လင်းသက်ငြိမ် - သမိုင်းလည်ပြန်
(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၆
မင်းလည်း ဘာမှမတတ်နိုင်ဘူး
ငါလည်း ဘာမှမတတ်နိုင်ဘူး
မင်းလည်း ဘာမှမလုပ်နိုင်ဘူး
ငါလည်း ဘာမှမလုပ်နိုင်ဘူး
မင်းလည်း ဘာမှမပြောနိုင်ဘူး
ငါလည်း ဘာမှမပြောနိုင်ဘူး
တကယ့်အနာအကျင်ဇာတ်ပဲ
တောက်ခေါက်သံတွေက
သွားကြားထဲတင်၊ ရင်ခေါင်းထဲတင်
ပျောက်ပျောက်သွား
ပိုင်ရှင်မဲ့ဖိနပ်များ...
ကျွတ်ကျန်ခဲ့တဲ့ ထမီများ၊ ပုဆိုးများ
ပြန့်ကြဲနေတဲ့ တုတ်ကျိုးများ၊ အုတ်ခဲကျိုးများ
ခမောက်များ၊ ဦးထုပ်များ
သွေးစစေးထန်းများ
အောက်ပိုင်းဒဏ်ရာ အပြင်းအထန်နဲ့
အမျိုးကောင်း သမီးပျိုကလေးများ
ငါတို့ကြားခဲ့ရတယ်
ငါတို့ကြည့်ခဲ့ရတယ်
ငါတို့ဖတ်ခဲ့ရတယ်
အပျက်အပျက်နဲ့ ခွေးသူခိုးတွေ
တက်တက်လာခဲ့တဲ့
နေ့တွေ၊ လတွေ၊ နှစ်တွေ
အသံတွေတိတ်နေတဲ့လမ်းများ
မှောင်မိုက်နေတဲ့ရပ်ကွက်များ
အလင်းရောင်မရှိတဲ့ နိုင်ငံတော်ကြီးမှာ
တစ်စ တစ်စနဲ့ နွံနစ်သထက် နစ်နစ်နေတဲ့
ငါတို့ တိုင်းပြည်ကြီးမှာ
မင်းလည်း ဘာမှမတတ်နိုင်ဘူး
ငါလည်း ဘာမှမတတ်နိုင်ဘူး
ငါတို့တွေအားလုံး ဘာမှ မတတ်နိုင်ခဲ့ဘူးမဟုတ်လား
ငါတို့တွေ ဦးညွတ်အလေးပြုပါတယ်
ငါတိုတွေ အလေးအနက်
တန်ဖိုးထားပါတယ်
ကျောက်ခဲရေထဲကျသလိုဆိုပေမယ့်
ဂယက်ကလေးတွေက ငါတို့တွေရဲ့
မျှော်လင့်ချက်ပဲမဟုတ်လား... ။ ။
လင်းသက်ငြိမ်
မင်းလည်း ဘာမှမတတ်နိုင်ဘူး
ငါလည်း ဘာမှမတတ်နိုင်ဘူး
မင်းလည်း ဘာမှမလုပ်နိုင်ဘူး
ငါလည်း ဘာမှမလုပ်နိုင်ဘူး
မင်းလည်း ဘာမှမပြောနိုင်ဘူး
ငါလည်း ဘာမှမပြောနိုင်ဘူး
တကယ့်အနာအကျင်ဇာတ်ပဲ
တောက်ခေါက်သံတွေက
သွားကြားထဲတင်၊ ရင်ခေါင်းထဲတင်
ပျောက်ပျောက်သွား
ပိုင်ရှင်မဲ့ဖိနပ်များ...
ကျွတ်ကျန်ခဲ့တဲ့ ထမီများ၊ ပုဆိုးများ
ပြန့်ကြဲနေတဲ့ တုတ်ကျိုးများ၊ အုတ်ခဲကျိုးများ
ခမောက်များ၊ ဦးထုပ်များ
သွေးစစေးထန်းများ
အောက်ပိုင်းဒဏ်ရာ အပြင်းအထန်နဲ့
အမျိုးကောင်း သမီးပျိုကလေးများ
ငါတို့ကြားခဲ့ရတယ်
ငါတို့ကြည့်ခဲ့ရတယ်
ငါတို့ဖတ်ခဲ့ရတယ်
အပျက်အပျက်နဲ့ ခွေးသူခိုးတွေ
တက်တက်လာခဲ့တဲ့
နေ့တွေ၊ လတွေ၊ နှစ်တွေ
အသံတွေတိတ်နေတဲ့လမ်းများ
မှောင်မိုက်နေတဲ့ရပ်ကွက်များ
အလင်းရောင်မရှိတဲ့ နိုင်ငံတော်ကြီးမှာ
တစ်စ တစ်စနဲ့ နွံနစ်သထက် နစ်နစ်နေတဲ့
ငါတို့ တိုင်းပြည်ကြီးမှာ
မင်းလည်း ဘာမှမတတ်နိုင်ဘူး
ငါလည်း ဘာမှမတတ်နိုင်ဘူး
ငါတို့တွေအားလုံး ဘာမှ မတတ်နိုင်ခဲ့ဘူးမဟုတ်လား
ငါတို့တွေ ဦးညွတ်အလေးပြုပါတယ်
ငါတိုတွေ အလေးအနက်
တန်ဖိုးထားပါတယ်
ကျောက်ခဲရေထဲကျသလိုဆိုပေမယ့်
ဂယက်ကလေးတွေက ငါတို့တွေရဲ့
မျှော်လင့်ချက်ပဲမဟုတ်လား... ။ ။
လင်းသက်ငြိမ်