Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မောင်လူရေး - အရုဏ်လော ဆည်းဆာလော

$
0
0

မောင်လူရေး - အရုဏ်လောဆည်းဆာလော
(မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၁၅

တိုင်းပြည်တွင်အရေးကိစ္စမျိုးစုံရှိ၏။လူတွေ၏စိတ်ဝင်စားမှုကလည်းမတူကြ။ တချို့က ခေါင်းလောင်းဖော်ရေးစိတ်ဝင်စားကြ၏။ ခေါင်းလောင်းပေါ်ရေးအားပေးဝန်းရံ၏။ တချို့ကကယ်ဆယ်ရေးစိတ်ဝင်စားကြ၏။ကယ်ဆယ်ပေးကြ၏။ တချို့ကသင်ကြားရေးစိတ်ဝင်စားကြ၏။ပညာဒါနကြ၏။  တချို့ကနာရေးစိတ်ဝင်စားကြ၏။တချို့ကသာရေးစိတ်ဝင်စားကြ၏။တချို့ဘာသာရေး စိတ်ဝင်စားကြ၏။ယင်းကိစ္စများတွင်တဦးချင်းနိုင်သလောက် ပါဝင်ကြသည်များလည်း ရှိသည်။သဘောတူရာ မိတ်ဆွေတချို့နှင့်ပူးပေါင်းလုပ်ဆောင်ကြသည်များလည်းရှိသည်။ တချို့ကျဖွံ့ဖြိုးရေးစိတ်ဝင်းစားကြသည်။ INGOs  CSOs  CBOsတွေမှာဝင်လုပ်ကြသည်။ မြုပ်နှံကြသည်။အသက်မွေးဝမ်းကျောင်းအနေနှင့်ရပ်တည်ကြသည်။

တချို့သူများကျလက်ပတောင်းအရေးစိတ်ဝင်စားကြသည်။မြစ်ဆုံအရေးစိတ်ဝင်စားကြသည်။အမျိုးသားရေးစိတ်ဝင်စားကြသည်။ပညာရေးပြုပြင်ပြောင်းလဲမှု စိတ်ဝင်စားကြသည်။လူ့အခွင့်အရေး စိတ်ဝင်စားကြသည်။တိုင်းပြည်အုပ်ချုပ်ရေးစနစ်ပြောင်းလဲလိုကြသည်။ 

သူတို့ကျတက်ကြွလှုပ်ရှားသူများနှင့် တွဲကြရသည်။ငွေကြေးထုတ်ပေးနိုင်သူနည်းပညာ ပံ့ပိုးပေးနိုင်သူများနှင့်ပေါင်းစပ်ရသည်။နိုင်ငံရေးသမားအဖြစ်အသွင်ပြောင်းကြသည်။နိုင်ငံရေးနေရာ ယူကြသည်။တဦးတယောက်တည်းမရသော အရေးများဖြစ်သည့်အပြင်ကိုယ့်တနိုင်တပိုင်ငွေကြေးနှင့်လည်းမလုံလောက်သောအရေးများဖြစ်သည်။တအုပ်စုတဖွဲ့မကပူးပေါင်းပါဝင်လာသည်။နိုင်ငံလုံးချီ လှုပ်ရှားမှုမျှသာမကကမ္ဘာ့အခြေအနေများနှင့်ပါဆက်စပ်လာသည်။

တချို့သူများသည်အရေးကိစ္စတော်တော်များများတွင် နေရာရလာကြပြီးတချို့လူများသည်ရပ်ကြည့်ဝန်းရံအဆင့်မှာဘဲရှိနေတတ်သည်။ယင်းတို့ကြားတွင်ပါဝင်ပတ်သက်ခွင့်မညီမျှမှုကိုမြစ်ဖျားခံသောရှုမြင်သုံးသပ်ပုံကွဲပြားမှုများလည်းအားကောင်းလာသည်။

တချို့သူများသည်အရေးကိစ္စများကိုစိတ်ဝင်စားပြီးပါဝင်လိုသော်လည်း ဖြတ်လျောက်လောက်သာလုပ်နေရသည်ကိုသည်းမခံနိုင်တော့ဘဲကိုယ့်ပုံစံနှင့်ကိုလုပ်ဆောင်လာကြတော့သည်။အိုင်တီကယင်းအခြေအနေကိုအားပေးသည်။ 

ထိုအခါတွင်ထိုသူတို့ကို သေးသိမ်ချိုးနှိမ်သော တံဆိပ်များကပ်လာကြသည်။ယင်းတို့ကိုချိုးနှိမ်သူများသည်ယင်းတို့ကိုလိုသည့်နေရာသုံးခဲ့သူများလည်း ဖြစ်နေပြန်ရာပိုမိုရှုပ်ထွေးလာပြီးနှစ်ဖက်လုံးကို စောင့်ကြည့်ကာလိုသလိုအသုံးချမည့်သူများ၏ခလောက်ဆံမှုများလည်း ရောထွေးပေါ်ပေါက်လာပြန်သည်။

အများသူငါနှင့် ဆိုင်သောကိစ္စရပ်များတွင်လုပ်ပိုင်ခွင့်ကိုမူပိုင်လုပ်လိုသူများ၊ကိုယ့်ကိုယ်ကိုလုပ်ပိုင်ခွင့်လိုင်စင်ရသူဟုထင်သူများ၊မည်သူသည်မည်မျှသာလုပ်ရမည်ဟုလုပ်ပိုင်ခွင့်ခွဲတမ်းချလိုသူများ၊ တချို့သူများသည်အရေးကိစ္စတိုင်းကိုစီရင်ဆုံးဖြတ်နေကြပြီးယင်းဆုံးဖြတ်ချက်ကိုလက်မခံသူများကိုဖျက်ဆီးသူများဟုသတ်မှတ်သူများ၊ ဟိုလိုလုပ်ပါလားသည်လိုလုပ်ပါလားများကြောင့်အရေးကိစ္စတခုကိုအကြောင်းပြုရရှိလာမည့် အခွင့်အလမ်းကောင်းများ ဆုံးရှုံးရသည့်အပြင်နဂိုရှိရင်းစွဲအခြေအနေကောင်းများကိုပါထိခိုက်ပျက်စီးစေသည့်ညီညွတ်ရေးပြိုကွဲ နာကျင်မှုများဖြစ်ပေါ်စေလေသည်။မတူညီသော လုပ်နည်းလုပ်ဟန်များကိုလည်းအလွဲအမှားဟုသတ်မှတ်ကာအမှေးကွာအနာဖြစ်ကာ သွေးမတိတ်တော့ပေ။

အငြင်းပွားစရာမရှိသည့်ရည်မှန်းချက်ဖြစ်သည့်၄၃၆ ပြင်ဆင်ရေးကြိုးပမ်းနေချိန်တွင်မျိုးစောင့်ဥပဒေအားကောင်းလာခြင်းမျိုးသည်နိုင်ငံရေးဘာသာရေးယဉ်ကျေးမှုအားလုံးကိုညှိုးချုံးစေလေခဲ့သည်။

ယခုအခါပြည်တွင်းပြည်ပလိပ်ကျွန်းဖြစ်ရပ်နှင့်ပတ်သက်၍ဆန္ဒပြမှုများသည်ထိုင်းနိုင်ငံ၏ဆိုးဝါးသောတရားစီရင်ရေးနှင့်လူကုန်ကူးမှုစသောအခြားရှုပ်ထွေးမှုများနှင့်မြန်မာ့စစ်အစိုးရအဆက်ဆက်၏ညံ့ဖျင်းနိမ့်ကျမှု၊တိုင်းပြည်ကိုလွှတ်ချထားမှုကိုကမ္ဘာကြီးအားဖွင့်ထုတ်ပြသလိုက်ခြင်းဖြစ်ရုံသာမကနှစ်နိုင်ငံ၏ရာဇဝင်ဆိုင်ရာဂုဏ်သိက္ခာပြဿနာဖြစ်လာသည်။ထို့ကြောင့်လက်မောင်းဒါးနှင့် လှီးကာသွေးနှင့်ရေး၍ဆန္ဒပြသလိုမျိုးကိုယ့်ခံစားမှုနှင့်ကိုထုတ်ဖော်လာကြသည်များသည်တစထက် တစအားကောင်းလာပြီဟုဆိုရပေမည်။

တပြိုင်နက်ထဲမှာပင်ဖားကန့်နယ်မြေတွင်လူတွေအစုလိုက်အပြုံလိုက်အသတ်ခံနေရသည်။လူပေါင်းရာကျော်သေဆုံးပြီးသည့်နောက်ယင်းသေဆုံးမှုကိုဖေ့ဘွတ်စတေ့တပ်တင်သည့် အမှုလောက်မျှအရေးယူဆောင်ရွက်မှုမရှိဘဲအစိုးရ၏မျက်စိအောက်မှာပင် မြေကော် မြေသယ်ယဉ်ကြီးများထပ်မံရောက်ရှိလာပြီးမနေမနားထုပ်ယူနေကြခြင်းကြောင့်လူသတ်မှုဟုပင်ဆိုရတော့မည်။ယင်းကျောက်စိမ်းလက်ဝါးကြီးအုပ်ထုပ်ယူမှုသည်မြန်မာပြည်သူတရပ်လုံး၏အကျိုးစီးပွားအပေါ်ကျူးလွန်သည့်လက်နက်ကိုင်သူများခရိုနီများ၏ကမ္ဘာသိရာဇဝတ်မှုကြီးတခုဖြစ်သည်။ယင်းဖြစ်ရပ်သည် မြန်မာ့ဒီမိုကရေစီရှေ့ခရီးကိုမထီမဲ့မြင်ပြုနေသည်။

ထို့ပြင်သမတတိုက်ရိုက်ရွေးချယ်ခွင့်မရသည့်မြန်မာလူထု၏အနည်းငယ်မျှသောအခွင့်အလမ်းကိုတနည်းအားဖြင့်လူထုတရပ်လုံး၏ဆန္ဒမဲကိုမဖွယ်မရာပြုမည့်ကာလုံဥပဒေပြဌာန်းဖို့လည်းကြိုးစားနေချိန်ဖြစ်သည်။လွှတ်တော်တွင်း၌တပ်အမတ်နှင့်ကြံ့ခိုင်ရေးအမတ်များသာအားကောင်းနေသည့်မျက်မှောက်မြန်မာပြည်အဖို့ဥပဒေမုဒိမ်းအကျင့်ခံနေရသည့်အချိန်လည်း ဖြစ်နေပြန်သည်။

တကယ့်ကိုညီအကိုမသိတသိအချိန်ပင်။

ယင်းဝိုးတဝါးသည်အမှောင်ခြမ်းကိုလှမ်းမည့်ညနေဆည်းဆာချိန်ဖြစ်မည်လော။

မနက်အလင်းကိုချဉ်းမည့်အရုဏ်တက်ချိန်ဖြစ်မည်လော။

ကျွန်တော်တို့၏သဘောထားမျှတမှုအပေါ်သာမူတည်ပါလိမ့်မည်။


မောင်လူရေး

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>