Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

အဆိုတော်ခင်မောင်ထူး ၏ ရွှေရောင်ဂီတည

$
0
0
အဆိုတော်ခင်မောင်ထူး ၏ ရွှေရောင်ဂီတည

ရန်နောင်(ဗိုလ်တထောင်)    မိုးမခ      ဧပြီ ၄ - ၂၀၁၆

          အဆိုတော်ခင်မောင်ထူး၏ ဂိတသက်တမ်း နှစ် (၄၀) ပြည့် အထိမ်းအမှတ် အဖြစ် ရွှေရောင်ဂီတည ဟု အမည်ပေးထားသော ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ ၊ ဒဂုံမြို့နယ် ၊ မြို့မကျောင်းလမ်း ရှိ အမျိုးသားကဇာတ်ရုံတွင် ဧပြီလ ၂ ရက်နေ့ (စနေနေ့)  ည ၇ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
          အဆိုတော်ခင်မောင်ထူးသည် မြန်မာ့ရုပ်မြင်သံကြားပေါ်ဦးစအချိန်က ခေတ်ပေါ်တေးဂီတ အစီအစဉ်များတွင် အဆိုများသော အဆိုတော် တယောက်ဖြစ်သဖြင့် ယနေ့ခေတ် လူငယ်ပရိသတ်များ မသိသော်လည်း   အသက်  ၆၀တန်း လူကြီးတန်းများ သက်တမ်းကို နုပျိုသွားစေသော သီချင်းများကို သီဆိုဖျော်ဖြေသွားခဲ့သည်။
          သီချင်းအပုဒ် လေးဆယ်ခန့်ကို မနားတမ်းသီဆိုသွားနိုင်ခဲ့သည်မှာလည်း အသက်အရွယ်နှင့် မလိုက်အောင်ပင် ဖြစ်သည်။





          လှ၊ အင်းလျားကိုလွမ်းတယ်၊ ချွဲမနေနဲ့၊ ချစ်အယူခံ၊မောင့်ဆေးကျောင်းသူ၊ ခွဲမညှာနဲ့၊ရတယ်၊ ချစ်တယ်မီးရယ်၊ ခေတ္တနားခိုခြင်း သည်းခံပါ၊ ဥမ္မာ၊ ရော့ယုံရင်ယူ၊ ရွှေမန်းသူလေး၊ စတော်ဘယ်ရီချစ်သည်းရှင်၊ စိတ်ရောင်စုံ၊ ဟိုဘက်ကမ်းကကောင်မလေး၊ မျှော်တော်ယောင်၊ မောင်ခေါ်ရာလိုက်မှာလား၊ ကမ်းခြေအလွမ်း၊ မေးခွန်းများ၊ ပထမဦးဆုံးနေ့၊ ဇာတ်တော်ထဲမှာ အလွမ်းဆုံး၊မငိုနဲ့မောင်မောင်၊ ဘာလုပ်လုပ် ကြိုက်၊ စက်ခေါင်းအမှတ်(၀၀၉) ၊ တစ်ကိုယ်ရေသတိရ၊ ကိုယ့်ဘာများပြောခဲ့ဖူးလို့လဲ။ မင်းလမ်းမင်းလျှောက်၊ ကမ္ဘာအပြင်ဘက်၊ အိပ်မက်ကမ္ဘာမှာတွေ့မယ်၊ ကြာ ကြာကြာ ၊နီးလျှက်နဲ့ဝေး၊ ဘဝသစ္စာဆိုခဲ့ဖူး၊ အချစ်နတ်သမီး၊ ပုဆိုးနဲ့ တိုက်ပုံဝတ်လာပါ၊ အဖော်မွန်၊ မင်းသမီးနဲ့ ကိုလူချော၊ လွမ်းသူ့ဆောင်း၊ မတ်တပ်ရပ်လို့ လမ်းမှာငို၊ မီးခြစ် အစရှိသော သီချင်းများကို  စိမ်းမို့မို့၊ မေခလာ၊ကော်နီ၊ ဟေမာနေဝင်း၊ ဆန်းသစ်လ တို့ နှင့်အတူ စုံတွဲ သီဆိုဖျော်ဖြေခဲ့သည်။
           The Friends Music Band uတေးသီချင်းများကို ကူညီတီးခတ်ပေးခဲ့သည်။  The Friends Music Band တွင် ဒရမ် စိုင်းသာဌေး၊ လိဒ်ဂစ်တာ ပက်ထရစ်၊ စက္ကင်းလိဒ် ဂစ်တာ ကိုဝင်းဦး၊ ဘေ့စ် ကိုကျော်နိုင်၊ ကီးဘုတ် ကျော်ကျော် နှင့် အောင်မြတ်ထွဋ်၊ ပတ်ကားရှင်း ရဲလင်း တို့က တီးခတ်ကြသည်။
          ခင်မောင်ထူး၏  ရွှေရောင်ဂီတည ဖျော်ဖြေပွဲသို့ အနုပညာရှင်မောင်နှမများ လာရောက်အားပေးကြည့်ရှုသည်ကို တွေ့မြင်ရသလို သရုပ်ဆောင်၊အဆိုတော် ခွန်းဆင့်နေခြည်မှလည်း အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ပေးခဲ့သည်။
          သီဆိုသူ ခင်မောင်ထူး နှင့် ပရိသတ် အသားကျသော ပွဲလေးတပွဲ အဖြစ် မြင်တွေ့ခဲ့ရသည်။







Viewing all articles
Browse latest Browse all 9633

Trending Articles


“မှတ်ပုံတင်နှင့် လပေးမှသည် အပေါင်ဆိုင်သို့ ”


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးတွင် ကိုရီးယား စာမေးပွဲဖြေဆိုရန်...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကြောင့် အကောင်အထည် မပေါ်ခဲ့သော အတိုင်ပင်ခံ...


အိမ်သာထဲ၌ ဆယ်ကျော်သက်အရွယ်ခယ်မလေးကို အဓမ္မကျင့်နေတုန်း ယောက္ခမနဲ့ မိသောအခါ


TTA Oreo Gapp Installer


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အသိမ်းသန်တဲ့ ဒို့နိုင်ငံ-တက္ကသိုလ်ဘုန်းကြွယ်