Image may be NSFW. Clik here to view. ![]() |
Ni July |
လင်းခါး - မပျော်ဘူး ပျော်တယ်
(မိုးမခ) ဧပြီ ၂၆၊ ၂၀၁၆
ကံဆိုးတော့ မုဒိမ်းအကျင့်ခံရပြီး
ကံကောင်းတော့
မွေးလာတဲ့ ကလေးလေးက
ချစ်စရာလေး ဆိုတာမျိုး
ကြောက်စရာကောင်းတဲ့ ယုတ္တိတွေ
တံမြက်စည်းခွပြီး ပျံဝဲနေ
ပျော်သူတွေအတွက် ပွဲလမ်းသဘင်
မပျော်သူများအတွက်
အသံညစ်ညမ်းမှု။
နှစ်ဘက်စစ်တပ် ပစ်ခတ်မှုကြား
ဘယ်ဘုရားမှ လာမရပ်ဘူး
ငတ်နေတဲ့ ကလေးတွေဘေးလည်း ငတ်ပြီး
လဲလျောင်းနေတဲ့
သက်ကြီးရွယ်အိုတွေပဲ ရှိတယ်
တကယ့်ဘဝကို
သိသွားတဲ့ ရေစက်ကလေး
သစ်ရွက်ပေါ်က ခုန်ချထွက်ပြေး
တကယ့်ဘဝကို သိသွားတဲ့
တံတွေး
လမ်းပေါ်ခုန်ထွက်လာ။
၂၅ နှစ်သားတုန်းကတော့
နောက်ဆုံးမှာ ဓမ္မကနိုင်မယ်လို့
ယုံတာ
၃၀ လောက်ကျတော့
အဲ့ဒီ "နောက်ဆုံးမှာ"ဆိုတာ
ဘယ်တော့လဲလို့ ငါစတွေးမိ
တချို့လည်းပဲ မပျော်ဘူး
ပျော်သူတွေလည်း ရွှင်ကြပေါ့။
လင်းခါး
၁၆၊ ၃၊၂၀၁၆