နေဝန်းနီ (မန္တလေး) - ကုသိုလ်တော် ဘုရားဝန်းထဲက ပြဇာတ်များ
(မိုးမခ) ဇူလိုင် ၅၊ ၂၀၁၅
မန္တလေးမြို့က ဘုရားအမည်
ကုသိုလ်တော်မှာ
ခပ်ငယ်ငယ်ညီမအရွယ်
သစ်ရွက်ပုံသနပ်ခါးပါးကွပ်
ကျောင်းဝတ်စုံအင်္ကျီလေးနဲ့
ဈေးဗန်းလေးခေါင်းပေါ်တင်
ခရေပန်းသည်လေး သူ့ဘဝ
တစ်ခါတစ်ခါ ကလေးငယ်လေးက
သူ့အလွတ်ကျတ်ထားတဲ့
သမိုင်းလေးကြောင်းလေးတွေနဲ့
ဧည့်လမ်းညွှန်လည်းလုပ်တယ်
တစ်ခါတစ်ခါ ကလေးငယ်က
ခရေပင်ကြီးတွေရှိနေသ၍
မနက်စာဈေးဖိုးမပြောက်ဘူးပြောတယ်
ကျောက်စာကြီးတွေရှိနေသ၍
သူမမုန့်ဖိုးရကြောင်းပြောတယ်
တစ်ခါတစ်ခါ ကလေးငယ်က
ဆင်းရဲသားပပျောက်ရေးဆိုတာ
ဘာမှန်းမသိကြောင်းပြောတယ်
ကော်ဇောနီခင်းထားတဲ့နေ့ဆို
နေ့တွက်မကိုက်ကြောင်းပြောတယ်
တစ်ခါတစ်ခါ ကလေးငယ်က
မြို့ကြီးပြောက်မှာကို စိုးရိမ်မိကြောင်းပြောတယ်
သူတို့တွေမြို့ပြင်ထွက်နေရကြောင်းပြောတယ်
တစ်ခါတစ်ခါ ကလေးငယ်က
သူ့မိသားစု ညစာ နောက်မကျဖို့
မီးပွိုင့်တွေမှာ
ခရေပန်းရောင်းရတဲ့အကြောင်းပြောတယ်
တစ်ခါတစ်ခါ ကလေးငယ်က
သူပညာတက်ကြီးဖြစ်ချင်တဲ့အကြောင်းပြောတယ်
သူ့အဖေအရက်သမားကြီးအကြောင်းပြောတယ်
တစ်လသားသူ့မောင်လေးအကြောင်းပြောတယ်
တစ်ခါတစ်ခါ
ကလေးငယ်ရဲ့ မျက်ဝန်းမှာ
မျက်ရည်စတွေ စီးလို့
လေးစားစွာဖြင့်
နေဝန်းနီ (မန္တလေး)
(မိုးမခ) ဇူလိုင် ၅၊ ၂၀၁၅
မန္တလေးမြို့က ဘုရားအမည်
ကုသိုလ်တော်မှာ
ခပ်ငယ်ငယ်ညီမအရွယ်
သစ်ရွက်ပုံသနပ်ခါးပါးကွပ်
ကျောင်းဝတ်စုံအင်္ကျီလေးနဲ့
ဈေးဗန်းလေးခေါင်းပေါ်တင်
ခရေပန်းသည်လေး သူ့ဘဝ
တစ်ခါတစ်ခါ ကလေးငယ်လေးက
သူ့အလွတ်ကျတ်ထားတဲ့
သမိုင်းလေးကြောင်းလေးတွေနဲ့
ဧည့်လမ်းညွှန်လည်းလုပ်တယ်
တစ်ခါတစ်ခါ ကလေးငယ်က
ခရေပင်ကြီးတွေရှိနေသ၍
မနက်စာဈေးဖိုးမပြောက်ဘူးပြောတယ်
ကျောက်စာကြီးတွေရှိနေသ၍
သူမမုန့်ဖိုးရကြောင်းပြောတယ်
တစ်ခါတစ်ခါ ကလေးငယ်က
ဆင်းရဲသားပပျောက်ရေးဆိုတာ
ဘာမှန်းမသိကြောင်းပြောတယ်
ကော်ဇောနီခင်းထားတဲ့နေ့ဆို
နေ့တွက်မကိုက်ကြောင်းပြောတယ်
တစ်ခါတစ်ခါ ကလေးငယ်က
မြို့ကြီးပြောက်မှာကို စိုးရိမ်မိကြောင်းပြောတယ်
သူတို့တွေမြို့ပြင်ထွက်နေရကြောင်းပြောတယ်
တစ်ခါတစ်ခါ ကလေးငယ်က
သူ့မိသားစု ညစာ နောက်မကျဖို့
မီးပွိုင့်တွေမှာ
ခရေပန်းရောင်းရတဲ့အကြောင်းပြောတယ်
တစ်ခါတစ်ခါ ကလေးငယ်က
သူပညာတက်ကြီးဖြစ်ချင်တဲ့အကြောင်းပြောတယ်
သူ့အဖေအရက်သမားကြီးအကြောင်းပြောတယ်
တစ်လသားသူ့မောင်လေးအကြောင်းပြောတယ်
တစ်ခါတစ်ခါ
ကလေးငယ်ရဲ့ မျက်ဝန်းမှာ
မျက်ရည်စတွေ စီးလို့
လေးစားစွာဖြင့်
နေဝန်းနီ (မန္တလေး)