Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

စာရေးဆရာ မုံရွာအောင်ရှင် စာအုပ်သစ် မိတ်ဆက်

$
0
0
စာရေးဆရာ မုံရွာအောင်ရှင် စာအုပ်သစ် မိတ်ဆက်

ရန်နောင်(ဗိုလ်တထောင်)   မိုးမခ   ဧပြီ ၄ - ၂၀၁၆


          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုကော်မတီ ဝင်၊ ဗဟိုပြန်ကြားရေးကော်မတီ အဖွဲ့ ဝင်၊ ဒီလှိုင်းစာစောင်တာဝန်ခံ အယ်ဒီတာ ၊စာရေးဆရာမုံရွာအောင်ရှင် ရေးသားပြုစုသော ` အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်း (၁၉၈၈- ၂၀၁၀)စာအုပ် မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ၊ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ တော် ဝင်နှင်းဆီ စားသောက်ဆိုင်တွင်  ဧပြီလ ၃ ရက်နေ့  နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါစာအုပ်မိတ်ဆက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦး နှင့် စာရေးဆရာ မောင်မိုးသူ (ဘကြီးမိုး) တို့က အမှတ်တရစကားများ ပြောကြားခဲ့ကြပြီး စာရေးဆရာမုံရွာအောင်ရှင် က စာအုပ်ရေးဖြစ်ရခြင်း အကြောင်းကို ပြောကြားခဲ့သည်။

          ထို စာအုပ်အား ဦးဆန်းအောင်သူ ပဉ္စဂံစာအုပ်တိုက်မှ တန်ဖိုး ၇၀၀၀ ကျပ်ဖြင့် ဖြန့်ချိလိုက်ပြီ ဖြစ်သည်။

          လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ ဘဘဦးတင်ဦး၊ ဘဘဦး ဝင်းတင် နှင့် ဘကြီးမိုးတို့ ၏ အမှာစာများနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကြောင်း ဂဃနဏ မသိသေးသူများ အတွက် မိမိတို့၏ ကိုယ်ပိုင်စာအုပ်စင်တွင် ထားရှိရမည့် စာအုပ်တအုပ်ဖြစ်သည်။

          စာအုပ် မိတ်ဆက်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ စာရေးဆရာ၊ ကဗျာဆရာများ၊ အခြားစိတ်ဝင်စားသူများ၊တက်ရောက်ခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရသည်။








Viewing all articles
Browse latest Browse all 9633

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>