Quantcast
Viewing all articles
Browse latest Browse all 9633

ခင်လွန်း - ကဗျာဆရာကြီး (ဦး) တင်မိုး ကွယ်လွန်ခြင်း (၉) နှစ်ပြည့်အမှတ်တရ

Image may be NSFW.
Clik here to view.
(မြန်မာနိုင်ငံလွတ်လပ်သည့်သတင်းအေဂျင်စီ (မိုးကြိုးသတင်းစဉ်) နှင့် ဆရာ (ဦး) တင်မိုး တွေ့ဆုံစဉ်က

ခင်လွန်း - ကဗျာဆရာကြီး (ဦး) တင်မိုး ကွယ်လွန်ခြင်း (၉) နှစ်ပြည့်အမှတ်တရ
(မိုးမခ) ဇန်န၀ါရီ ၂၂၊ ၂၀၁၆
......
နောက်ခဏနေရင် ဇန်န၀ါရီ ၂၃ ထဲကို ရောက်တော့မယ်။

လွန်ခဲ့တဲ့ (၉) နှစ် ဒီနေ့ဒီရက်မျိုးမှာ ကျနော်တို့လေးစားချစ်ခင်တဲ့ ကဗျာဆရာကြီးဦးတင်မိုး ကွယ်လွန်သွားခဲ့တာကို အမှတ် တရရှိနေခဲ့တယ်။

ဒီ့အတွက် ကျနော်ဟာ ဆရာ့ကိုအောက်မေ့သတိရစွာနဲ့ ရေးစရာတွေရှိနေတာကို ရေးဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပေမယ့် ကျန်းမာ ရေးအခြေအနေကြောင့် အချိန်မီအောင် မရေးဖြစ်နိုင်တော့ဘူး။

နောက်နေ့ကို ကူးဖို့အချိန်နဲနဲလေးပဲလိုတော့မှ စိတ်က နေလို့မရအောင် ရေးချင်လာမိတယ်။

သေချာတယ် ကျနော် ဇန်န၀ါရီ ၂၂ ရက်ကို အမိအရ ဖမ်းနိုင်တော့မှာမဟုတ်ဘူး။

Image may be NSFW.
Clik here to view.
နောင်ရိုးလက္ဘ်ရည်ဆိုင်မှာတွေ့ခဲ့ရတဲ့ ဆရာ (ဦး) တင်မိုးနှင့် ကဗျာဆရာ ခင်လွန်း

ဆိုတော့ ဆရာမကွယ်လွန်မီ (၆) လလောက်အလိုမှာ ထိုင်းနိုင်ငံက မြန်မာနယ်စပ်ထိနေတဲ့မဲဆောက်မြို့ကိုရောက်လာစဉ် မှာ နေထိုင်ထိတွေ့သွားခဲ့တဲ့လူတွေနဲ့ ဆရာလှုပ်ရှားဆောင်ရွက်ခဲ့တဲ့ စာပေအနုပညာမျက်နှာစာက တော်လှန်ရေးအမွေပေး ခဲ့ပုံတွေကို အောက်မေ့သတိရစွာနဲ့ ဓာတ်ပုံလေးတွေပဲ တင်လိုက်ပါတယ်။

ကျနော်တို့ရဲ့ မြန်မာနိုင်ငံလွတ်လပ်တဲ့သတင်းအေဂျင်စီက မိုးကြိုးလို့ခေါ်တဲ့ သူပုန်သတင်းစာတိုက်ကနေ စီစဉ်ကျင်းပတဲ့ စာပေစကားဝိုင်းမှာ ဆရာဟောပြောခဲ့တဲ့ပုံနဲ့ အဲဒီ့ဟောပြောပွဲအပြီး လူငယ်ပန်းချီဆရာ ကိုဉာဏ်စိုးက ဆရာ့ကို အမှတ်တရ ပန်းချီကားတချပ် လက်ဆောင်ပေးနေတဲပုံဖြစ်ပါတယ်။

Image may be NSFW.
Clik here to view.
ပန်းချီဆရာ ကိုဉာဏ်စိုးမှ သနပ်ခါး အမည်ရတဲ့ ပန်ချီးကားကို ဆရာ(ဦး) တင်မိုးထံ ပေးအပ်နေစဉ်

ပြီးတော့ မိုးကြိုးဝိုင်းတော်သား ရဲဘော်ရဲမေတွေနဲ့ဆရာ အမှတ်တရရိုက်ထားပုံကိုလဲ အားလုံး ပြန်သတိရ အောက်မေ့နိုင်ဖို့ တင်ပေးလိုက်ပါတယ်။

နောက် မြန်မာပြည်က လက်ဖက်ရည်ဆိုင်လေးတွေလိုမျိုးဖွင့်ထားတဲ့ မြန်မာနိုင်ငံသားလက်ဖက်ရည်ဆိုင်လေးမှာ ဆရာနဲ့ ကျောင်းသားတပ်မတော်က ကဗျာ စာပေသမားတွေ ထိုင်ခဲ့ကြတဲ့ပုံလေးကိုလဲ အလွမ်းပြေတင်ပေးလိုက်ပါတယ်။

Image may be NSFW.
Clik here to view.
ကဗျာဆရာကြီး ဦးတင်မိုးနှင့် ကဗျာဆရာ ညိုထက် (လမ်းသစ်ဦး) (လယ်) တို့ နောင်ရိုး လက်္ဘရည်ဆိုင်တွေ တွေ့ရစဉ်

နောက်နေ့ ကျနော်ကျန်းမာလာရင်တော့ ဆရာကွယ်လွန်ခြင်းနှစ်ပတ်လည်အမှတ်တရ ဖန်မီးအိမ်လေးတလုံးထွန်းညှိပြီး ဒုက္ခသည်စခန်းတခုထဲမှာ ဖြစ်တောင့်ဖြစ်ခဲ စာပေဟောပြောပွဲကျင်းပခဲ့ပုံလေးကို ရေးဖို့ကြိုးစားကြည့်ပါအုံးမယ်။
ဟော ...နေ့ကူးတော့မယ် ၃-၄ မိနစ်အလို...။

ဇန်န၀ါရီ ၂၂ ရက်
ည- ၁၁ နာရီ ၅၇ မိနစ်
၂၀၁၆


Image may be NSFW.
Clik here to view.
ကဗျာဆရာကြီးနှင့် မိုးကြိုးသတင်းစဉ် မိသားစု

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...