Image may be NSFW.
Clik here to view.

ဖိုးကာ ၏ ဖြန့်…ခင်း တေးစီးရီး ထွက်တော့မည်
ရန်နောင်(ဗိုလ်တထောင်) ၊ မိုးမခ၊ ဖေဖေါ်ဝါရီလ ၁၆ -၂၀၁၅
ဂီတလောကအတွင်း (၁၉) နှစ်တာ ဖြတ်သန်းလာတဲ့ အတွေ့အကြုံများ နှင့် တေးရေး ၊တေးဆို အဆိုတော် ဖိုးကာ သည် ဖြန့်.. ခင်း ဟု အမည်ပေးထားသော တေးစီးရီးသစ် တခွေကို ယခုလ ၂၅ ရက်နေ့တွင် ဘိုဘိုအင်တာတိန်းမန့် မှနေ၍ စတင်ဖြန့်ချိတော့မည် ဖြစ်သည်။
အဆိုပါ တေးစီးရီးသစ်ကို စီဒီ နှင့် ဒီဗွီဒီပါ ပူးတွဲဖြန့်ချိမည်ဖြစ်သည်။
ဒီဗွီဒီ တွင် ဒါရိုက်တာ မိုးဇော်ကို၊ အေးဇော်မိုး(စက်မှု)၊ ဓာတ်ပုံဥာဏ၊ စန်းထွဋ်၊မေဘရဏီ တို့က ရိုက်ကူးပုံဖော်ပေးထားသည်။
သရုပ်ဆောင်များအဖြစ် မြင့်မြတ်၊ထူး၊ လုလု၊ ဇွဲပြည့်၊ ချာလီ၊ သူရိန်ဝင်း၊ မင်းသိဒ္ဓိ ၊ မစ်ကီ၊ ခင်ဝင့်ဝါ ၊ ဇင်မင်း၊ နွယ်ဒါလီထွန်း၊ နွေးနုနုနိုင်၊ ဖူးဖူးသစ် တို့ ပါဝင်ထားကြသည်။
တီးဝိုင်းနှင့် စတူဒီယိုကို IMMORTAL Band နှင့် အသံသွင်းထားပြီး တေးရေးများကတော့ မိုးမင်းအိမ်၊ ကောင်းဇော် နှင့် ဖိုးကာ တို့ ဖြစ်ကြသည်။
အဆိုတော် ဖိုးကာသည် ၁၉၉၇ တွင် မှန်တချပ်နဲ့ အိပ်မက်၊ ၂၀၀၆ တွင် တစိမ့်စိမ့်ကြည့်၊ ၂၀၁၀ တွင် တိုးတိုးလေး ချစ်မယ်၊ ၂၀၁၃ တွင် အိပ်မက် ၊အိပ်မက် ၂ တို့ကို ဖြန့်ချိခဲ့ပြီး ၂၀၁၆ တွင်တော့ ဖြန့်… ခင်း တေးစီးရီးကို ဖြန့်ချိလိုက်ပြီ ဖြစ်သည်။
` ကျနော်ဒီ IMMORTAL Band နဲ့ ပထမဦးဆုံး လက်တွဲဖြစ်တာပါ။ သီချင်းပုံစံ လေးတွေတော့ အပြောင်းအလဲ ရှိပါတယ်။ ဒီအခွေလေးကို စီဒီရော၊ ဒီဗွီဒီရော၊သီချင်းစာအုပ်ရောကို တွဲပြီး ရောင်းမှာပါ။ အားပေးပါဦးလို့ ပြောချင်ပါတယ် ´ ဟု အဆိုတော် ဖိုးကာ မှ ပြောပြခဲ့သည်။