$ 0 0 ခက်ဦး - သမိုင်းစက်လက် သွေးနေ့ရက်များ(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၁၆တဖျပ်ဖျပ်ခတ်ချမျက်မွှေးမျက်တောင်တွေထဲညည်းတွားသံ ကျုံးဝါးသံ ကျိန်စာတိုက်သံရိုက်နှက်သံ ထုကြိတ်သံ နင်းချေသံများကျစ်ကျစ်ပါအောင် ဆုပ်စုသွား လက်သီးများတဆတ်ဆတ်တုန်ခါ တလျော့လျော့ ပြန်ပြေသွားအောက်နှုတ်ခမ်းသားများတဝန်းတဝိုက်သွားနဲ့ကြိတ်လှီးရာတချို့ သွေးတစို့စို့ အထင်းသားတဝင်းဝင်းတောက်အကြည့်များနဲ့ မီးတင်ရှို့နေကြပုံတဝင်းဝင်းတောက်အကြည့်များကို မီးနဲ့ပြန် ရှို့လိုက်ကြပုံအံတင်းမာန်ခဲ ကိုယ့်ကိုယ်ကို တရွတ်ဆွဲသွားနေကြပုံများတကျော့ပြန် အခေါ်ခံလိုက်ရဝိဥာဉ်လျော့ရဲ တရွတ်ဆွဲ ဖရိုဖရဲ ခန္ဓာကိုယ်များအလင်းအုံ့ အမှောင်ဆို့ ဥတုပျက်ထဲမှာသွေးညှို့တွေနဲ့ညှီ ဖုန်တွေထဲညစ်နေတာတောင်အားလုံးသော အားလုံးကို မိမိရရ.. ...။မီးထပွင့်မတတ် လျှပ်စီးတွေနဲ့တကိုယ်လုံး ထုံ ကျဉ် ခုန် မြောက်ပွင့်မတတ် ပေါက်မတတ် ဖြတ်အစီး ခံနေရခိုက်ခိုးခိုးခိခိ ကြည့်ကြည့်ပြီး ခါးထောက်ရယ်ကြမီးရှိန်နဲ့ရဲတဲ့ဓား ခြေအသားထဲဖိအကပ်မီးနဲ့သင်းတဲ့သံညှောင့် ဖနောင့်ထဲရိုက်အသွင်းမချိမဆန့် ဖျပ်ဖျပ်လူး စူးစူးဝါးဝါး ထအအော်ကိုအရက်ခါးလေးမြုံ့ စီးကရက်လေးဖွာ တစိမ့်စိမ့်ပြုံးပြုံးလေး ကြည့်နေ ရယ်နေနိုင်ကြတကျော့ပြန် ကင်ပေတိုင်တွေလိုနာဇီလက်သစ်တွေလို ပါးကွက်အာဏာသားတွေလိုအစီအစဉ်တကျ သပ်သပ်ရပ်ရပ်လက်ယဉ်ယဉ် ကျူးလွန်တတ်ခဲ့ပုံများအသက်ဓာတ်ပေါ် လုံခြုံမှု မဖုံးဖိနိုင်ချိန်မလုံမခြုံအမူအရာတွေ မလုံခြုံစွာနဲ့ပဲအနံ့ပြင်းပြင်း အဆင်းမွဲမွဲဆင်းဆင်းရဲရဲ အလင်းထဲမှာ.......။ငြိမ့်ဆင်းမသွား ညွှတ်ကျမသွား အကြိမ်ကြိမ် ခါရမ်းရင်းဝင့်ဝင့်စားစား အနာဂတ်ထဲထိ အကြည့်တည့်ချိန်အကြည့်တန်စွာ မရှုဝံ့ မမြင်ရက်အောင်ပြတ်ထွက် ပြိုကျ လိမ့်ဆင်းသွားအသင့်တူးထား ကျင်းများထဲ ဦးခေါင်းတွေဗြန်းကနဲ ဖွမ်းကနဲ သွေးတစ်အခဲသား ပွင့်ထွက်သွားပိုးစိုးပက်စက် ပိုးလိုးပက်လက်ကလီစာအထွေးသားနဲ့ ရင်ပတ်တွေသိက္ခာနဲ့ဣနြေ္ဒ ပျက်သုဉ်းရခြင်းတွေအဆစ်ပိတ်ဝါးနဲ့တဖွားဖွား လွင့်စင် ပဲ့ထွက် ဖွာလန်ကြဲအောင်တက်အကြိတ်ခံ အလှိမ့်ခံ ငါးဖယ်တေအတေခံထားရမွကြေ ဖူးယောင် အညိုအမဲစွဲ ခန္တာတွေညည်းညည်းညူညူ ပြတ်တောက်လွင့်စင်သွားသွေးအလူးလူးထဲ ခြေလက်အပြတ်တွေတောရိုင်းဓာတ်သင့်ဝန်းကျင်ဆိုးထဲလူသတ်ဥပဒေသာအာဏာတည်မှန်းသူရဲကောင်းဂုဏ်မြောက် ဇာတ်သိမ်းခန်းနဲ့စတေးပြသွားကြရပုံ ပြကွက်အဆင့်ဆင့်ပါဂျောင်စခန်းမှာ....မြောက်ပိုင်းမှာ.. ..အာသံကုန်းမှာ.. ....။ရုတ်တရက် သိလိုက်တယ်ရိုင်းတယ်သေသေချာချာ ပြန်တွေးမိသိပ်ရိုင်းတယ်စေ့စေ့စပ်စပ် ပြန်သုံးသပ်တော့ရိုင်းလိုက် ကြတာကွာ.......လှိုက်စားမှု အမြန်ဆုံး ဆူးရိုင်းသံသယထိုးဖောက်အား အမြင့်ဆုံး အစွယ်ချွန်အတ္တအညှိုးနဲ့ အာဃာတ ထပ်တိုးသုတ်လိမ်းခံရတဲ့အခါ.....လူ့အခွင့်အရေး ဟစ်ကြွေးသူတွေကလူ့အခွင့်အရေး တိုက်ပွဲဝင်သူတွေကိုဒီမိုကရေစီရေး ဟစ်ကြွေးသူတွေကဒီမိုကရေစီရေး တိုက်ပွဲဝင်သူတွေကိုအာဏာရှင်စနစ် ဖြိုချမယ်ဆိုသူတွေကအာဏာရှင်စနစ် မုန်းတီးသူတွေကို....လွတ်မြောက်ရေးတေးသံတွေညံသွားလက်နက်တဝင့်ဝင့် ကျောင်းသားတွေချီသွားအမြောက်ဆံ တဝုန်းဝုန်းကျကွဲသံမောင်းပြန်သံ တဖောက်ဖောက် တဂျိမ်းဂျိမ်းထဲညှင်းဆဲသံ ခုတ်ထစ်သံတွေ ငါ့နားထဲဆောင့်အတိုးငါ့အိပ်မက်နဲ့ငါ မနိုးတဲ့ညမှာပေါ့လက်ရုံးတဆန်ဆန့် ကြုံးဝါးကြွေးကြော်ဖို့ငါအသင့်ပြင်လိုက်တော့.......အာသံကုန်း မြေပုံမို့မို့တွေထဲကအရိုးစုလက်တံရှည်ကြီးတွေ မဟားတရား ငါ့ဆောင့်ဆွဲခြောက်ကပ် အသံမွဲကြီးတွေနဲ့ ဟစ်အော်လှဲချလိုက်တယ်"တွင်ကျယ်လိုစိတ် သူငယ်နာကိုယ်မှာစင်အောင် ကု နှိမ်ပြီးမှမင်း ဒီနေရာက ဖြတ်ပါ"တဲ့လေ...........။ခက်ဦး၁၁ . ၅ . ၂၀၁၅ဝန်ခံခြင်း ။ ပန်းချီ ထိန်လင်း၏ ABSDF မြောက်ပိုင်းကျောင်းသားအရေးအခင်းစာအုပ်ကို ဖတ်ရှုပြီး ခံစားရသမျ ရေးဖွဲ့ထားခြင်း မျှသာဖြစ်ပါသည် ။