Quantcast
Viewing all articles
Browse latest Browse all 9633

အောင်ရင် ရဲ့ 90 Minutes Live Show ကျင်းပပြုလုပ်ခဲ့

အောင်ရင် ရဲ့ 90 Minutes Live Show ကျင်းပပြုလုပ်ခဲ့
ရန်နောင် (ဗိုလ်တထောင်) မိုးမခ မတ် ၁၅ - ၂၀၁၆

Image may be NSFW.
Clik here to view.


လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က သံစဉ်ချိုချိုလေးများနဲ့ တေးသီချင်း အေးအေးလေးများကို အဓိကထားဆိုတတ်တဲ့ အဆိုတော်အောင်ရင်ဟာ အင်္ဂလန်ကနေ အမိမြန်မာပြည်ကို ပြန်လာခိုက် သူ၏ ပရိသတ်များအတွက် အောင်ရင် 90 Minutes Live Show ကို ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Myanmar Event Park တွင် မတ်လ (၁၁) ရက်နေ့ ည ၈နာရီခွဲ အချိန်တွင် ပြုလုပ်ခဲ့သည်။

ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်သော ကျားပေါက်ပွဲမှ တဆင့်ကူးရသောကြောင့် MEP နား ရောက်ချိန်တွင်တော့ လမင်းချစ်သူ သီချင်းသံအား စတင်ကြားနေခဲ့သည်။ ဖျော်ဖြေပွဲ ကျင်းပရာ အထဲသို့ ရောက်သောအခါတွင်ကား Evening Star Band နှင့်အတူ ပရိသတ်ကြီးအား အားပါးတရ ဖျော်ဖြေနေသော အောင်ရင်အား တွေ့လိုက်ရသည်။

အသက်လေးဆယ်တန်း ပရိသတ်များ အများစု ဖြစ်သဖြင့် ထိုင်ခုံများတွင် အေးဆေးစွာ သီချင်းညည်းရင်း ကြည့်နေကြသည်ကိုလည်း တွေ့ရှိရသည်။

လမင်းချစ်သူ ဆိုပြီးသော် အောင်ရင်မှ ဆက်လက်၍ ဖျားတဲ့ည နှင့် မင်းသဘောပဲ သီချင်း နှစ်ပုဒ်ဆက်ဆိုခဲ့သည်။

Image may be NSFW.
Clik here to view.


ထို့နောက် ` ကျနော်တို့ ၈၂ ခုနှစ်ကို ပြန်သွားရအောင်ဗျာ၊ ကျနော် ၈၄ မှာ ခွေတခွေ ထွက်ဖူးတယ်ဗျ။ အဲဒီခွေထဲက သီချင်းတပုဒ် ဆိုပြချင်ပါတယ်။ ဆရာစောဘွဲ့မှူး ရေးတာပါ ´ ဟုပြောပြီး မိုးသိပါစေ သီချင်းကို ဆက်ဆိုသည်။

ထို့နောက် ကိုယ့်ရင်ထဲ၊ ပျော်သလိုနေပါကွယ်၊ အိမ်အလွမ်း၊ အခါလွန်မိုး၊ ပန်းပွင့်များရဲ့ ရာဇဝင်၊ အိပ်မက်ထဲက ရထားကြီး၊ စိတ်မညစ်နဲ့ ၊မင်းမရှိတဲ့နောက် သီချင်းများကို သီဆိုခဲ့သည်။

အခါလွန်မိုး သီချင်းကို တေးရေး ထူးအိမ်သင် ရေးသားခဲ့ပြီး ပွဲညတွင်တော့ သိန်းထိုက်အောင်က စန္ဒရား တီးခတ်ပေးခဲ့သည်။

Image may be NSFW.
Clik here to view.


` ကျနော် အိပ်မက်ထဲက ရထားကြီး သီချင်းကို သီဆိုပေးပါ့မယ်၊ ဒီသီချင်းက အမေ့အိမ်နဲ့ တော်တော်ဆင်တယ်ဗျ၊ အမေ့အိမ်က ပထမ ကျနော်ဆိုဖို့ဗျ၊ နောက်ဘယ်လိုမှ ကျနော့်အာနဲ့ မတွေ့တာနဲ့ ကိုငှက်ဆိုဖြစ်ခဲ့တာပါ။ နောက် ဒီ အိပ်မက်ထဲက ရထားကြီးကို ကိုငှက်ပဲရေးပေးခဲ့တာပါ ´ ဟုလည်း အမှတ်တရ ပြောကြားခဲ့သည်။

နောက်ဆုံးသီချင်း မင်းမရှိတဲ့နောက် မဆိုခင်မှာတော့ အောင်ရင်မှ ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးစကားပြောရင်း မင်းမရှိတဲ့နောက် နဲ့ ပွဲသိမ်းလေး လှခဲ့ပါတယ်။

` တကယ်တော့ ဒီလိုပွဲမျိုး စီစဉ်ဖို့ စပြောတာ ညီထွဋ်ဗျ၊ ကျနော်ကလည်း ကိုယ့်ကိုယ်ကိုယ် သီချင်းအများကြီး မဆိုနိုင်ဘူးထင်လို့ ၊ အစီအစဉ် အရှည်ကြီးဆိုလည်း ပရိသတ်ငြီးငွေ့မှာစိုးလို့ မလုပ်ဖြစ်ခဲ့ပါဘူး။ အခု ပွဲခင်းထဲမှာ ရှိတဲ့ အီကြာကွေးကလည်း ကိုရင် မှာ အခွေတွေ အများကြီးထုတ်ထားတာပဲ ၊လုပ်ဘာညာပေါ့ ပြောသေးတယ်။ ဒီလိုနဲ့ မလုပ်ဖြစ်တဲ့အချိန်မှာ ကျနော် အိုင်စီက ကိုသန့်နဲ့ ဖုန်းပြောဖြစ်တယ်။ အဲဒီမှာ ဘေးနားက ကိုလေးဖြူက ကြားပြီး ကိုအောင်ရင် ပြန်ရောက်နေလား၊ စကားပြောချင်တယ်ဆိုလို့ ပြောဖြစ်ပါတယ်။ ကိုလေးက ကိုရင် ကျနော်တို့ live 90 လေးလုပ်နေတာသိလားပေါ့။ ကျနော်ကလည်း သိပါတယ်ပေါ့။ အဲဒီလိုနဲ့ ကျနော်လည်း မိနစ် ၉၀ဆိုကိုယ်လည်း နိုင်နင်းမယ်၊ သီဆိုရမှာကလည်း ၁၆ ပုဒ်ဆိုတော့ နိုင်နိုင်နင်းနင်း ဆိုနိုင်မယ်ဆိုပြီး လုပ်ဖြစ်ခဲ့တာပါ ဟု ကျေးဇူးတင်စကားပြောရင်း ပွဲလုပ်ဖြစ်ပုံလေးကို ပြောပြခဲ့သည်။

အောင်ရင် ဖျော်ဖြေသောပွဲတွင် အိုင်စီတဖွဲ့သားများအားလုံး အသံဖမ်းခြင်း၊ နောက်ခံ ဘက်ဂရောင်းများ ချိန်းခြင်းတို့ကို ပြုလုပ်ပေးခဲ့သလို အနုပညာမောင်နှမများ လည်း လာရောက် အားပေးကြသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>