Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မောင်လူရေး - နိပ်စပိ

$
0
0

မောင်လူရေး  - နိပ်စပိ
(မိုးမခ) မေ ၃၊ ၂၀၁၆

"လူ့အခွင့်အရေးသား စားတဲ့သူ လာတုန်း မေးရအုံးမှာပ့ါ"
"နှီးနှောတယ်လုပ်ပါဗျာ၊ နှီးနှောဖလှယ်တာပေါ့လေ"

"အဲပါ့ ... ဟို ဘာတဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ဆိုလား အဲဒီအလုံး ခညားတို့ ခနခန ပြော ပြောနေကြတယ်လေ"
"အဲဒီအလုံးက စိန်တလုံးထက် ဈေးကောင်းတာကိုး၊ ပြောတာပေါ့ဗျ၊ ဘာဖစ်လဲ"

"ဘာမှ ဖစ်ပါဘူး၊ အဲဒါက တကယ်ကော ရှိရဲ့လားဗျာ"
"ရှိလို့ဘဲ သူ့ဟာနဲ့သူ ကိုးကွယ်နေကြတာဘဲလေ"

 "ဟိုဗျာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဆိုတာ တကယ်လက်ခံနိုင်ရဲ့လားလို့ ပြောတာဗျ"
"ဘာ့လို့တုန်း"

"ဟိုလေ ဖိုးတခေတ် ကိုးကွယ်ယုံကြည်သူတွေကိုမှ အားမနာပါးမနာဗျာ၊ ဖေ့ဘွတ်မှာ ဖိုးတခေတ်ကို ပြောင်ကြ လှောင်ကြလိုက်တာများ ဘာဖွတ်ရာမှကို မကောင်းတော့ဘူးဗျ"

 "အော် အဲဒါလား ၊ အဲဒါက ဒီလိုဗျ ... အင်း .... ဟိုလေ .... ဘိုပြောရမလဲဆိုတော့"
"ဟိုဘက်က ပြန်ပြီး ခများတို့ကိုးကွယ်ယုံကြည်တာတွေကို အဲလို ပြန်နှက်ရင် ဘယ်လိုနေမယ်မသိဘူးနော်"

 "ဟာ ... ဟေ့လူ ... အဲဒါ ဟိတ်စပိ ဗျ"
"ဘာလဲဗျ ဟိတ်စပိ ဆိုတာ၊ ဘိတ်ငပိလိုဟာလား"

 "ဟာ ... ဘိတ်ငပိထက် အများကြီးစားကောင်းတာပေါ့ဗျ၊ ဟိုတယ်တွေ ဘာတွေမှ ရောင်းတာ၊ လမ်းဘေးရတာ မှုတ်ဖူး"
"ဟုတ်လား စားဘူးဘူး၊ ဘာတွေနဲ့လုပ်ထားတာလဲ"

 "ဟိတ်စပိဆိုတာ ဘိုလိုပြောတာ၊ မြန်မာလို အမုန်းစကား တဲ့ဗျ၊ သူများ ကိုးကွယ်ယုံကြည်တာတွေ စော်ကားရင် လှောင်ရင် ပြောင်ရင် အမုန်းစကား ပြောတယ်လို့ သတ်မှတ်တယ်"

 "အော် ဟို ပြင်သစ်မှာ ... ဟို ... လူရွှင်တော်နာမည်နဲ့ ဟိုဟာလေ - ချာလီချက်ပလင်"
"ဟုတ်တယ် ချာလီမဂ္ဂဇင်းမှာ မိုဟာမက်ကို ပြောင်လို့ဆိုပီး သေနတ်နဲ့ ဗျင်းသွားတဲ့ဟာမျိုးလေ"

 "ဟင် ... အဲလိုဆို အဲဒီလူတွေက အမုန်းစကားတွေ ဒီလောက် အမုန်းပွားနေတာ မတား မဆီးကြဘူးလားဗျ"
"ပိုက်ဆံမရတဲ့အလုပ် ဘယ်သူလုပ်မလဲ ကိုယ့်လူရ၊ ဖိုးတခေတ်သရော်တာ တားလို့ ဘယ်သူက ထမင်းကျွေးမလဲ၊ ငပေါစာရင်းတောင် ဝင်သွားနိုင်သေးတာဆိုတော့ အဲဒါမျိုးကျ နိပ်စပိ လို့ခေါ်တယ်၊ မြန်မာလိုတော့ အဝုန်းစကားပေါ့"

 မောင်လူရေး

Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>