ်ပါတယ်။

အယ်ဒီတာအဖွဲ့က  အောင်ပင်လယ် ဆက်လက် ထုတ်ဝေဖို့အတွက် ရန်ပုံငွေ ရှာဖွေနေဆဲဖြစ်တယ်လို့ စုံစမ်း သိရပါတယ်။

စာမျက်နှာ ၂ဝဝ၊ ကျပ် ၂,၅ဝဝ၊  စိမ်းလန်းကမ္ဘာ

---------------------------------------------

Image may be NSFW.
Clik here to view.

● စောရဘဏ္ဍာအိတ် သော့ပိတ်ခဲ့သူများ
မောင်လွင်မွန် (ကသာ)


ရန်ကုန်မြို့က ဘဏ်တွေကို လက်နက်ပြပြီး ငွေသန်းပေါင်းများစွာ ထုတ်ယူသွားတဲ့အမှု ၁၉၈၈ မှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီအကြောင်းတွေနဲ့ ၁၉၈၈ ခုနှစ် လူထု အုံကြွမှုကာလ ဘဏ်ဝန်ထမ်းတို့ရဲ့ လူမသိ သူမသိ အဖြစ်အပျက်တွေကို ဒီစာအုပ်မှာ ဖော်ပြထားပါတယ်။ ဆောင်းပါး အမှတ်စဉ် ၅ နိဒါန်းပိုင်းမှာတော့ "အစိုးရ၏ ဘဏ္ဍာငွေမှန်သမျှနှင့်  အာဏာပိုင်အသိုင်းအဝိုင်း၏ ဘဏ်တွင် အပ်ထားသမျှ ငွေစာရင်းမှန်သမျှမှာ ကျွန်တော်တို့လက်ထဲတွင် ရှိနေခဲ့သည်"လို့ ဖော်ပြထားပါတယ်။ အဲဒီခေတ် အစိုးရခေါင်းဆောင် တစ်ဦးချင်းရဲ့ ပုဂလိက ငွေစာရင်းများဟာ  မတရားလုပ်ပိုင်ခွင့်၊ မလျော်သြဇာ၊ အထူးအခွင့်ထူးခံမှုများ ကနေ ရရှိတဲ့ အကျိုးအမြတ် အသီးအပွင့်များ ဖြစ်တဲ့အတွက် အဲဒါတွေဟာ "စောရဘဏ္ဍာများ"ဖြစ်တယ် လို့ စာရေးသူက ဆိုပါတယ်။ သူတို့တွေ စောရဘဏ္ဍာအိတ်ကို ဘယ်လို သော့ပိတ်ခဲ့တယ်ဆိုတာကို ဒီစာအုပ်မှာ အသေးစိတ် ရေးထားပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂ဝ ကျော်က မြန်မာပြည်ရဲ့ အရေးကြီးဖြစ်ရပ်တွေထဲက အများအပြားကို ဒီစာအုပ်မှာ တွေ့ရပါမယ်။

စောရဘဏ္ဍာအိတ် သော့ပိတ်ခဲ့ပုံတွေဟာ ခေတ်ရနံ့ မဂ္ဂဇင်းမှာ အခန်းဆက် လ ၂ဝ တိုင်တိုင် ရေးခဲ့တဲ့ ဆောင်းပါးများ ဖြစ်ပါတယ်။ အခုတော့ တစ်စုတစ်စည်းတည်း ပေါင်းလိုက်ပါပြီ။ အဲဒါတွေအပြင် Right Time ဂျာနယ်မှာ ပါဝင်ခဲ့တဲ့ နောက်ဆက်တွဲ ဆောင်းပါး ၅ ပုဒ်တို့ကို စုစည်းထားတဲ့ စာအုပ်ပါ။  လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ မောင်လွင်မွန် (ကသာ) ဟာ  အထိန်းသိမ်းခံရပြီးနောက်ပိုင်း ဘဏ်လုပ်ငန်း၊ စာပေလောကတို့မှာသာ ရှိရာကနေ အခုတော့ နိုင်ငံရေးနယ်ထဲကိုလည်း ရောက်လာပါပြီ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ပုဇွန်တောင် မဲဆန္ဒနယ်မြေကနေ ရွေးချယ်ခံရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦး ဖြစ်လာပါတယ်။

၂၉၈ မျက်နှာ၊ ကျပ် ၃,၅ဝဝ၊  ရွက်စိမ်းစာပေ
---------------------------------------

Image may be NSFW.
Clik here to view.

● ကာတွန်းနိုင်ငံတော်သစ်ဆီသို့…
မောင်မောင်ဖောင်တိန်


ကာတွန်းဆရာမောင်မောင်ဖောင်တိန်ရဲ့ လက်ရာတွေကို အင်တာနက်စာမျက်နှာမှာ အများအပြား တွေ့ရသလို ဂျာနယ် တချို့မှာလည်း တွေ့ရပါတယ်။ သူ့လက်ရာတွေကို လေ့လာလိုက်ရင် သူဟာ မြန်မာပြည်ရဲ့ အရေးကြီးဖြစ်ရပ်တွေကို မျက်ခြေမပြတ် စောင့်ကြည့်နေသူတစ်ယောက်ဖြစ်မှန်း သဘောပေါက်ပါလိမ့်မယ်။ လှုပ်လှုပ်ရှားရှား ဖြစ်ရပ်တစ်ခု ပေါ်ပေါက် လာချိန်မှာပဲ အဲဒီဖြစ်ရပ်နဲ့ ဆက်နွယ်တဲ့ သူ့ရဲ့ကာတွန်းက အင်တာနက်ထဲ ချက်ချင်း ရောက်လာတတ်၊ ဂျာနယ် တွေမှာ ပါလာတတ်ပါတယ်။ အခုတော့ သူ့ရဲ့ ကာတွန်းလက်ရာအများအပြား စာအုပ်အဖြစ် ထွက်လာပါပြီ။ ရယ်မောစရာများ ဖြစ်ပေမယ့် ရင်မောစရာတွေလည်း ပါဝင်တဲ့ ကာတွန်းများ စုစည်းမှု ဖြစ်ပါတယ်။

စာနယ်ဇင်းကာတွန်း ၁၆၁ ပုဒ် ထည့်သွင်းထားတဲ့ ဒီစာအုပ်မှာ သဘာဝဘေးဒဏ်၊ ဒုက္ခသည်၊ အစိုးရ၊ လွှတ်တော်၊ တရားစီ ရင်ရေး၊ ရွေးကောက်ပွဲ၊ အခြေခံဥပဒေ၊ လူမှုရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး အကြောင်းအရာ ပေါင်းစုံကို တွေ့ရပါလိမ့်မယ်။ စာမဲ့ကာတွန်းတချို့လည်း ပါဝင်ပါတယ်။

စာအုပ် အစပိုင်း ကာတွန်းတစ်ပုဒ်မှာ ယမ်းငွေ့ ထွက်နေဆဲ သေနတ်ကို ကိုင်ထားသူ လုံခြုံရေးတပ်ဖွဲ့ဝင်နဲ့ သတင်းထောက်တို့ အပြန်အလှန် ပြောနေပုံ သရုပ်ဖော်ထားတာပါ။ ကြောက်လို့ ပစ်လိုက်တာလား ဆိုတဲ့ သတင်းထောက်အမေးကို    "အေးလေ၊ သူ့လက်ထဲမှာက ရေသန့်ဘူးကြီးနဲ့ကိုး…"လို့ ဖြေထားပါတယ်။

သူတစ်ပါးက အတွဲလိုက်ပစ်ရန် ကြံစည်နေတုန်း ကာတွန်းဆရာတို့က ကျည်ဆံတစ်တောင့်တည်းနဲ့ ချက်ကောင်းမှန်အောင် ပစ်နိုင်ကြစမြဲလို့ အထင်ကရ နိုင်ငံရေးသမား  မင်းကိုနိုင်က စာဖတ်သူတစ်ဦး၏အမြင် ဆိုတဲ့ ခေါင်းစဉ်နဲ့ အမှာစာ ရေးထားပါ တယ်။

"လောကကြီး၏ အမြီးအမောက် မတည့်မှုများကို ကာတွန်းဆရာများက အစွဲကင်းကင်းဖြင့် ကျီစယ် အပျော်ကူးစက်စေချင် သူများ ဖြစ်ပါသည်"လို့ အမှာစာမှာ ဆက်ရေးထားပါတယ်။

၁၆၈ မျက်နှာ၊ ကျပ် ၃,ဝဝဝ၊  ရုပ်ပြောင်စာပေ

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>