နေဝန်းနီ (မန္တလေး) သား ကျောင်းပြန်တက်ချင်တယ်... မေမေ
(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၅
ဒီချိန်ဆို သားသူငယ်ချင်းတွေ
ကျောင်းတက်နေကြပြီလား....မေမေ
သားလွယ်အိတ်လေးဘာလို့
ဆေးသေတ္တာဖြစ်သွားတာလည်း...မေမေ
ဖေဖေရဲ့ ခြေထောက်အောက်မှာ
သားကျောင်းအင်္ကျီအဖြူလေး
ဘာလို့ပတ်ပေးထားတာလည်း...မေမေ
သားတို့အိမ်နဲ့ရွာလေးကိုထားခဲ့ပြီး
ဘာလို့ထွက်ပြေးလာရတာလည်း
ပြေးရတာလည်းမောလှပါပြီ...မေမေ
သေနတ်သံတွေကိုသားကြောက်တယ်
ဗုံးသံတွေကိုထိတ်လန့်နေမိတယ်
ရွာကျောင်းကခေါင်းလောင်းသံလေးကို
သားမက်မောတယ်...မေမေ
ယမ်းငွေ့တွေ သေနတ်သံတွေကြား
ကျူထရံတဲလေးကို ကျားကန်ထားတဲ့
ရွာက စာသင်ကျောင်းလေးမှာ
“ဇွန်ပန်းရုံအနီး လှည်းဘီးနွံထဲကျွံနေသည်“စာကို
ဆရာမလေး “သဇင်မွန်ဟန်” က သင်ပေးနေတယ်လို့
ညက သား အိမ်မက်မက်တယ်...မေမေ
သား ရွာကိုပြန်ချင်တယ်
“နော်ဆေးဝါး” “နန်းဖော့အွာ” တို့နဲ့အတူ
သားကျောင်းပြန်တက်ချင်တယ်...မေမေ
{ကချင်ပြည်နယ် စစ်ဘေးသင့်ကလေးငယ်များသို့}
(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၅
ဒီချိန်ဆို သားသူငယ်ချင်းတွေ
ကျောင်းတက်နေကြပြီလား....မေမေ
သားလွယ်အိတ်လေးဘာလို့
ဆေးသေတ္တာဖြစ်သွားတာလည်း...မေမေ
ဖေဖေရဲ့ ခြေထောက်အောက်မှာ
သားကျောင်းအင်္ကျီအဖြူလေး
ဘာလို့ပတ်ပေးထားတာလည်း...မေမေ
သားတို့အိမ်နဲ့ရွာလေးကိုထားခဲ့ပြီး
ဘာလို့ထွက်ပြေးလာရတာလည်း
ပြေးရတာလည်းမောလှပါပြီ...မေမေ
သေနတ်သံတွေကိုသားကြောက်တယ်
ဗုံးသံတွေကိုထိတ်လန့်နေမိတယ်
ရွာကျောင်းကခေါင်းလောင်းသံလေးကို
သားမက်မောတယ်...မေမေ
ယမ်းငွေ့တွေ သေနတ်သံတွေကြား
ကျူထရံတဲလေးကို ကျားကန်ထားတဲ့
ရွာက စာသင်ကျောင်းလေးမှာ
“ဇွန်ပန်းရုံအနီး လှည်းဘီးနွံထဲကျွံနေသည်“စာကို
ဆရာမလေး “သဇင်မွန်ဟန်” က သင်ပေးနေတယ်လို့
ညက သား အိမ်မက်မက်တယ်...မေမေ
သား ရွာကိုပြန်ချင်တယ်
“နော်ဆေးဝါး” “နန်းဖော့အွာ” တို့နဲ့အတူ
သားကျောင်းပြန်တက်ချင်တယ်...မေမေ
{ကချင်ပြည်နယ် စစ်ဘေးသင့်ကလေးငယ်များသို့}
Photo source : UNHCR