Quantcast
Viewing all articles
Browse latest Browse all 9633

စောအယ်လေး ပွဲသိမ်းထိုးချက် ဖြင့် အနိုင်ယူ



စောအယ်လေး ပွဲသိမ်းထိုးချက် ဖြင့် အနိုင်ယူ
(သွန်းခ)၊ မိုးမခ၊ ဇန်နဝါရီ ၁၁ ရက်၊၂ဝ၁၆

၂ဝ၁၆ခုနှစ်၊ ဇန်နဝါရီလ ၁ဝ ရက်၊ ကရင်အမျိုးသားနှစ်သစ်ကူး နေ့တွင် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီး အား နှစ်စဉ်ပြုလုပ်မြဲ ဖြစ်သည့် ရန်ကုန်မြို့၊ အင်းစိန်အားကစားကွင်း တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကြားပွဲ ၈ ပွဲ၊ အထူးပွဲ ၂ ပွဲနှင့် အထူးစိန်ခေါ်ပွဲ ၁ပွဲ ထိုးသတ်ခဲ့ကြရာ စထို့ဖဆိပ်(သတ္တိ) နှင့် စောကနက် (ထော့မဲပါ) တို့၏ ပွဲသည် ပရိသတ် အကြိုက် တွေ့စေသည့် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သည်။

Image may be NSFW.
Clik here to view.

အထူးစိန်ခေါ်ပွဲ ဖြစ်သည့် စောအယ်လေး(ရွှေကုက္ကို) နှင့် ရွှေရာမာန် (ရွှေဒေါပုံ) တို့၏ ၅ ချီ စိန်ခေါ်ပွဲ၏ ဆွဲဆောင်မှုသည် ပရိသတ်များအတွက် အထူးစိတ်ဝင်စားဖွယ်ရာ ယှဉ်ပြိုင်ထိုးသတ်သည့်ပွဲဖြစ်ခဲ့သည်။

ပွဲစစချင်း လက်ဝှေ့ဝါသနာရှင်များပင် ခန့်မှန်းရခက်လောက်အောင် ရွှေရာမာန်(ရွှေဒေါပုံ)၏ ထိုးချက်၊ခြေ ကန်ချက်တို့သည် အလွန်ထိရောက် ကောင်းမွန်နေခဲ့သည်။

၎ ချီ မြောက် ထိုးသတ်ပြီးသည် အထိ စောအယ်လေး(ရွှေကုက္ကို)သည် တစ်ချက်ကောင်း၊ တစ်လုံးကောင်း လက်သီးထိုးချက်များကိုသာ အသုံးပြုခဲ့ပြီး ပြိုင်ဘက်၏ အားနည်းချက်အား အနာခံ၍ ရှာဖွေနေခဲ့သည်။

ရွှေရာမာန်၏ ထိုးချက်၊ ကန်ချက်များ စောအယ်လေး အပေါ် သက်ရောက်မှု ရှိစေခဲ့သော်လည်း ထိုးသက်၊ တစ်နည်းအားဖြင့် လက်ဝှေ့သဘာ ရင့်စပြုနေပြီဖြစ် သည့် စောအယ်လေး အား အလဲမထိုးနိုင်ခဲ့ရုံမက လက်ပန်းကျလာသည်ကို ပရိသတ်မှ ရိပ်စားမိခဲ့ သော်လည်း ရွှေရာမာန် အပေါ် အထူးမျှော်လင့်ထားခဲ့ကြသေးသည်။

Image may be NSFW.
Clik here to view.

အနုပညာဆန်သည့် လက်ဝှေ့နည်းပညာသည် သိမ်မွေ့စွာဖြင့် ပရိသတ် အား လှည့်ကွက်ထုတ်ပြနိုင်ခဲ့ သည်။

၅ ချီ မြောက်အစ ၄၂ စက္ကန့်တွင် စောအယ်လေး၏ ပြင်းထန်သည့် လက်သီးချက်ျကြောင့် ရွှေရာမာန်အား မျှော်လင့်ထားခဲ့ကြသည့် ပရိသတ်အတွက် မှင်တက် သွားစေခဲ့သည်။အနာခံ ထိုးခဲ့ပြီး၊ စိတ်ရှည်စွာပြိုင်ဘက်၏ အားနည်းချက် ကိုစောင့် ထိုးနိုင်ခဲ့သည့် စောအယ်လေး(ရွှေကုက္ကို) သည် အနိုင်ရရှိသွားခဲ့သည်။




Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...