Quantcast
Viewing all articles
Browse latest Browse all 9633

ကျော်ဟုန်း - အရေးပေါ် ကြေညာချက်

Image may be NSFW.
Clik here to view.
သရုပ်ဖော် - ATH


ကျော်ဟုန်း - အရေးပေါ် ကြေညာချက်
(မိုးမခ) မတ် ၂၄၊ ၂၀၁၆


စိတ်ဓါတ်တွေကို မီးရှို့ တယ်။
ဘဝတွေကို မီးရှို့ တယ်။
ဦးနှောက်တွေကို မီးရှို့ တယ်။
ယဉ်ကျေးမှုကို မီးရှို့ တယ်။
ရှေးအမွေနှစ်တွေ မီးရှို့ တယ်။
အတိတ်ကိုလည်း မီးရှို့ တယ်။
အနာဂတ်တွေကို မီးရှို့ တယ်။
ပစ္စုပ္ပန်ကို မီးရှို့ တယ်။

တို့ မီး ရှို့ မီးပေါတဲ့ ဒီဒေသရပ်ဝန်းမှာ
မြစ်ကော ချောင်းပျောက်
မိုးတုတောင် မရွာနိုင်
ရေမနိုင်တဲ့ မီးသတ်သမားများ
မီးလောင်ခံနေရဆဲ။

မြင်အောင်ကြည့်ကြ
အဲ့ ဒိ မီးတောက်တွေကြားမှာ

ဝံပုလွေအပြုံးတွေ
တောကြောင်သေးနံ့ တွေ
သမင်ခွာရာတွေ
ကျား မျက်လုံးတွေ
ရှိနေတယ်။

မီးတောက်တွေကြားမှာ
သဘာဝလွန် အပူလောင်နေလိုက်တာများ
ဝဋ်နာ ကံနာ တံဆိပ်ကပ်ခံရမယ့်အတိုင်း။ ။

ကျော်ဟုန်း
၂၀၁၆၀၃၂၃။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...