Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ရန်လိုကျွဲ - အစိုးရသစ်လက်ထက်မှာ ထောက်လှမ်းရေးအဖွဲ့ ဘာလုပ်မလဲ

$
0
0

ရန်လိုကျွဲ - အစိုးရသစ်လက်ထက်မှာ ထောက်လှမ်းရေးအဖွဲ့ ဘာလုပ်မလဲ
(မိုးမခ) ဇန်န၀ါရီ ၂၅၊ ၂၀၁၆



ရွေးကောက်ပွဲ အပြတ်အသတ် နိုင်သွားသည့် ပေါ်ပြူလာပါတီ အစိုးရဖွဲ့လိုက်သောကြောင့် ဒုက္ခအကြီးအကျယ်ရောက်နေသူများမှာ ထောက်လှမ်းရေးများဖြစ်ကြသည်။

ပေါ်ပြူလာပါတီသည် ထောက်လှမ်းရေးတို့နှင့် လွန်စွာ ရင်းနှီး၏။ ပေါ်ပြူလာပါတီဝင်အသီးသီး ဖမ်းဆီးနှိပ်စက်ခံရပြီး ထောင်နှစ်ရှည်ကျခံရအောင် စနစ်တကျ အကွက်ဖော်ခဲ့သူများမှာ ထောက်လှမ်းရေးများဖြစ်ကြသည်။

အဘယ့်ကြောင့် ထိုသို့ ပြုမူရသနည်း။ ရှင်းပါသည်။ ဗိုလ်ချုပ်ကြီးတို့နှင့် သဘောထားခြင်း မတိုက်ဆိုင်သူမှန်သမျှကို စောင့်ကြည့်ပြီး လိုအပ်ရင် လိုအပ်သလို ထောင်ထဲထည့် ထုထောင်းရသည်မှာ သူတို့၏ ဘဝပေးတာဝန် ဖြစ်နေသောကြောင့်ပင်တည်း။

ဒုက္ခသီရိကို ဗိုလ်ချုပ်ကြီးတို့ အနိုင်ကျင့်အုပ်ချုပ်သည့် အနှစ် ၅ဝ ကာလ အတွင်း ထောက်လှမ်းရေးတို့ အလုပ် လွန်စွာ များခဲ့ရသည်။ သူတို့၏ အခြေခံအလုပ်မှာ အတိုက်အခံတို့ကို စောင့်ကြည့်ရသည့်အလုပ် ဖြစ်၏။

အနှစ် ၅ဝ အတွင်း ထောက်လှမ်းရေးတို့ကြောင့် ဒုက္ခများခဲ့ရသည့် နိုင်ငံရေးသမား အရေအတွက်မည်မျှရှိသနည်းဟု လွှတ်တော်တွင် မေးမြန်းရာ "ကျွန်တော်တို့ ဖမ်းဆီးနှိပ်စက်ခဲ့သူအရေအတွက်က ငါးသိန်းထက်မနည်းရှိပြီး ထောင်ကို အပို့ခံရသူပေါင်းကတော့ ငါးသောင်းကျော်နိုင်ပါတယ်"ဟု ထောက်လှမ်းရေးအရာရှိတစ်ဦးက လွှတ်တော်တွင် လျှော့လျှော့ပေါ့ပေါ့ ဖြေကြားလေသည်။

အဖြူအစိမ်းဝတ်ကျောင်းသားငယ်အစ၊ ရဟန်း သံဃာအလယ်၊ အသက် ၇ဝ ကျော် လူပုဂ္ဂိုလ်အဆုံး အကြောင်းမဲ့ဖမ်း၊ အမှုဆင်ဖမ်းခံရသည်။ တရားသူကြီးတို့ကလည်း ထောင်ဒဏ်များများပေးခြင်းဖြင့် တာဝန်ကျေခဲ့ကြလေသည်။ ဖော်လံဖားသူတို့မှာ ဝန်ထမ်းကောင်းတံဆိပ်များ၊ အမည်ရှည်လျားလျား ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ခံရလေသည်။ ဖော်လံဖား ဆိုသည့် စကားလုံးမှာ ရိုင်းစိုင်းသည် ဆိုသော်လည်း သူတို့အတွက် ဤအသုံးအနှုန်းက သက်ညှာရာရောက်နေသေးသည်ဟုဆိုကာ ကျေနပ်နေဖွယ်ရှိသည်။

ထောက်လှမ်းရေးပညာရပ်တွင် သတင်းအချက်အလက် ရယူသည့်နည်းလမ်းမှာ အမျိုးမျိုးရှိသော်လည်း ဒုက္ခသီရိ လူစွမ်းကောင်းတို့ကမူ နည်းလမ်းတစ်ခုကိုသာ သုံးလေ့ရှိသည်။ ထိုနည်းမှာ ဖမ်းဆီးနှိပ်စက်ညှဉ်းပန်းပြီး စစ်ဆေးမေးမြန်းသည့်နည်းပင်။

မဟုတ်မဟတ်နည်းလမ်းဖြင့် ငွေများများရှာနိုင်သော်လည်း ထိုပိုက်ဆံတို့ကို ထောက်လှမ်းရေးလုပ်ငန်းအတွက်မသုံး၊ အိတ်ထဲသို့သာ ထည့်သဖြင့် ထောက်လှမ်းရေးတို့ ကြွယ်ဝ ချမ်းသာကြလေကုန်၏။

"အတိုက်အခံမှန်သမျှကို နှိပ်ကွပ်ရမယ်"ဟူသော မူဝါဒအရ လူအများအပြားကို ဒုက္ခပေးခဲ့ကြသည်။ နာရေးကူညီမှုအသင်းကိုပင် ချမ်းသာမပေးပေ။

"မပူပါနဲ့၊ ခင်ဗျားတို့သေလည်း ကျုပ်တို့က ကူညီမှာပါ။ တကောက်ကောက် လိုက်ကြည့်စရာ မလိုပါဘူး။ ကျုပ်တို့က မသာအိမ်နဲ့ သင်္ချိုင်းကုန်းကိုပဲ ဝင်ထွက်နေတာ။ ခင်ဗျားတို့ သတင်းရမယ်ဆိုလည်း ဖဲဝိုင်းသတင်းပဲ ရမှာပေါ့"ဟု နာရေးကူညီသူတချို့က မှတ်ချက်ပြု၏။

တချို့ကလည်း "ကျုပ်တို့နောက်လိုက်မယ့်အစား အစွန်းရောက်သမား အကြမ်းဖက်သမားတွေနောက်ကို လိုက်ပါလား။ သတင်းထောက်ကို လည်ပင်းဖြတ်ဖို့ လှုံ့ဆော်သူနောက်ကို လိုက်ပါလား"ဟု အငေါ်တူး၏။ မည်သို့ပင် ပြောစေကာမူ... ထောက်လှမ်းရေးတို့က အကျင့်မပြောင်းခဲ့ကြပေ။ ဗိုလ်ချုပ်ကြီးတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုသူမှန်သမျှ၊ လူထုထောက်ခံသူမှန်သမျှကို သူတို့ စုံစမ်းထောက်လှမ်းရ၊ စောင့်ကြည့်ရပေလိမ့်မည်။

ချိုကုပ်ဒူးကြီး အပါအဝင် ဗိုလ်ချုပ်ကြီးတို့ ကုလားထိုင်မြဲရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားခဲ့ကြသော ထောက်လှမ်းရေးသူရဲကောင်းတို့ ယခုတော့ အခက်တွေ့လေပြီ။

သူတို့ တကောက်ကောက်လိုက်၊ တစိုက်မတ်မတ် ဒုက္ခပေး၊ ထောင်အရောက်ပို့ခဲ့သူတို့မှာ ဝန်ကြီးတွေ ဖြစ်လိုဖြစ်၊ လွှတ်တော်ထဲရောက်လိုရောက် ဖြစ်ကုန်ကြပြီ။ အစိုးရဖွဲ့ကြပြီ။

ဤသို့ဆိုလျှင် သူတို့၏ တာဝန်မှာ အစိုးရဘဝမှ အတိုက်အခံဘဝသို့ အသွင်ပြောင်းလိုက်ရသော ဗိုလ်ချုပ်ကြီးများ၊ ၎င်းတို့၏အပေါင်းအပါအပါများနောက်ကို တကောက်ကောက်လိုက်ခြင်း ဖြစ်လာမည်လော။ သူတို့၏ ဘဝပေးအသိအရ ထိုသို့ ဖြစ်လာမည်မဟုတ်မှန်း အလိုအလျောက် နားလည်မိကြသည်။ သို့သော်လည်း ဘာဆက်လုပ်ရမည် ဆိုသည်ကို သူတို့ ဝေခွဲမရဖြစ်နေသည်။

ဝေခွဲမရဖြစ်နေသည့် အနေအထား မည်မျှပင် မကြာလိုက်ချေ။ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ချိုကုပ်ဒူးကြီးထံမှ ညွှန်ကြားချက် ထွက်လာလေသည်။

"အရင်လူတွေနောက်ကို အရင်အတိုင်း ဆက်လိုက်ကြ"ဟူသတည်း။

ထိုညွှန်ကြားချက်ကြောင့် မိတ်ဆွေစာဖတ်သူတို့ အံ့အားသင့်သွားကြပေလိမ့်မည်။ မအံ့သြကြပါနှင့်။

ဗိုလ်ချုပ်ကြီးတို့ စိတ်ကြိုက် ရေးဆွဲထားသော အခြေခံဥပဒေအရ ထောက်လှမ်းရေးခေါင်းဆောင်တာဝန် ယူမည့်သူကို ချိုကုပ်ဒူးကြီးစိတ်ကြိုက် ရွေးချယ်ရမည်ဖြစ်သည်။ သစ္စာခံရမည့်သူမှာလည်း ချိုကုပ်ဒူးကြီးပင်
ဖြစ်တော့သည်။

ထို့ကြောင့် အတိုက်အခံဖြစ်ခဲ့သူတို့ လွှတ်တော်အမတ်ဖြစ်နေရုံမက သမ္မတ၊ ဝန်ကြီး ဖြစ်နေပါစေ ... ၎င်းတို့ ဘာလုပ်လုပ်၊ ဘယ်သွားသွား ကိုရွှေထောက်လှမ်းရေး၊ မရွှေထောက်လှမ်းရေးတို့က ဆက်လက် စောင့်ကြည့်ရမည်၊ ထို့ကြောင့် "အရင်လူတွေနောက်ကို အရင်အတိုင်း ဆက်လိုက်ကြ"ဟု ချိုကုပ်ဒူးကြီးက အခြေခံဥပဒေအရ ညွှန်ကြားလိုက်ခြင်း ဖြစ်ပေသတည်း။ ။

Viewing all articles
Browse latest Browse all 9633

Trending Articles


စနေမင်း နှင့် တနင်္ဂနွေမင်း


ကမ္ဘာကျော်တရုတ်နတ်သမီးဆယ်ယောက်


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


မိုးဇေညိမ်း ဘာလဲ ဘယ်လဲ ??


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


ကျော်သူ မောင်မင်းကြီးသားမောင်မြဖေ ကျော်သူ၊ လွင်မိုး၊ မေသန်းနု


ခဲအိုကခယ်မဖြစ်သူကို သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>