Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

လင်းခါး ● လက်ကြမ်းကြီးနဲ့ ညှစ်တော့ နာကြမှာပဲ

$
0
0


လင်းခါး ● လက်ကြမ်းကြီးနဲ့ ညှစ်တော့ နာကြမှာပဲ
(မိုးမခ) မေ ၁၊ ၂၀၁၆

မောင်တင့်တယ်လို အလုပ်သမားကို
ပဒေသရာဇ် ဘုရင်တွေ
ဘယ်လိုလုပ်ခဲ့လဲ
မြင်းထိန်းငတာဟာ
စာဖတ်တဲ့အလုပ်သမား
ချီးကျူးမှာ ကြောက်သတဲ့လား
ဖောက်ပြန်တဲ့ မင်းစိုးရာဇာတွေရဲ့
စစ်နဲ့ငြိမ်းချမ်းရေး စာအုပ်အတွက်
တော်စတွိုင်း စာမူခဘယ်လောက်ရတယ်
စိတ်ဝင်စားတဲ့
ဒိန်းမတ်လယ်သမားအတွက်
ငါ ဂုဏ်ယူတယ်

နွားသားရေကို ဆွဲခွာ
မင်းတို့ ဗုံသံအတွက်
ဝါးပုလွေ ဝါးလက်ခုပ်အဖို့
ဝါးတွေကို ခုတ်
ဆိုင်းဝိုင်းနဖူးစီး နဂါးရုပ်ကိုထွင်းရင်း
အလုပ်သမားတယောက် သွေးငေါက်တောက်ကျ
အောင်ပွဲနေ့သီချင်းဆိုတော့
နေပူထဲက နားထောင်ရတာပဲ

ဘုရားထီးတင်တော့ ငြမ်းထိုးရပြီး
စိန်ဖူးတော် မကိုင်ရတဲ့လက်ဟာ
ရာဇဝတ်သား ကွပ်မျက်တော့
ခေါင်းကို ဖြတ်ခဲ့ရ

ဘုရင်ခေတ် အာဏာရှင်ခေတ်မှာ
ဘယ်သူတွေ ကောင်းစားကြပြီး
လုပ်သားပြည်သူဆိုတဲ့ခေတ်မှာရော
ဘယ်သူတွေ ကောင်းစားကြသတဲ့လဲ

မယုံနိုင်စရာပဲ
မြေဆွနေတဲ့ အလုပ်သမားကိုယ်ပေါ်
ချွေးက ငံသတဲ့ နံသတဲ့
ပန်းပွင့်ပေါ်က ရေစက်ကိုတော့ လျှာနဲ့ယက်နေကြ။ ။

၂၀၁၆ မေ ၁

Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>