Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မန္တလာမင်း အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး ဝါဆိုသင်္ကန်းကပ်အလှူတော်မင်္ဂလာ ကျင်းပပြုလုပ်ခဲ့

$
0
0
မန္တလာမင်း အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး  ဝါဆိုသင်္ကန်းကပ်အလှူတော်မင်္ဂလာ ကျင်းပပြုလုပ်ခဲ့

ရန်နောင် (ဗိုလ်တထောင်)    မိုးမခ     ဇူလိုင် ၁၃ ၂၀၁၅





ဦးဝိလာသ (ဝေမိုး- ကျွန်းလှ) 


ဦးခင်အောင် ဒေါ်လဲ့လဲ့အေး မိသားစု ဆွမ်းကပ်နေစဉ်


          မန္တလာမင်း အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး  ဂိတ်ပိုင်၊ ကားပိုင်၊ ဂိတ်ဝန်ထမ်း ၊ယာဉ်ဝန်ထမ်း ၊ ခရီးသွား(၇) ရက်သားသမီး မိသားစုများ ၏  ဝါဆိုသင်္ကန်းကပ် အလှူတော်မင်္ဂလာကို  ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ၊ အမှတ်(၁) ရပ်ကွက် ၊ ရွှေဗဟိုရ်ပတ်လမ်း  ရှိ “ ဓမ္မဂုဏ်ရည် ကျောင်းတိုက် ” တွင် ဇူလိုင်လ ၁၂ ရက် နံနက် ၉နာရီ ၃၀ မိနစ်က ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ မန္တလာမင်းအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး မှ  ဥက္ကဋ္ဌ ဦးခင်အောင် နှင့် ဇနီးဒေါ်လဲ့လဲ့အေး တို့မှ ဓမ္မဂုဏ်ရည်ကျောင်းတိုက်၏ ပဓါန နာယက ဆရာတော် ဦးဝိလာသ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဝါဆိုသင်္ကန်းများ ကပ်လှူကာ လှူ ဒါန်းမှုအစုစု အတွက် ရေစက်ချ အမျှပေးဝေခဲ့ကြသည်။

          “ သူတို့ မန္တလာမင်း အုပ်စု က ဒီကျောင်းမှာ လာလှူတာ ခြောက်ကြိမ်တောင်ရှိသွားပြီလေ။ ဒီတခါလှူတာ ငွေကျပ် နှစ်ဆယ့်လေးသိန်းကျော် အကုန်အကျခံလှူတာပေါ့။  ရပ်ကွက်ထဲမှာရှိတဲ့ အိမ်တွေကိုလည်း ထမင်းမချက်နဲ့၊ ကျောင်းမှာလာစားဆိုပြီး စတုဒိသာကျွေးတာ လူတထောင်ကျော်ပဲ ” ဟု ကျောင်းထိုင်ဆရာတော် ဦးဝိလာသ(ဝေမိုး- ကျွန်းလှ) မှ မိန့်ကြားခဲ့သည်။

          အဆိုပါအလှူပွဲသို့ အနုပညာရှင်တချို့လည်း တက်ရောက်လာသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
Rဇာနည်၊ဝမ်း၊ ဖစ်ဖစ်တုန်

စိုင်းလွှမ်း၊ ထက်ထက်မိုးဦး၊ စစ်လွန်းဝတီထက်

ရတနာမိုင် ၊စစ်လွန်းဝတီထက်

ကိုဥက္ကာကျော် ၊သရုပ်ဆောင် ဆုပန်ထွာ ၊ စစ်လွန်းဝတီထက်

          ရပ်ကွက်အတွင်းရှိ ကလေးများ ၊ လူကြီးများအားလုံးလည်း အားပါးတရ စတုဒိသာ ကျွေးပွဲကို စနစ်တကျလာရောက်သုံးဆောင်သည်ကိုလည်း တွေ့မြင်ခဲ့ရသည်။

      
  “ ကျမတို့ မင်းသမီးတွေလည်း အနီးကပ်ကြည့်ရတယ်။ ထမင်းကိုလည်း ဝက်သားဟင်း၊ ငံပြာရည်ချက်၊ပဲကုလားဟင်းတွေနဲ့ စားကောင်းလိုက်တာရှင် ” ဟုလည်း စတုဒိသာ လာရောက်သုံးဆောင်သူ အမျိုးသမီးတဦး မှ ပြောကြားခဲ့သည်။


          စတုဒိသာကျွေးပွဲမှာ ၁၂ နာရီအထိ သတ်မှတ်ထားသော်လည်း လာရောက်သူများအား အချိန်ကျော်လွန်သည်အထိ ကျွေးမွေးနေသည်ကိုလည်း တွေ့ခဲ့ရသေးသည်။ 
         

Viewing all articles
Browse latest Browse all 9633


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>