ရန်ကုန်မြစ်အတွင်း ရှုခင်းကြည့်၍ အပျော်စီးသင်္ဘော စီးနိုင်ပြီ
ရန်နောင်(ဗိုလ်တထောင်) မိုးမခ ဇန်နဝါရီလ ၆ - ၂၀၁၆
ရန်ကုန်မြစ်အတွင်း ရှုခင်းများ ကြည့်ရှုရင်း အပျော်စီးနိုင်သည့် သင်္ဘောကို အများပြည်သူများ အလွယ်တကူ စီးနင်းနိုင်ပြီဖြစ်သည်။ Yangon Rhythm Cruise မှ စီစဉ်သော အဆိုပါ အပျော်စီးသင်္ဘောသည် ပြည်တွင်းမှ စီးနင်းသူများအတွက် မြန်မာငွေ ခြောက်ထောင်ကျပ် ၊ ပြည်ပမှစီးနင်းသူများအတွက် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာ ပေးဆောင်ရမည်ဖြစ်ပြီး ငါးနှစ်အောက် ကလေးငယ်များအား အခမဲ့စီးနင်းခွင့်ပြုထားသည်။
ရန်ကုန် ဗိုလ်တထောင်ဆိပ်ကမ်း အမှတ်(၅) မှ နေ့စဉ် နံနက် ၈နာရီတွင် စတင်ထွက်ခွါပြီး နံနက် (၉) နာရီတွင် လည်းကောင်း၊ ညနေ (၄)နာရီ တွင် စတင်ထွက်ခွါပြီး ညနေ (၅) နာရီတွင်လည်းကောင်း ပြန်လည်ဆိုက်ကပ်မည်ဖြစ်သည်။
သင်္ဘောပေါ် လိုက်ပါစီးနင်းသောခရီးသည်များအတွက် အချိုရည် နှင့် မုန့်များ သုံးဆောင်ခွင့်လည်းရရှိမည်ဖြစ်သည်။
လက်မှတ်များကို ခရီးသွားအေဂျင်စီများ၊ ဟိုတယ်များ၊ သင်္ဘောပေါ်ရှိ လက်မှတ်အရောင်းကောင်တာတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။
လိုက်ပါစီးနင်းမည့်သူများသည် သင်္ဘောမထွက်မှီ ၁၅ မိနစ်ကြိုတင်၍ သင်္ဘောပေါ်သို့ ရောက်ရှိနေရမည်ဖြစ်သည်။
Image may be NSFW.
Clik here to view.

YRC (Yangon Rhythm Cruise ) မှ ဒေါ်စန်းစန်းယုမှ ယခုကဲ့သို့ ပြောပြခဲ့သည်။
`ကျမ ဒီခရီးစဉ်ကို စီစဉ်ဖြစ်တာက ကျမ ဗီယက်နမ်သွားတုန်းက ပေါ်လာတဲ့ စိတ်ကူးလေးပါ။ ရန်ကုန်မြစ်ထဲမှာ ဒီလို ဈေးသက်သက်သာသာနဲ့ သင်္ဘောပြေးဆွဲခွင့်ရရင် ကောင်းမှာဆိုတဲ့ စိတ်ကူးလေးနဲ့ စီစဉ်ဖြစ်တာပါ။ ကျမတို့ သင်္ဘောပေါ်မှာ မိတ်ဆက်ပွဲတွေ၊ ပါတီပွဲတွေ၊ တွေ့ဆုံပွဲတွေ လုပ်လို့ရပါတယ်။ လူဦးရေကတော့ တစ်ရာကျော် တင်နိုင်ပါတယ်။ ဒါပေမဲ့ ကျမတို့ လုံခြုံမှုအရ တစ်ရာလောက်ပဲ တင်မှာပါ။ တနာရီ စီးပြီးသွားလို့ ကမ်းပြန်ကပ်ရင် လည်း သင်္ဘောပေါ် ကာရာအိုကေခန်းထဲမှာ သီချင်းတွေဆိုလို့လည်း ရပါသေးတယ်။ နေ့ဘက်ဆိုရင် သီလဝါဘက်ကို သွားမယ်၊ ညဘက်ကျတော့ ကြည့်မြင်တိုင်ဘက်ကို သွားပါမယ် ´ဟု ပြောပြခဲ့သည်။
Image may be NSFW.
Clik here to view.

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ တာဝန်ရှိသူတဦးမှလည်း ယခုကဲ့သို့ ဖြေကြားခဲ့ပါသည်။
` ကျနော်တို့ ဒီသဘောင်္တွေက မြစ်ဝကျွန်းပေါ်သွား သင်္ဘောတွေပါ။ အခုတော့ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာတော့ သင်္ဘောစီးတဲ့သူ နည်းတဲ့အခါမှာ ဒီလိုမျိုး လုပ်ဖို့ စီစဉ်ဖြစ်တာပါ ´ ဟု ပြောကြားခဲ့သည်။
သင်္ဘောပေါ် လိုက်ပါစီးနင်းရန် လိုက်ချင်သူများ 01- 206266 ၊09 73035867၊095163880 သို့ဆက်သွယ်နိုင်ကြောင်းလည်း ထပ်မံသိရှိရသည်။