Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မင်းညွန့်လှိုင် - ရာပြည့်အတွေးများ

$
0
0

မင်းညွန့်လှိုင် - ရာပြည့်အတွေးများ
(မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၁၅

ဒီနှစ်ဟာထူးထူးကဲကဲရာပြည့်တွေနဲ့ ပြည့်နှက်နေတဲ့
နှစ် တစ်နှစ်ဖြစ်ပါတယ်
ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်
ဒေါ်ခင်မျိုးချစ် ရာပြည့်
လူထုဒေါ်အမာ ရာပြည့်
မြန်မာကာတွန်း ရာပြည့် . . .စသဖြင့်ပေါ့
ဒီအရင်က ထူးထူးခြားခြားဖြတ်သန်းခဲ့ရတာက

မှိုင်းရာပြည့်၁၉၇၆

အဲဒီနောက်မှာဇော် နဲ့ ဝဏ် တို့ရဲ့ရာပြည့်တွေ

လာမယ့်၂၀၁၆မှာ ဗိုလ်အောင်ကျော် ရာပြည့်
ပြီးရင်၂၀၁၉မှာဒဂုန်တာရာရာပြည့်
စတာတွေကိုမလွဲမသွေ ဖြတ်သန်းရပါဦးမယ်
ဒီ ရာပြည့် အစဉ်ကြီးတွေကို
ပြန်ကြည့်ပြန်တွေးရင်
အမျိုးသားလွတ်မြောက်ရေး ခရီးစဉ်ကြီးကို
ထင်းထင်းကြီးမြင်ကြရပါမယ်

"မြန်မာနိုင်ငံသည်၁၉၄၈ခုနှစ်တွင်လွတ်လပ်ရေးရသည်"

ဒီဝါကျတစ်ကြောင်းရေးနိုင်ဖို့
အမျိုးသားစာဆိုကြီးမဟာမှိုင်းဟာ
စာပေလက်နက်လူထုလှုပ်ရှားမှုလက်နက်တွေနဲ့
နယ်ချဲ့ရဲ့ ရန်သူတော်နံပါတ်အဖြစ်
နှစ်ပေါင်း များစွာကတည်းက
ကြိုတင်စည်းရုံးစုစည်းကာနေခဲ့ရတာပါ

မှိုင်းရဲ့ နောက်မှာတော့
ဇော် နဲ့ ဝဏ်တို့ရဲ့ ဝံသာနုအခြေခံ ခေတ်စမ်းစာပေလှုပ်ရှားမှု
ကြီးကျယ်တဲ့ ကြယ်ပွင့်ကြီး ဒဂုန်တာရာတို့ရဲ့
လူတန်းစားအတွေး အခြေပြုစာပေသစ်လှုပ်ရှားမှုတို့ဟာ
ထင်လင်းတဲ့မှတ်တိုင်တွေပါပဲ

ဆရာမကြီးဒေါ်ခင်မျိုးချစ်ဆရာမကြီးလူထုဒေါ်အမာတို့လို
လေးစားအပ်တဲ့ အမျိုးသမီးကြီးတွေရဲ့
စွမ်းဆောင်မှုတွေကလည်း လေးစားဘွယ်ကောင်းလှပါတယ်
ဆရာမကြီးတွေက အမျိုးသမီးအခွင့်အရေးတွေ ဘာတွေ
မတွေးခဲ့မရေးခဲ့ကြပဲ
သစ်တစ်ပင်ကို မငဲ့ကွက်ပဲ
သစ်တောကြီးအရေးကိုပဲ တွေးခဲ့ကြတာ
'
မောင်တစ်ထမ်းမယ်တစ်ရွက်အတွေးအခေါ်နဲ့
ပါဝင်ခဲ့ကြတာကိုလည်း သတိပြုစရာပါ

ဆရာကြီးမှိုင်းရဲ့ ရာဇဝင်ကျမ်းကို ကျောင်းမှာသင်
ဆရာကြီးရဲ့ စာတွေနဲ့ ကြီးပြင်း
ဆရာကြီး ဦးစီးတဲ့အဖွဲ့တွေမှာ ပါဝင်လှုပ်ရှား
ဆရာကြီးရဲ့ အဆူအဆဲကို ခံယူခဲ့ကြတဲ့
ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေကတော့
နေသိ လသိ ကြယ်ပွင့်တွေပါပဲ

ကြေကွဲစရာကောင်းတဲ့အချက်အလက်ကတော့
ဆရာကြီးမှိုင်းနဲ့ အမျိုးသားစာဆိုကြီးတွေ လိုလားတဲ့
အမျိုးသားညီညွတ်ရေးပြည်တွင်းငြိမ်းချမ်းရေးနဲ့
ပြည်သူ့အာဏာ ပိုင်စိုးရေး ရည်မှန်းချက်များကတော့
ဒီနေ့အထိပြည့်ဝမလာခဲ့ပါဘူး

ငယ်ရွယ်နုပျိုပြီး စိတ်လိုက်မာန်ပါပြောဆိုတတ်တဲ့
အမျိုးသားခေါင်းဆောင်ဟာလည်း
လက်ဝဲညီညွတ်ရေး တည်ဆောက်ဖို့ စိတ်ကူးစိတ်သန်းကို
အကောင်အထည်မဖော်နိုင်ခင်မှာကျဆုံးခဲ့ရရှာပါတယ်

ကျွန်တော်တို့တတွေဟာ
လွန်ခဲ့တဲ့နှစ်တစ်ရာက စိုက်ပျိုးခဲ့တဲ့ အသီးအပွင့်တွေကို
ခံစားစံစားနေကြပါတယ်

နောင်လာမယ့်အနှစ်တစ်ရာအတွက်
သစ်ကောင်းတစ်ပင်ကို စိုက်ကြ ပျိုးကြရပါဦးမယ်

ကျွန်တော်တို့တတွေဟာ
မလိုချင်တဲ့ရာပြည့်တွေကိုလည်း ရခဲ့ကြရပါတယ်

အချုပ်အခြာအာဏာဆုံရှုံးမှုရဲ့သင်္ကေတ
"
ပါတော်မူ"ရာပြည့်မျိုးပေါ့

လွတ်လပ်ရေးရဲ့ ဖွားဘက်တော်အဖြစ်
မလိုချင်ပဲရခဲ့တဲ့ ဘေးထွက် ဆိုးကျိုးကြီးဖြစ်တဲ့
ပြည်တွင်းစစ် မီးတောက်မီးလျှံကြီးကိုတော့
အနှစ်တစ်ရာပြည့်အောင် သက်ဆိုးမရှည်စေလိုကြောင်း
ဆန္ဒပြုလိုက်ရကြောင်းပါဗျား





Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>