Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

သွန်းခ - လွှတ်ပြန်ပါပြီခင်ဗျ

$
0
0

သွန်းခ - လွှတ်ပြန်ပါပြီခင်ဗျ
(မိုးမခ) ဇန်နဝါရီ-၂၃၊၂ဝ၁၆


နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက် အရ ဒီကနေ့ ၂၂၊၁၊၂ဝ၁၆ မနက်ပိုင်းကစပြီး မြန်မာနိုင်ငံ တစ်ဝန်း မှာ ရှိ နေတဲ့ အကျဉ်းထောင်တွေကနေ အကျဉ်းသား ၁ဝ၁ ဦးကိုလွှတ်ပေးခဲ့ပါတယ်။

အဲဒီ အထဲမှာ နိုင်ငံရေး အကျဉ်းသား ၅၂ ယောက် ပါတယ်လို့ သိရပြီး အင်းစိန် ဗဟိုအကျဉ်းထောင် ကတော့ နိုင်ငံရေးအကျဉ်းသား ၁၉ ဦး လွတ်လာတယ် ဆိုတာသိရတာပါ။ ဖားအံထောင်က ၁၈ ဦး လွတ်လာပါတယ်။

မိတ္ထီလာထောင်မှာ မိုးထိ မိုးမိ သပိတ်ကြောင့် အကျဉ်းကျနေတဲ့ ကိုဆန်းမင်း လည်းလွတ်လာတယ်လို့ သိရပါတယ်။

ဒီနေ့ ညနေ ၃ နာရီ အထိ စာရင်းဖြစ်ပြီး ပညာရေးသပိတ်က ကျောင်းသားတွေ၊ စာရေးဆရာ (ဦး)ထင်လင်းဦး နဲ့ တခြားနိုင်ငံရေး အကျဉ်းသားတွေ လွတ်မလာ သေးဘူးဆိုတာကြားသိရပါတယ်။


 နောက်နေ့တွေ အတွက် တော့ မျှော်ရဦးမှာပေါ့ လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊နိုင်ငံရေး အကျဉ်း သားရေးရာ ကော်မီတီ အတွင်းရေးမှူး ဦးထွန်းကြည် ကပြောပါတယ်။

ဘယ် နှ ယောက်ပဲလွှတ်လွှတ် ဝမ်းသာကြရမှာဖြစ်ပြီး ကျန်နေရစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ အတွက် လည်း မိသားစုတွေက မျှော်လင့် နေကြဆဲပါ။

ရာဇဝတ်မှု ကျူးလွန်ကြသူတွေ မဟုတ်ပဲ နိုင်ငံရေး အမှုနဲ့ အကျဉ်းကျခံရသူတွေ လွှတ်ပေးဖို့ ကောင်းပါတယ် လို့ အပြောင်းအလဲတွေကို လိုလားနေကြတဲ့ မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်း တွေဆီက လိုလားနေကြတာပါ။

Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>