Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

W.D.G.A.F Show ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီး

$
0
0
W.D.G.A.F Show ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီး
ရန်နောင်(ဗိုလ်တထောင်) မိုးမခ မတ် ၁၆ - ၂၀၁၆

W.D.G.A.F ဟုအမည်ပေးထားသော ပန့်ခ်ရော့ခ် ရှိုးပွဲကြီးကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် မတ်လ (၁၁)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ပန့်ခ်ရော့ခ်ကြိုက်နှစ်သက်သော လူငယ်ပရိသတ်များ ကွင်းလုံးပြည့်မျှ စည်ကားစွာ လာရောက်ကြည့်ရှုခဲ့သည်ကို တွေ့ရှိခဲ့ရသည်။










ရှေးဦးစွာ TGI အဖွဲ့မှ ဦးစွာဖျော်ဖြေပြီး ဆက်လက်၍ Zero,Skunx,Count the thief အဖွဲ့များမှ ဖျော်ဖြေခဲ့ကြသည်။ Count the thief သည် နိုင်ငံခြားမှ လာရောက်ဖြေဖျော်သော အဖွဲ့ဖြစ်သဖြင့် ပရိသတ်ကို ထိမိစွာ ဖျော်ဖြေခဲ့သည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ ထိုအချိန်တွင် အပြင်တွင် ပရိသတ်ကလည်း အပြင်မှာ တန်းစီကာ ဝင်နေသည်ကိုလည်း တွေ့ရှိခဲ့ရသေးသည်။



ထို့နောက် ပရိသတ်များ အထူးမျှော်လင့်စောင့်စားနေသော BIG BAG အဖွဲ့၏ ဖျော်ဖြေမှု အစီအစဉ်ကို စတင်သောအခါ ကွင်းပြည့်လုနီးပါး ပရိသတ်သည် ကွင်းအတွင်းပြည့်လျှံသွားရုံမက သံဇကာများ ကာထားသည့်အတွင်းသို့ပါ ဝင်ရောက်လာသည်ကိုပါ တွေ့မြင်ရသည်။



BIG BAG အဖွဲ့ခေါင်းဆောင် အဆိုတော်ကျားပေါက်ကလည်း ` ဟာ ဒီလောက် လူတွေ အများကြီး ရေလည် မိုက်တယ်ဗျာ ´ ဟု နှုတ်ဆက်ကာ သူ၏ နာမည်ကြီး ထင်ရှားသောတေးသီချင်းများကို သီဆိုရင်း ပရိသတ်နှင့် ရင်ဘတ်ချင်း တသားတည်း ဖြစ်ကာ နေခဲ့သည်။

ထိုဖျော်ဖြေပွဲကို F&G မှ တင်ဆက်ခြင်းဖြစ်ပြီး ဆယ်တန်းစာမေးပွဲ ရှိသော်လည်း ပရိသတ်များ အထူးများပြားခဲ့ပြီး အောင်မြင်သော ရှိုးပွဲတပွဲ ဖြစ်ခဲ့သည်။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>