Quantcast
Viewing all articles
Browse latest Browse all 9633

တက္ကသိုလ်ရွှေရီဝင်း - ကြတ္တိကာကြယ်ဖြစ်ပေါ်လာပုံ



Image may be NSFW.
Clik here to view.


တက္ကသိုလ်ရွှေရီဝင်း - ကြတ္တိကာကြယ်ဖြစ်ပေါ်လာပုံ
(မိုးမခ) ဇန်န၀ါရီ ၇၊ ၂၀၁၆


ကြတ္တိကာကြယ် ဖြစ်ပေါ်လာပုံလေး ပြောပြမယ်။

ဟိုးရှေးရှေးတုန်းက သိပ်မာနကြီးတဲ့ သဌေးသမီး ခုနှစ်ယောက် ရှိတယ်။ သူတို့ဟာ လူတိုင်းကို အထင်သေးတယ်။ သူတို့ရဲ့မိဘနှစ်ပါး ကွယ်လွန်တော့ မိဘရဲ့လုပ်ငန်းဖြစ်တဲ့ ဆန်စက်ကို ဆက်လက် ထိန်းသိမ်းရတယ်။

အဲဒီဆန်စက်မှာ မောင်ကဆုန်နဲ့ မောင်နယုန် လို့ ခေါ်တဲ့ ညီအစ်ကိုနှစ်ယောက် အလုပ်လုပ်ကြတယ်။ သဌေးသမီးတွေဟာ အဲဒီညီအစ်ကို ကို မောက်မောက်မာမာ ဆက်ဆံတယ်။ နောက်ပိုင်းမှာ သဌေးသမီးတွေဟာ လုပ်ငန်းမကျွမ်းကျင်လို့ ဆင်းရဲသွားတယ်။ အလုပ်ကျိုးစားတဲ့ ညီအစ်ကိုကတော့ ဆန်စက်ပိုင်ရှင်တွေ ဖြစ်သွားတယ်။

တစ်နေ့တော့ သဌေးသမီး ခုနှစ်ဖော်ဟာ ဝမ်းစာအတွက် ဆန်စက်တစ်ခုထဲ ဆန်စေ့တွေ လိုက်ပြီး ကောက်နေကြတယ်။ အဲဒီဆန်စက်ဟာ သူတို့ချမ်းသာစဉ်က သူတို့မိဘပိုင်တဲ့ ဆန်စက်ပဲ ဖြစ်တယ်။ အခုတော့ သူတို့မထိမ်းသိမ်းတတ်လို့ ဟိုတုန်းက သူတို့လက်အောက်မှာ သူရင်းငှားလုပ်ခဲ့တဲ့ မောင်ကဆုန်နဲ့ မောင်နယုန်တို့ ညီအစ်ကိုပိုင် ဆန်စက်ဖြစ်နေပြီ။

အဲဒါကို ညီအစ်မ ခုနှစ်ဖော်က မသိဘူး။ ဒါကြောင့် သူတို့ဆန်စေ့တွေ ကောက်နေတုန်း မောင်ကဆုန်နဲ့ မောင်နယုန် ရောက်လာတော့ သဌေးသမီး ခုနှစ်ယောက် ဟာ သိပ်ကို ရှက်သွားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဟိုတုန်းက သူတို့ မောက်မောက်မာမာ ဆက်ဆံခဲ့တဲ့ အလုပ်သမား ညီအစ်ကိုနှစ်ယောက်က အခုအခါမှာ ဒီဆန်စက်ရဲ့ သဌေးတွေ ဖြစ်နေလို့ပဲ။ ဒါနဲ့ သူတို့ညီအစ်မခုနှစ်ဖော်ဟာ သဌေးညီအစ်ကို မတွေ့အောင် ကောက်ရိုးပုံထဲ ဝင်ပြီး ပုန်းနေကြတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သေဌေးညီအစ်ကိုက အဲဒီကောက်ရိုးပုံကို မီးရှို့ခိုင်းတယ်။ သူတပည့်တွေကလည်း သေဌေးခိုင်းတဲ့အတိုင်း ချက်ချင်းပဲ ကောက်ရိုးပုံကို မီးရှို့လိုက်ကြတယ်။

ညီအစ်မခုနှစ်ဖော်ဟာ ကောက်ရိုးပုံထဲကနေ ထွက်လိုက်ရင် သူတို့ကို သေဌေးညီအစ်ကို မှတ်မိမှာ သေချာတာမို့ မထွက်ပဲ မီးရှို့တာ ခံလိုက်ကြတယ်။ အဲဒီ ညီအစ်မခုနှစ်ဖော်ဟာ သေပြီးနောက်ဘဝမှာ ကောင်းကင်ယံမှာ ကြတ္တိကာ ဆိုတဲ့ နံမယ်နဲ့ ကြယ်အဖြစ် ပြောင်းသွားတယ်။ ညီအစ်မ ခုနှစ်ဖော်ကို ကိုယ်စားပြုတာမို့ ကြတ္တိကာကြယ်ဟာ ကြယ် ခုနှစ်လုံး စုနေတာ ဖြစ်တယ်။  အဲဒီကြယ်ဟာ ကဆုန်လနဲ့ နယုန်လမှာ မထွက်ဖူးလို့ဆိုတယ်။

ဘာဖြစ်လို့လဲဆိုတော့ စောစောက ပုံပြင်ထဲမှာ သူတို့တွေဟာ ကြယ်အဖြစ် ပြောင်းသွားကြပေမဲ့ သေဌေး မောင်ကဆုန်နဲ့ မောင်နယုန်ကို ရှက်လို့ ပုန်းနေတာ ဖြစ်တယ်။ ဒါကလည်း ကြတ္တိကာကြယ်ရဲ့ထူးခြားတဲ့အကြောင်းပါပဲ။

ဒီပုံပြင်ဟာ မြန်မာ့ရိုးရာပုံပြင်လေးပဲ ဖြစ်တယ်။ နိုင်ငံတကာက ရိုးရာပုံပြင်နဲ့ မြန်မာနိုင်ငံက ရိုးရာပုံပြင်တွေ နှိုင်းယှဉ်ရင် မြန်မာပုံပြင်တစ်ချို့ဟာ ထူးခြားတယ်။

ဒီပုံပြင်ထဲက ကြတ္တိကာကြယ် ဆိုတာအပြင်မှာတကယ်ရှိတယ်။ လူတိုင်း ရိုးရိုးမျက်စိနဲ့ ကြည့်လို့ရတယ် ။ နောက်ပြီး ကဆုန်လနဲ့ နယုန်လမှာ ကောင်းကင်မှာ ကြတ္တိကာကြယ်ကို ရှာလို့ မတွေ့ဘူး။ သိပံ္ပပညာတွေ အရတော့ ဒီအချက် နှစ်ချက်ကို ရှင်းလင်းချက် ရှိကောင်းရှိပါလိမ့်မယ်။ ပုံပြင်မှာ ရှင်းလင်းစရာမလိုပဲ
ပုံပြင်ကို အရှိအတိုင်း လက်ခံခဲ့ကြတာပါ။

Image may be NSFW.
Clik here to view.


ကြတ္တိကာကြယ်လိုပဲ မိုးကောင်းကင်ပေါ်မှာ ကြယ်သုံးလုံးတန်းနေတဲ့ မောင်ရင်ဆိုင်းတန်းကြယ် ရယ် ကြယ် ခုနှစ်လုံး မြန်မာအက္ခရာ ၇ လို ဖြစ်နေတဲ့ ခုနှစ်စင်ကြယ် ဆိုတာ ရှိတယ်။ အဲဒီကြယ်တွေ ဖြစ်ပေါ်လာတဲ့ပုံပြင်တွေ ရှိပါသေးတယ်။

မြန်မာ့ရိုးရာပုံပြင်တွေရဲ့သက်တမ်းဟာ ကြာရှည်လှပြီဖြစ်တာမို့ ပုံပြင်တွေ မမေ့ခင် စုဆောင်းဖို့ သတိပေးမိပါတယ်။

ဒီကြတ္တိကာ ပုံပြင်လေးနဲ့ပဲ ဥပမာပြနိင်တယ်။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...