မြန်မာသံ အဆိုရှင် “ ဒီလှိုင်း ” ၏ “ မရွှေစိမ်းရဲ့ အချစ်ဦးတက္ကသိုလ် ” တေးစီးရီး DVD KARAOKE စာနယ်ဇင်း မိတ်ဆက်ပွဲ ပြုလုပ်
ရန်နောင် (ဗိုလ်တထောင်) မိုးမခ ဇူလိုင် ၁၃ ၂၀၁၅
မြန်မာသံအဆိုရှင် “ ဒီလှိုင်း ” ၏ “ မရွှေစိမ်းရဲ့ အချစ်ဦးတက္ကသိုလ် ” တေးစီးရီး
ဒါရိုက်တာ တုနှိုင်းခ |
ဒီလှိုင်း၊ မောင်ကျော်ဇော၊ စန္ဒရား မောင်လှအေး၊ တုနှိုင်းခ |
တေးရေး မောင်ကျော်ဇော |
အဆိုပါ မိတ်ဆက်ပွဲအခမ်းအနား ဦးအောင်သျှံဝိုင်း က ဆောင်ရွက်ပြီး တေးရေးဆရာ အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇော က မုဒိတာအမှာစကားပြောကြားပြီး စန္ဒရားမောင်လှအေး က ဂုဏ်ပြုစကား ပြောကြားပေးခဲ့သည်။အဆိုရှင် ဒီလှိုင်းမှလည်း တေးစီးရီး စီစဉ်ဖြစ်ပုံနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
စန္ဒရားမောင်လှအေး |
ထိုတေးစီးရီးတွင် တေးရေးဆရာများဖြစ်သော စန္ဒရားငြိမ်းထက်၊ စန္ဒရားမောင်မောင်နိုင်၊ ရန်ကင်းကိုကိုလေး၊ စိန်မောင်မြင့်၊ စန္ဒရားငွေစိုး၊ အလွမ်းသီချင်းရေးတဲ့မောင်ကျော်ဇော၊ မောင်ဆွေနွယ် တို့၏ တေးသီချင်းများကို အဆိုတော် “ ဒီလှိုင်း ” က သီဆိုထားသည်။
ဂီတမှူး စန္ဒရားမောင်လှအေး က တီးခတ်ပြီး EMS စတူဒီယိုတွင် အသံသွင်းကာ ဒါရိုက်တာ တုနှိုင်းခ က ရိုက်ကူးပြီး ထင်းရူးရိပ် တေးထုတ်လုပ်ဖြန့်ချိရေး မှ ဖြန့်ချိမည်ဖြစ်သည်။မြန်မာသံ တေးသီချင်းများ နှစ်သက်သူများအတွက် မြန်မာသံ အလွမ်းသီချင်းလေးများကို မိုးအေးအေးတွင် ဇူလိုင် ၁၈ ရက်မှ စတင်၍ နားထောင်နိုင်တော့မည် ဖြစ်သည်။