သွန်းခ - အ၊ထ၊က (၃) စမ်းချောင်း၊ရွှေရတုအထိမ်းအမှတ်နှင့် (၁၇)ကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပပြုလုပ်
(မိုးမခ) မတ် ၂၊ ၂ဝ၁၆
Image may be NSFW.
Clik here to view.

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၏ နှစ် (၅ဝ)ပြည့် ရွှေရတု အထိမ်းအမှတ်နှင့် (၁၇)ကြိမ်မြောက် အာစရိယ ပူဇော်ပွဲကို ဖော်ပြပါကျောင်းဝင်းအတွင်းရှိ အစည်းအ ဝေး ခန်းမဆောင်တွင် မတ်လ ၂ ရက်၊ နံနက် ၉ နာရီ အချိန်၌ကျင်းပပြုလုပ်ခဲ့သည်။
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.

အခမ်းအနားသို့ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများနှင့် တကွ လက်ရှိပညာသင်ကြားဆဲ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများတက်ရောက်ခဲ့ကြသည်။
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.

အစီအစဉ်အရ ဆရာကြီး၊ ဆရာမကြီးများအားကန်တော့အပြီးတွင် လက်ရှိ ကျောင်းအုပ်တာဝန်ထမ်းဆောင် လျက်ရှိသည့် ကျောင်းအုပ်ဆရာကြီး ဦးတင်ဌေး မှ ကျေးဇူးတင်စကား၊ နှစ် (၅ဝ)ပြည့်အခမ်းအနားကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ဆရာကြီး၊ဆရာမကြီးများအား ဂါရဝ စကားပြောကြားခဲ့သည်။
ကျောင်း၏နှစ် (၅ဝ) ပြည့် ရွှေရတု အခမ်းအနားကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အ၊ထ၊က (၃)စမ်းချောင်း မဖြစ်ပေါ်မီ စမ်းချောင်းလမ်းမပေါ်မှ အကျယ်အဝန်းဝ.၇၉ဧကအကျယ်အဝန်းရှိ အမှတ်၆၂/၆၄ မြေနေရာတွင် ၁၉၄ဝခုနှစ်က မြူနီစပါယ် မူလတန်းကျောင်းအဖြစ် စတင်ခဲ့ပါကြောင်း၊
၁၉၅၂ ခုနှစ်တွင်အ၊လ၊က (၂) စမ်းချောင်းအဖြစ် ပြောင်းလဲတိုးမြှင့် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၁၉၆၆ ခုနှစ်တွင် အ၊ထ၊က (၃) စမ်းချောင်း အဖြစ် ထပ်မံတိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊
ကျောင်းမြေနေရာမှာ မြူနီစပါယ်အမည်ပေါက် နှင့်သာရှိခဲ့ရာမှ ၂ဝ၁၅၊အောက်တိုဘာ(၂၁)ရက်မှသာ အခြေခံပညာဦးစီးဌာန၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းပိုင်မြေနေရာအဖြစ်ပြောင်းလဲသတ် မှတ်ခွင့်ရခဲ့ပါကြောင်း ထည့်သွင်းရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး(ငြိမ်း)ဒေါ်မြင့်သိန်းမှ အမှတ်တရ နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။
Image may be NSFW.
Clik here to view.
ကျောင်းမြေနေရာမှာ မြူနီစပါယ်အမည်ပေါက် နှင့်သာရှိခဲ့ရာမှ ၂ဝ၁၅၊အောက်တိုဘာ(၂၁)ရက်မှသာ အခြေခံပညာဦးစီးဌာန၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းပိုင်မြေနေရာအဖြစ်ပြောင်းလဲသတ် မှတ်ခွင့်ရခဲ့ပါကြောင်း ထည့်သွင်းရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး(ငြိမ်း)ဒေါ်မြင့်သိန်းမှ အမှတ်တရ နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။
Image may be NSFW.
Clik here to view.

ထို့နောက် ကန်တော့ခံ ဆရာကြီး၊ဆရာမကြီးများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များပေးအပ်ခြင်း၊ အမှတ် တရ ကံစမ်းမဲများပေးအပ်ခြင်း၊ နေ့လည်စာများဖြင့် တည်ခင်းဧည့်ခံခြင်းအား တေးဂီတ အစီအစဉ် များနှင့် တွဲဖက်ပြုလုပ်ခဲ့သည်။