Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

တင်ဇာမော် မွေးနေ့ တစ်ကိုယ်တော်ရှိုး ကျင်းပပြုလုပ်မည်

$
0
0


တင်ဇာမော် မွေးနေ့ တစ်ကိုယ်တော်ရှိုး ကျင်းပပြုလုပ်မည်
ရန်နောင်(ဗိုလ်တထောင်) မိုးမခ ၊ ဖေဖော်ဝါရီ ၂။ ၂၀၁၆


အဆိုတော် တင်ဇာမော် ၏ အသက်လေးဆယ်ပြည့် မွေးနေ့ အမှတ်တရ အဖြစ် ` ကိုယ့်မွေးနေ့ ´ ဟု အမည်ပေးထားသည့် တစ်ကိုယ်တော် ရှိုး ပွဲကြီးကို ဖေဖေါ်ဝါရီ (၆) ရက်နေ့တွင် မင်းဓမ္မလမ်းရှိ MCC တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

အနုပညာသက်တမ်း ၂၁ နှစ်အတွင်း ပထမဆုံးအကြိမ် တစ်ကိုယ်တော် ရှိုးပွဲ ကျင်းပပြုလုပ်မည့် တင်ဇာမော် ၏ ရှိုးပွဲကို မူလက အမျိုးသားဇာတ်ရုံတွင် ဖေဖေါ်ဝါရီလ (၇) ရက်နေ့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော်လည်း ပြုလုပ်ခွင့်မရသဖြင့် အမ်စီစီတွင် ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း အခမ်းအနားမှူး ဦးလင်းနိုင်ဦး(အလင်းတန်း) မှ ပြောကြားခဲ့သည်။

ခေတ်ပြိုင် အဆိုတော်များ - တင်ဇာမော်၊ ကော်နီ၊ မီမီဝင်းဖေ


 ရှိုးပွဲကြီးကို အင်ဒိုးဆန်ဆန် ကျင်းပပြုလုပ်မှာဖြစ်ပြီး ပရိသတ် (၁၅၀၀ )ကျော်အတွက်သာ ထိုင်ခုံများ ရောင်းချမည်ဖြစ်သည်။ Plus 3 Music Band နှင့် သီချင်းအပုဒ် ၂၇ ပုဒ်မှ ၃၀ ပုဒ်ကြား သီဆိုဖျော်ဖြေမည်ဖြစ်သည်။

လက်မှတ်ဈေးနှုန်းများမှာ သုံးသောင်း ၊နှစ်သောင်း၊ တသောင်း ကျပ်သတ်မှတ်ထားပြီး လက်မှတ်များကို မန်းသီရိတေးသံသွင်း၊ ကိုကိုဗျူတီစလွန်း(ဒဂုံစင်တာ)၊ စန္ဒာမောင်(ဗိုလ်ချုပ်ဈေး)၊ SH Gem နှင့် Champion ဆိုင်များတွင် ဝယ်ယူရရှိနိုင်ကြောင်းလည်း စီစဉ်သူ ကိုအီကြာကွေးမှ ပြောကြားခဲ့သည်။


Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>