Quantcast
Viewing all articles
Browse latest Browse all 9633

(အိချယ်ရီအောင် (Myanmar Now) - အပူပိုင်းဒေသ ရေနံမှော် မြင်ကွင်း

(အိချယ်ရီအောင် (Myanmar Now) - အပူပိုင်းဒေသ ရေနံမှော် မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆
 
မင်းလှ၊ မကွေးတိုင်းဒေသကြီး (Myanmar Now)  -  မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်  ရေနံမ၊ ဓာတ်ကုန်း အစရှိတဲ့ ရေနံမှော်တွေမှာ မကြာသေးမီက တွေ့ခဲ့ရတဲ့ မြင်ကွင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။ 

မူးယစ်ဆေး အလွယ်တကူရ၊  ရာဇဝတ်မှု ပေါများတာတွေကတော့ ရေနံမြေရဲ့ အမှတ်အသားတွေထဲက တစ်ခုပါပဲ။  ရေနံတူးတာကို တရားဝင်ရော၊ တရားမဝင်ပါ လုပ်ကိုင်နေကြတဲ့ ဒီဒေသမှာ ငွေရှာရလွယ်ကူတယ် ဆိုတဲ့ အယူအဆရှိကြပါ တယ်။ အရင်းအနှီးပုံအောပြီး လုပ်ကိုင်ပေမယ့် တူးတဲ့တွင်းမှာ ရေနံကြောမရှိရင်တော့ အရှုံးကြီးမားလှပါတယ်။


ဓာတ်ပုံ - အိချယ်ရီအောင် (Myanmar Now)

Image may be NSFW.
Clik here to view.
တောင်ကုန်းတစ်ခုပေါ်ကနေ မြင်ရတဲ့ ထန်းကိုင်း ရေနံမှော်။ ဒီဒေသမှာ တွေ့ရတဲ့ မှော်တွေရဲ့ မြင်ကွင်းတွေကတော့ သိပ်ပြီးတော့ ခြားနားမှု မရှိပါဘူး၊ အရိပ်မကောင်းတဲ့ သစ်ပင်တချို့၊ ရေနံတွင်းအမှတ်အသားတွေဖြစ်တဲ့ ထိုးထိုးထောင်ထောင် တိုင်များ၊ ပိုက်လုံးများ၊ တဲအိမ်ငယ်များ၊ ပုံး၊ ဆီတိုင်ကီ စတဲ့ ပုံစံတူလုပ်ငန်းခွင်ကို ရေနံမှော်တွေမှာ တွေ့ရပါတယ်။

Image may be NSFW.
Clik here to view.
ပူပြင်းတဲ့နေရောင်အောက်မှာ အကာအကွယ်မဲ့ အလုပ်လုပ်နေတဲ့ ဓာတ်ကုန်း ကျေးရွာ ရေနံမှော် အလုပ်သမား တစ်ဦး။ 

Image may be NSFW.
Clik here to view.
ဓာတ်ကုန်းမှော် တဲတစ်လုံးအတွင်း နေ့လယ်စာ စားနေသူနဲ့ အနားယူနေသူ။  ဒီတဲမှာ တွေ့ရတဲ့ အသုံးအဆောင် ပစ္စည်းတွေကတော့ လူသုံးဦးစာလောက် ရှိပါတယ်။ သူတို့က လုပ်ငန်းခွင်အနီးမှာပဲ တဲထိုး နေထိုင်ကြသူတွေ ဖြစ်ပါတယ်။

Image may be NSFW.
Clik here to view.
ဓာတ်ကုန်းမှော် ရေနံတွင်းများကြားမှာ ပေါ်ပေါက်လာမယ့် တဲအိမ်တစ်လုံးကို  တည်ဆောက်နေသူများ။

Image may be NSFW.
Clik here to view.
-  ရေနံအလုပ်သမား အများစုလို လက်အိတ်၊ ဦးထုပ်၊ အကာအကွယ် အသုံးအဆောင်တွေ ဝတ်ဆင်ထားခြင်း မရှိတဲ့ ဓာတ်ကုန်းမှော် ရေနံလုပ်သားတစ်ဦး။

Image may be NSFW.
Clik here to view.
ရေနံမမှော်မှာ တွေ့ရတဲ့ လက်ကိုင်ဖုန်းအသုံးပြုနေသူ အလုပ်သမားတစ်ဦး။  ရေနံမြေအလုပ်သမားတွေကြားထဲမှာလည်း တယ်လီဖုန်း အသုံးတွင်ကျယ်နေပါတယ်။

Image may be NSFW.
Clik here to view.
ရေနံမမှော်ရောက်  မိသားစု။ မကွေးတိုင်းဒေသကြီးမှာ ရေနံထွက်တဲ့နေရာအများအပြား ရှိပြီး ဒေသပေါင်းစုံက  ရောက်လာသူတွေဟာ မိသားစုဝင်တွေကို ခေါ်ဆောင်လာသူတွေ ရှိသလို တချို့လည်း ရေနံမြေရောက်ပြီးမှ တစ်အိုးတစ်အိမ် ထူထောင်ကြပါတယ်။

Image may be NSFW.
Clik here to view.
ရေနံမမှော်မှာ တွေ့ရတဲ့ အလုပ်သမားတစ်ဦး။   ရေနံမြေဒေသမှာ စိုးရိမ်ရတာကတော့ မီးဘေးအန္တရာယ်ပါပဲ။ နေရာက ပူပြင်းခြောက်သွေ့လွန်းပြီး မီးလောင်လွယ်တဲ့အရာတွေကလည်း အများအပြား ရှိတဲ့အတွက် မီးအန္တရာယ် မဖြစ်အောင် ဂရုစိုက်ကြရပါတယ်။


Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...