Quantcast
Viewing all articles
Browse latest Browse all 9633

နေစရာမရှိသူများက ကျေးရွာသစ်ဖော်ဆောင်



နေစရာမရှိသူများက ကျေးရွာသစ်ဖော်ဆောင်
ဟန်သစ်နိုင်၊ မိုးမခ၊ ဇူလိုင် ၅ရက်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင်း ကံ့ကော်ကျွန်းကျေးရွာသစ်ကို အိမ်ယာမရှိသူများ စုပေါင်းပြီး ၂၀၁၅ခုနှစ်၊ မတ်လ ပိုင်းတွင် ဖော်ဆောင်ကာ( ၅၈) ဧက ပြီးစီးခဲ့သည်။ ထိုကဲ့သို့ဖော်ဆောင်ရာ တွင် မြေယာဦးဆောင်သူများက အိမ်ယာမဲ့များကို စည်းမျည်းစည်းကမ်းများဖြင့် သေချာစစ်ဆေးပြီး မိသားစုတစ်စုကို ပေ ၄၀၊ ၆၀ အခမဲ့ဆောက်လုပ်ခွင့်ပြုခဲ့သည်။ ယခုအခါတွင် နေထိုင်သူ မိသားစုဝင်( ၃၆၅)ဦး ရှိနေပြီဖြစ်သည်။ ဆောက်လုပ်နေထိုင်သောမြေနေယာသည် စက်မှုသီးနှံမှ စပါးလင်ဆီမွှေးစီမံ ကိန်းမြေနေရာဖြစ်သော်လည်း စီမံကိန်းပျက်သွားသဖြင့် ၄င်းမြေနေယာကို သက်ဆိုင်ရာဌာန (၁၄)ခုသို့ နေခွင့်ပြုရန် အိမ်ယာမဲ့များက တောင်းဆိုထားသည်။ ကျေးရွာ သစ်ဖော်ဆောင်ရာတွင် ဦးဆောင်သူ (၆)ဦးကို စက်မှုသီးနှံမှ ပုဒ်မ ၄၄၇ဖြင့် လှည်းကူမြို့နယ်တရားရုံးတွင် တရာစွဲထားသည်။ တရားစွဲဆိုနေချိန်တွင် နေထိုင်သူအားလုံးကို စက်မှုသီးနှံနေရာမှ ဖယ်ရှားပေးရန်၊ မဖယ်ရှားပေးလျှင် ဂေါ်များဖြင့်ထိုးခြင်း၊ ဥပဒေအရအရေးယူခြင်းများပြုလုပ်သွားမည်ဟု ခြိမ်းခြောက်မှုများရှိခဲ့သည်။
          “ဒီမြေနေရာဟာ အရင်ကတည်းက ရွာစားကျက်ပါ၊ အဲဒါကို စက်မှုသီးနှံကစီမံကိန်းနဲ့ သိမ်းသွားတယ် ဘာမှလည်းလာမလုပ်ဖူး၊ နောက်တော့စီမံကိန်းပျက်သွားတယ်၊ အဲဒါကြောင့် ကျနော်တို့က အနယ်နယ်အရပ်ရပ်က လာရောက်လုပ်ကိုင်ပြီး နေစရာဆင်းရဲသူများကို ဦးဆောင်ပြီးကူညီပေးတာပါ၊ ကျနော်တို့ကလည်း အနီးအနားရွာတွေက အနေဆင်းရဲ ဘောက်လုပ်စားတဲ့သူတွေပါ” ဟု ဦးဆောင်သူကိုမောင်နိုင်က ပြောပြသည်။
          ဆက်လက်ပြီး ၄င်းက “ကျနော်တို့အခုနေထိုင်သူအားလုံးဟာ လာမယ့်ရွေးကောက်ပွဲအတွက် မဲစာရင်းတွေကို ဘယ်ကမှလည်း လာမကောက်ကျဘူး၊ စာရင်းမရှိတော့ဘယ်လိုထည့်ရမှန်းလဲမသိဘူး” ဟု ပြောသည်။

Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>