Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

နီနီခင်ဇော် ၏ အနီရောင် တေးစီးရီး သစ် မိတ်ဆက်

$
0
0
နီနီခင်ဇော် ၏ အနီရောင် တေးစီးရီး သစ် မိတ်ဆက်
ရန်နောင်(ဗိုလ်တထောင်)     မိုးမခ     ဇူလိုင်  ၁၄ - ၂၀၁၅






          အဆိုတော် နီနီခင်ဇော် ၏ အနီရောင် တေးစီးရီး စာနယ်ဇင်း မိတ်ဆက်ပွဲကို  ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း ရှိ စင်ထရယ် ဟိုတယ်၌် ဇူလိုင်လ ၁၄ ရက် (အင်္ဂါနေ့ )  နေ့လယ် (၁) နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
          ရှေးဦးစွာ  နီနီခင်ဇော်မှ “ အနီရောင် ” တေးစီးရီး နှင့် ပတ်သက်၍ှရှင်းလင်းပြောကြားပြီး တေးရေး ရွှေဂျော်ဂျော်မှ မုဒိတာစကားပြောကြားပေးခဲ့သည်။ ထို့နောက် နိုင်ဇော်(လေးဇီးကလပ် ) မှ ဂုဏ်ပြုစကား ပြောကြားခဲ့သည်။
          အနီရောင် တေးစီးရီးတွင်  သီချင်း စုစုပေါင်း (၁၂) ပုဒ်ပါဝင်ပြီး  Featuring ကို ဝေလ နှင့် Lil’Z (MJN) တို့က သီဆိုပေးထားသည်။   Lazy Club,Runner,KGK , ချမ်းအေးဝင်း၊ နိုင်ဇော် (Lazy Club) ၊ ချမ်းအေးကြွယ် (တယော)၊ စောဂျိမ်း (Cello) တို့ က တီးခတ်ပေးထားသည်။
          တေးရေး ရွှေဂျော်ဂျော်၊ဆောင်းဦးလှိုင်၊ဇဝါ၊ဝေလ၊ ဆလိုင်း၊ ကိုထက်၊ LilZ(MJN) ၊ သော်မိုးစက် တို့က တေးသီချင်းများကို ရေးဖွဲ့ထားသည်။
          မူပိုင် နီနီမာ ဖြစ်ပြီး Bo Bo Music မှ ၁၉-၇-၂၀၁၅ (အာဇာနည်နေ့) တွင် ဖြန့်ချိမည်ဖြစ်ပြီး ထိုနေ့တွင် ဂျမ်းရှင်းစကွဲ ၌ နေ့လယ်  ၃ နာရီ မှ ၅ နာရီအထိ လေးဇီးကလပ် တီးဝိုင်း နှင့်အတူ  တေးစီးရီး ထဲမှ သီချင်းများကို ဖျော်ဖြေပြီး ပရိုမိုးရှင်း ပြုလုပ်မည်ဖြစ်သည်။ အလားတူ မန္တလေး မြို့တွင်လည်း မင်္ဂလာ မန္တလေး အိုးရှင်းစင်တာ တွင်လည်း  ၂၅-၇-၂၀၁၅ (စနေနေ့ ) ညနေ ၄ နာရီမှ  ၇ နာရီ အထိ ပရိုမိုးရှင်းပွဲကို ဝေလ နှင့်အတူ ပြုလုပ်မည်ဖြစ်သည် ဟုလည်း ထပ်မံသိရှိရသည်။



Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>