Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဇာနည်သွေး (ပုလိပ်) - ပျော်ရွင်မှု

$
0
0
rozanova-suprematist
ဇာနည်သွေး (ပုလိပ်) - ပျော်ရွင်မှု
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆
ဘဝနဲ့ရင်းပြီး မျှားခဲ့တာတောင်
မတူသလို မတန်သလိုနဲ့
ရနံ့က အခုထိခါးတယ်
ဘာကိုခုပြီး လှမ်းရမလဲ
အဲ့ဒီကောင်းကင်က
ငါတို့ဆန္ဒနဲ့ မမှီတဲ့မြစ်လား
ရွာချလာတဲ့ အမှောင်တွေထဲ
ကျကွဲသွားတဲ့ ဆည်းဆာတစ်အုပ်လို
ငါတို့ဟာ
မျက်ရည်တွေနဲ့ ရေကိုဆာခဲ့
အဲ့ဒီလမ်းမှာ
စိမ်းစိုနေတဲ့ အနာတရတွေ
တစ်တောလုံးညွှတ်အောင်ပွင့်တယ်
ငါ့မှာ
ဒီကဗျာကိုပဲ ဂါထာတစ်ပုဒ်လို
အကြိမ်ကြိမ် ရွတ်ဆိုနေရပေါ့……
ဇာနည်သွေး (ပလိပ်)

Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>