Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မိုး​ကျော်​ဇင် - ထိုင်​ခုံကိစ္စ

$
0
0
Artist - Than Htay Maung


မိုး​ကျော်​ဇင် - ထိုင်​ခုံကိစ္စ
(မိုးမခ) မေ ၅၊ ၂၀၁၆
( ၁ )


"ထိုင်​ခုံမရရင်​ ပြန်​ခဲ့​နော်​ "ဟု ဇနီးသည်​က တံခါးဖွင့်​​ပေးရင်း​မှာသည်​။ "မရ မရှိပါဘူးကွာ "ဟု ကျွန်​​တော်​က ခပ်​ညည်းညည်းတုံ့ပြန်​ကာ ထွက်​လာခဲ့သည်​။

အိပ်​​မောကျ​နေ​သော မြို့ထဲ တိ​တ်​ဆိတ်​ခြင်းဧ၊၊်​အသံကို ထင်​ထင်​ရှားရှား ကြား​နေရသည်​။ လမ်း​ပေါ်မှာ အ​အေးဓာတ်​က စိမ့်​ခနဲ ​ပြေးဝင်​လာ၏​။ ဂျာကင်​အင်္ကျီဇစ်​ကို လည်​ပင်းအထိ ဆွဲတင်​လိုက်​ရသည်​။ ညဦးကရွာထား​သောမိုး​ကြောင့်​ ကတ္တရာလမ်း​ပေါ် ​ရေကွက်​​တွေ ဟိုတစကွက်​သည်​တ​ကွက်​။ လမ်းမီး​ရောင်​​ကြောင့်​ လမ်းအနားသတ်​မြက်​ပင်​ဖျားလေး​တွေမှာ စိန်​ပွင့်​​လေး​တွေက တွဲရရွဲ ခိုစီး​နေ။ လမ်းထိပ်​အ​ရောက်​ ထရန်​စ​ဖော်​မာနား ကင်းတဲပု​လေး​ထဲလူတယောက်​က ဒူးနှင့်​​မေး​စေ့ ထိလုနီး​အောင်​ ​ကွေး​နေသည်​။ ကင်းတဲ​ ဘေး စည်​ပင်​အမှိုက်​ကန်​က အနံ့တ​ထောင်း​ထောင်း။

သည်​လူ ဘယ်​လိုများ အိပ်​​ပျော်​​နေနိုင်​ပါလိမ့်​။ အင်း​လေ..​နေရာတခုအတွက်​ ဘဝမှာ ​ရွေးချယ်​ခွင့်​ သိပ်​ရှိကြတာမှမဟုတ်​ဘဲ။

နေရာအ​ကြောင်း ​ခေါင်းထဲ​ရောက်​လာသည်​နှင့်​ "ထိုင်​ခုံကိစ္စ"ကပါ တဆက်​တည်း အ​တွေး ဝင်​လာသည်​။ ကြိုတင်​မှာထားခြင်းမရှိဘဲ ရထားတစီး​ပေါ်မှာ ထိုင်​ခုံတခုံရရန်​ ​သေချာခြင်းရာခိုင်​နှုန်း ဘယ်​​လောက်​ရှိ​နေမှာလဲ။ အိမ်​ကထွက်​လာစဉ်​က​တော့ ဇနီးကိုမခံချင်​စိတ်​နှင့်​ ရာနှုန်းပြည့်​​သေချာသ​ယောင်​​ယောင်​ တုန့်​ပြန်​ခဲ့သည်​။ ကြိုတင်​မှာထားခြင်းမရှိဘဲ ထိုင်​ခုံလက်​မှတ်​ရနိုင်​သည့်​နည်းလမ်း​တွေ မရှိ​ဘူးတော့မဟုတ်​​သေး။ သို့​သော်​ အ​ကြောင်းတရား​တွေ တိုက်​ဆိုင်​ရန်​လို​သေးသည်​မဟုတ်​လား။ ထိုအ​ကြောင်းတရား​တွေ၏။ တိုက်​ဆိုင်​ခြင်းကိုမူ အမြဲလိုလိုကြုံ​တွေ့ခဲ့ပြီးသားမို့ သည်​မနက်​မှာလည်း အ​ကြောင်းတရားတွေ တိုက်​ဆိုင်​လိမ့်​ဦးမည်​ဟူ​သော ​မျှော်​လင့်​ချက်​က ကြိုးပြတ်​လုလု ​ရေငင်​ပုံး​လေး ဆွဲတင်​ ​နေရသည်​နှင့်​ တူသည်​။


( ၂ )


မိနစ်​အနည်းငယ်​ ​လျှောက်​မိသည်​နှင့်​ ဘူတာ​လေး​လှေကားကို ကျွန်​​တော်​ တက်​​နေမိပြီ။ ဘူတာ​လေးက ဘူတာရုံနှင့်​မတူ။ ဓမ္မာရုံတစ်​ခုလို တိတ်​ဆိတ်​​နေသည်​။ ဘူတာစင်္ကြံပေါ်မှ ခုံတန်း​တွေ မှာ လူ​တွေရှိ​နေကြ​သော်​လည်း လဲ​​လျောင်းအိပ်​​နေကြသူ၊ ထိုင်​လျက်​ငိုက်​မြည်းကြသူများဖြင့်​ ပြည့်​​နေ သည်​။ စင်္ကြံတဖက်​စွန်းနားမှာ ဝါးပက်​လက်​ကုလားထိုင်​အကြီးစားကြီး​ပေါ် လူတယောက်​ စိတ်​ချလက်​ချ အိပ်​​မောကျ​နေသည်​။ ဘူတာရုံးခန်းကျဉ်းကျဉ်း​လေးထဲမှ စကား​ပြောစက်​သံ တဂျစ်​ဂျစ်​တရှဲရှဲသာ အသက်​ဝင်​​နေ၏​။

ဘူတာ​ပေါ်ရောက်​​ရောက်​ချင်း ကျွန်​​တော်​ အ​ရေးတကြီးစူးစမ်းမိသည်​မှာ လက်​မှတ်​ရောင်းပြီး၊ မပြီး ဖြစ်​သည်​။ ​ဘူတာအတက်​ဈေးဆိုင်​​လေး ၂ ဆိုင်​လုံး ​ဆိုင်​ရှင်​​ပျောက်​​နေ၏။ စာပို့ရထား လာ​စောင့်​​နေသည့်​ စာပို့လုလင်​အိုကြီးက စာအိတ်​ထုတ်​ကြီးပိုက်​၍ အရသာခံငိုက်​​နေသည်​။ လက်​မှတ်​​ရောင်း အ​ပေါက်​ငယ်​​လေးက​တော့ ပိတ်​ထားဆဲ။ ဘူတာရုံးခန်း​ရှေ့မှ လှမ်းကဲကြည့်​​တော့ ဒရင်းဘတ်​​ပေါ် အိပ်​မက်​ မက်​​နေပုံရသည့်​ရုံပိုင်​​လေးကို ​တွေ့လိုက်​ ရသည်​။ သည်​အ​ခြေအ​နေ​တွေက လတ်​မှတ်​မ​ရောင်းရ​သေး၊ ရထား​ဝေး​သေးသည်​ဟူ​သောအ​ဖြေကို ​ပေး​နေကြသည်​။

ဘူတာရုံးခန်း ​နောက်​ဘက်​အခန်းတန်းလျား​ပေါ်မှာ လဲ​လျောင်း​နေသည့်​ အပြာ​ရောင်​ယူနီ​ဖောင်း ၏တပိုင်းတစ လှမ်း​တွေ့သည်​။ ​ဘောင်းဘီရှည်​ ခပ်​ပွပွမှ ညိုညစ်​ညစ်​ ​ခြေ​ထောက်​တချောင်း ထိုးထွက်​​နေ၏​။ ဒါ တရုတ်​ကြီး​ခြေ​ထောက်​ဖြစ်​မည်​။ သည်​လိုဆို ထိုင်​ခုံရရန်​ အ​ကြောင်းတရားတခု ကျွန်​​တော့်​ ဘက်​မှာ အရန်​ရှိ​နေသည်​ပဲ။ နာရီကြည့်​​တော့ မနက်​ ၂ နာရီ ခွဲစွန်းစ။ အချိန်​လိုဦးမည်​။ ကျောပိုးအိတ်​ကို ပခုံး​ပြောင်းလွယ်​ရင်း တင်​ပါးတကွက်​စာ ထိုင်​ခုံ​နေရာလွတ်​ လိုက်​ရှာရသည်​။

လူ ​လေးငါး​ယောက်​ မျှမျှတတထိုင်​နိုင်​သည့်​ ခုံရှည်​​တွေဖြစ်​​သော်​လည်း တင်​ထားသည့်​ အထုပ်​အပိုး​တွေ၊ လဲ​လျောင်း​နေ​သောခန္ဓာကိုယ်​​တွေ​ကြောင့်​ ခုံ​တွေ ပြည့်​​နေသည်​။ စင်္ကြံ​မြောက်​ဖက်​ထိပ်​ကို ဆက်​​လျှောက်​ကြည့်​သည်​။ အနည်းငယ်​မီး​ရောင်​မှိန်​သည့်​ အစွန်းဘက်​ကျကျ ခုံရှည်​တခုမှာ လဲ​လျောင်း​နေ​သော ​စောင်​ကျားတထည်​။ ထိုခုံရှည်​​အောက်​ စင်္ကြံသံမံတလင်း​ပေါ်မှာ​တော့ လူယဉ်​​ကျေးအဖွဲ့အစည်းကြီးမှ ဖိတ်​ကျလွင့်​စင်​လာပုံရသည့်​က​လေးနှစ်​​ယောက်​။

သူတို့​လေး​တွေ​အောက်​မှာ အနားစုတ်​ပိုက်​ဖျာ​ဟောင်းတချပ်​။ က​လေး​တွေအ​ပေါ် ​စောင်​​ဟောင်းတထည်​ရှိ​နေ​သော်​လည်း အပြန့်​လိုက်​လုံခြုံမှုမ​ပေးနိုင်​​တော့။ လူးလှိမ့်​ရင်း နယ်​ကျွံခဲ့ပုံရသည့်​ ၄ နှစ်​သား​လေးဧ၊၊်​ လက်​​မောင်းတဖက်​က သံမံတလင်း​ပေါ် ​အစွန်းထွက်​​နေသည်​။ ခုံရှည်​​ပေါ်မှ ​စောင်​​ကွေး​ကွေးသည်​ သူတို့မိခင်​ဖြစ်​လိမ့်​မည်​။ ခုံရှည်​​ခြေရင်းမှာ မီးဖို​ချောင်​တခုစာ အကျဉ်းဆုံးထိုးသိပ်​ထည့်​ထားသည့်​လက်​ဆွဲခြင်းတလုံးက ​​မောက်​လျှံလျက်​။

ဆောင်းဦး​လေနှင့်​ မိုးအ​ငွေ့သက်​တို့ ဘူတာစင်္ကြံ​လေးထဲ အ​ပြေးပြိုင်​ဝင်​လာကြသည်​။ ခုံရှည်​​ပေါ်မှ စောင်​​ကွေးသည်​ တချက်​တွန့်​​ကွေးလိုက်​ပြီး ညည်းသံသဲ့သဲ့ ထွက်​လာသည်​။ သူတို့ ဘာရထား ကိုစီး၍ ဘယ်​အရပ်​ကိုသွားကြမည်​ မသိ။ သူတို့စီးမည့်​ရထား​ပေါ်မှာ သူတို့အတွက်​ ထိုင်​ခုံ​တွေရှိ​နေပါ့ မလား။ ​ဆောင်းမသည်းထန်​မီ သူတို့​လေး​တွေအတွက်​ ​နွေး ထွေးခြင်းရထားတစီး​လောက်​ လွှတ်​​ပေး​တော်​မူရန်​ ဘုရားသခင်​ထံတောင်းဆိုချင်​မိသည်​။

ဘူတာ​ရှေ့ သံလမ်းတဖက်​ ​အ​မှောင်​ထဲမှ ဆူဆူညံညံအသံများ​ကြောင့်​ လှမ်းကြည့်​လိုက်​သည်​။ သံလမ်း​တွေကို ​ကျော်​ဖြတ်​လာသည့်​လူ​တွေ။ နှစ်​​ယောက်​၊ သုံး​ယောက်​။ ဟင်​ …ဆယ်​​ယောက်​​တော့ အနည်းဆုံးရှိမည်​။ သူတို့သယ်​​ဆောင်​လာသည့်​အထုပ်​အပိုး​တွေက အမျိုးအစားစုံသည်​။ ​​​ကောက်​ညှင်း ထုပ်​​တွေလို ​ဖောင်းကားအစ်​​နေကြ​သော ​ကျောပိုးအိတ်​​တွေလည်း ပါသည်​။ နှီးပင်​ဖြင့်​ စုစည်းထား​သော ပီနန်​အိတ်​​တွေ၊ ပြီး​တော့ ​မောက်​လျှံ​နေသည့်​ လက်​ဆွဲခြင်း​တွေ။ မိန်းမ​တွေ​ရော ​ယောက်ျား​တွေပါ ပါသည်​။

သူတို့နှင့်​အတူ ပါလာသည့်​ရယ်​​မောသံ​တွေ၊ တွန်းထိုးစကား​ပြောဟန်​​တွေ​ကြောင့်​ ဘူတာ​လေး အနည်းငယ်​ အသက်​ဝင်​လာ၏​။ သူတို့ကြည့်​ရသည်​မှာ သာမန်​ခရီးသည်​​တွေနှင့် မတူ။ အ​ခြေခံ အလုပ်​အကိုင်​တချို့အတွက်​ မြို့ကြီးတမြို့မြို့ဆီ ​ပြောင်း​ရွှေ့သွားကြမည့်​သူ​တွေနှင့်​ တူ​နေသည်​။ ​​သူတို့​တွေထဲမှတချို့က ဘူတာရုံးခန်းဆီ ပြူတစ်​ပြူတစ်​သွားကြည့်​​နေကြသည်​။ တချို့က မှတ်​ပုံတင်​ထုတ်​ဖို့ အချင်းချင်း​လော​ဆော်​သည်​။

သူတို့ကို​ငေးရင်း ကျွန်​​တော့်​စိတ်​ထဲ တချက်​ ထင့်​သွားသည်​။ သူတို့လူဦး​ရေနှင့်​ စင်္ကြံ​ပေါ် နဂို​ရောက်​​နေပြီးသားလူဦး​ရေကို ​စိတ်​မှန်း​ပေါင်းကြည့်​ကာ ကျွန်​​တော့်​ထိုင်​ခုံကိစ္စက ​ခေါင်း​ထောင်​လာပြန်၏။ ထိုင်​ခုံမရခဲ့ပါလျှင်​...။ မနက်​အချိန်​မ​တော်​ ရထားတစီး​ပေါ်၌ ထိုင်​ခုံမပါဘဲ အချိန်​ ၅ နာရီခန့်​ ဖြတ်​သန်းရမည့်​အ​ရေးသည်​ ကျွန်​​တော့်​အတွက်​ အခက်​အခဲ ဖြစ်​လာ၏။

ကျွန်​​တော့်​​ခြေ​ထောက်​​တွေက သူတို့ ပြူတစ်​ပြူတစ်​လုပ်​​နေကြည့်​ ဘူတာရုံးခန်းဝဆီ အလိုလို ​လျှောက်​မိသွားသည်​။ ​ခေါက်​ပိုက်​ဆံအိတ်​ထဲက မှတ်​ပုံတင်​နှင့်​အတူ လက်​မှတ်​တစောင်​ဧ၊၊်​ ပုံမှန်​တန်​ဖိုးထက်​ပို​သော ​ငွေစက္ကူတချို့ကို ထုတ်​ယူလိုက်​၏။ ပြီးသည်​နှင့်​ "လက်​မှတ်​​ရောင်းပြီ "ဟု ​အော်​လိုက်​သည်​နှင့်​ တန်းခနဲဝယ်​နိုင်​​အောင်​ လက်​ထဲအသင့်​ ပြင်​ကိုင်​ထားလိုက်​သည်​။ ရုံပိုင်​​လေးက မလှုပ်​​သေး။ စကား​ပြောစက်​သံက တရှဲရှဲ။ တရုတ်​ကြီးခြေ​ထောက်​တချောင်းကလည်း အရင်​အတိုင်း။

ယောင်​လည်​လည်​နှင့်​ စင်္ကြံတံစက်​မြိတ်​​အောက်​နား သွားရပ်​​နေမိသည်​။ ​ကျောပိုးအိတ်​ကို ရင်​ဘက်​​ရှေ့ပိုက်​ရင်း ​ဆောင့်​​ကြောင့်​ထိုင်​ချလိုက်​၏။ ဂိမ်းတခုခုနှင့်​ အချိန်​ဖြုန်းရန်​ ဖုန်းကိုထုတ်​လိုက်​သည့်​အခါ ဇနီးသည်​ဖုန်းက တန်းဝင်​လာသည်​။

"ခုံရလား .."

ကျွန်​​တော်​ ဘာပြန်​​ဖြေရမှန်းမသိ။ စကားလုံးလှ​အောင်​ စဉ်းစား​နေသည်​။

"ခုံမရရင်​လည်း ​ပြန်​လာခဲ့​လေ၊ မနက်​လင်းမှ ကားနဲ့သွား​ပေါ့ "

"အင်းပါကွာ၊ အဆင်​​ပြေမှာပါ၊ စီး​နေကျဟာကို၊ ခုဟာက လက်​မှတ်​မ​ရောင်း​သေး လို့ပါ .."

ကျွန်​​တော်​ ကိုယ့်​​မ​သေချာမှုကို မ​သေချာမှု​တွေနှင့်​ပင်​ အတင်းဖာ​ထေးရပြန်​သည်​။ အချိန်​မ​တော်​ အထကြီး ထ၊ အလာကြီးလာပြီးမှ ​ခေါင်းငုံ့ပြန်​ဝင်​ရမည်​ကို မလိုချင်​။

တကယ်​​တော့ သည်​ခရီးစဉ်​နှင့်​ပတ်​သက်​၍ မ​နေ့ညဦးကပင်​ ဇနီးသည်​နှင့်​ စကားအ​ခြေ အတင်​ ​ပြောခဲ့ရသည်​။ မ​နေ့က ရန်​ကုန်​သွားမည်​ဆို​တော့ ဇနီးက မနက်​ ၆ နာရီ ကားဖြင့်​သွားရန်​ ​ပြောသည်​။ ထိုအစီအစဉ်​မှာ အရင်​အကြိမ်​များကလည်း ကျွန်​​တော်​ လုပ်​ဖူး​နေကျ၊ သွား​နေကျပင်​။ သို့​သော်​ ရန်​ကုန်​အောင်​မင်္ဂလာအ​ဝေး​ပြေးကို မနက်​ ၉ နာရီဝန်းကျင်​ရောက်​၊ တစ်​​ထောင်​တန်​ ကားစီး လျှင်​ ဆူး​လေကို ၁၀ နာရီခွဲ​လောက်​ ​ရောက်​မည်​။ လှည်းတန်း၊ သိမ်​ကြီး​ဈေး၊ ​ရွှေဘုံသာလမ်း စသည်​တို့ကိုလှည့်​ပတ်​​ပြေးပြီး၍ ၃၈ လမ်းမှာ ထမင်းစားပြီးလျှင်​ ဆူး​လေဆင်းပြီး တစ်ထောင်​တန်​ကား ပြန်​​စောင့်​ရန်​သာ ရှိ​တော့သည်​။ မဂ္ဂဇင်းတိုက်​​တွေ၊ စာအုပ်​ဆိုင်​​တွေနှင့်​ စာ​ပေလက်​ဖက်​ရည်​စားပွဲ​လေး​တွေဆီသွား​ရောက်​ရန်​ အချိန်​လက်​ကျန်​မရှိ​တော့။ လူလည်း နုံး​ခွေ​နေပြီ။ သည်​​တော့ ကျွန်​​တော့်​အ​နေ ဖြင့်​ မနက်​ ၆ နာရီ အ​ဝေး​ပြေးကားကို ငြင်းဆန်​​နေရခြင်းဖြစ်​သည်​။

မနက်​ ၃ နာရီရထားဆို​တော့ သူမဘက်​ကလည်း ​ခေါင်းခါသည်​။ ည အချိန်​မ​တော်​ထရခြင်း၊ ထိုင်​ခုံကြိုမှာမထားရခြင်းတို့​ကြောင့်​ ခရီးတ​လျှောက်​ ကသီလင်​တနိုင်​မည်​ကို စိုးရိမ်​​ပေးပုံရသည်​။ သို့​သော်​ ကျွန်​​တော်​က ရထားစီးခြင်းဖြင့်​ ရန်​ကုန်​တွင်​ နာရီအနည်းငယ်​ပို​နေရမည်​ကိုသာ ​မျှော်​လင့် ထားသည်​။


( ၃ )


"ရန်​ကုန်​ ..ရန်​ကုန်​ ...လက်​မှတ်​​ရောင်းမယ်​ "

ကျွန်​​တော်​ ဝုန်းခနဲ ထရပ်​လိုက်​မိသည်​။ လက်​ထဲမှ ပိုက်​ဆံနှင့်​ မှတ်​ပုံတင်​ကို ​သေချာပြင်​ကိုင်​သည်​။ လူ​တွေက ဘူတာရုံးခန်းထဲ စုပြုံတိုး​ဝှေ့သွားကြ၏။ အနည်းငယ်​​သော လူ​တွေသာ ပုံမှန်​လက်​မှတ်​​ရောင်းအ​ပေါက်​​လေးဆီ သွားရပ်​​စောင့်​​နေကြ၏။ ကျွန်​​တော်​က ဘူတာရုံးခန်းထဲ စုပြုံတိုးဝင်​သွားသူ​တွေထဲ ​ရော​ထွေးပစ်​လိုက်​သည်​။ သည်​မြို့အတွက်​ ခွဲတမ်းရသည့်​ ထိုင်​ခုံအ​ရေအတွက်​ထက်​ ခရီးသည်​ဦး​ရေက အဆမတန်​။

ရုံပိုင်​​လေးက စာရင်းစာအုပ်​ကြီးဖွင့်​၊ ထိုင်​ခုံဇယားကွက်​ကိုဖြန့်​ပြီး မှတ်​ပုံတင်​​တွေ၊ သက်​​သေခံ လက်​မှတ်​​တွေ၊ ​ငွေစက္ကူ​တွေ၊ လက်​မှတ်​​တွေနှင့်​ အလုပ်​​တွေရှုပ်​​နေသည်​။ လက်​မှတ်​​တွေ​ပေါ် တံဆိပ်​တုံး ထုသံတဒုန်းဒုန်းကြားတိုင်း ကျွန်​​တော်​ လှမ်းလှမ်း ကဲကြည့်​ဖြစ်​သည်​။ သူတို့​တွေ ခုံရကြရဲ့လား။ ငါ့အလှည့်​ဆိုရင်​​ရော..။ တကယ်​ဆို သိပ်​​တော့ပူစရာမရှိ။ ကိုယ်​က ရထားခရီးစဉ်​များနှင့်​ မကြာမကြာ ထိ​တွေ့​နေကျ။ ရိုးရိုးတန်းမရလျှင်​ အထက်​တန်းတွဲ ရနိုင်​​သေးသည်​။ သည်​ဘူတာခွဲတမ်းမရှိ​တော့လျှင်​​တောင်​မှ တခြားဘူတာ​တွေမှ ထိုင်​ခုံလက်​ကျန်​​တွေ လှမ်း​တောင်း​ပေးတတ်​မြဲ။

ကျွန်​​တော့်​​ရှေ့မှလူအလှည့်​မှာ ​သေချာစိုက်​ကြည့်​မိသည်​။ ရုံပိုင်​​လေးက လက်​မှတ်​ပြား​လေး​ပေါ် မှတ်​ပုံတင်​နံပါတ်​​ကူး​ရေး၊ ပြီးသည်​နှင့်​ တံဆိပ်​တုံးကို အားရပါးရထုနှိပ်​​ပေးလိုက်​သည်​။ ထိုင်​ခုံမဲ့ ..။ ဗု​ဒ္ဓေါ။ ထိုလူက​တော့ ဘာစကားတခွန်းမျှပြန်​မ​ပြောဘဲ သူ့လက်​မှတ်​သူယူ၍ ထွက်​သွားသည်​။ ကျွန်​​တော်​ သူ့လိုနှုတ်​ပိတ်​​နေ၍မဖြစ်​။

ရုံပိုင်​​လေးက ကျွန်​​တော့်​မှတ်​ပုံတင်​ယူ၍ လက်​မှတ်​ပြား​ပေါ် နံပါတ်​ကူး​ရေး​နေရင်း ..။

"ကြိုမှာထားလား "

"မမှာထားလိုက်​ရဘူးဗျ ..အဲ့ဒါ .."

ကျွန်​​တော့်​စကား မဆုံးလိုက်​၊ ရုံပိုင်​​လေးဧ၊၊်​ တံဆိပ်​တုံးက ဒုန်းခနဲ မြည်​ပြီးသွား၏။ "ထိုင်​ခုံမဲ့ ...။ ကျွန်​​တော့်​ရင်​ထဲ ဒိန်​ခနဲ ဆောင့်​တက်​သွားသည်​။

"ဟာ ဟို အပ်​ပါးတွဲမရ​တော့ဘူးလား "

ရုံပိုင်​​လေးက ကွမ်းငုံရင်း ​ခေါင်းရမ်းပြသည်​။ ​နောက်​တယောက်​ဟု ဗလုံးဗ​ထွေး ​အော်​သည်​။ ထိုင်​ခုံမဲ့ဟု ထင်းထင်းကြီးရိုက်​ထားသည့်​လက်​မှတ်​​လေးကိုကိုင်​ရင်း ဘူတာ ရုံးခန်းထဲမှ ငူငူ​ငေါင်​​ငေါင်​ ပြန်​ထွက်​လာရသည်​။ တဆက်​တည်း တရုတ်​ကြီးကို သွားသတိရသည်​။ ​ရေပိုက်​​ခေါင်းတခုမှာ မျက်​နှာ သစ်​လာပုံရသည့်​တရုတ်​ကြီးက စင်္ကြံအတိုင်း ​လျှောက်​လာ​နေသည်​။

"တရုတ်​ကြီး လုပ်​စမ်းပါဦးကွာ၊ ခုံတခုံ​လောက်​.."

ကျွန်​​တော်​က မှတ်​ပုံတင်​၊ လက်​မှတ်​နှင့်​ ​ငွေစက္ကူတချို့ကိုထိုး​ပေးရင်း အကျိုးအ​ကြောင်းရှင်းပြ သည်​။ တရုတ်​ကြီးက ​ခေါင်းချက်​ ကုတ်​သည်​။

"သိပ်​​တော့ မ​သေချာဘူးဗျ၊ ​အေး​လေ ကျွန်​​တော်​ ကြိုးစားကြည့်​​ပေးမယ်​၊ ရတော့လည်း အမြတ်​​ပေါ့ဗျာ .."

ကျွန်​​တော်​က လွတ်​သွား​သောခုံရှည်​တခုတွင်​ဝင်​ထိုင်​ရင်း တရုတ်​ကြီးကို လှမ်းမြင်​နိုင်မည့်​ ကိုယ်​​နေဟန်​ထားကို ပြုပြင်​ထားသည်​။ ရုံးခန်းထဲမှာ လူ​တွေ စုပြုံ​နေဆဲ။ တရုတ်​ကြီးက လူ​တွေကြား ​ပိုင်​စိုးပိုင်​နင်း တိုးဝင်​သွားပြီး သူ့ဆရာသမား​ဘေးကပ်​လျက်​ တ​စုံတခုပြော​နေသည်​။ သူ့ဆရာက ​ခေါင်း ရမ်းပြလိုက်​၊ စားပွဲ​ပေါ် လက်​ညှိုး​ ​ထောက်​ပြလိုက်​ လုပ်​​​နေသည်​။ ခဏကြာ​တော့ တရုတ်​ကြီး ပြန်​ထွက်​လာ၏။ ​ခေါင်းခါပြသည်​။ ​ကျွန်​​တော်​​ပေးထားသည့်​အရာ​တွေကို ပြန်​လာ​ပေးသည်​။

"တ​ခု​တော့ ရှိတယ်​ဗျ၊ ရထား​ပေါ်​ရောက်​ရင်​ တွဲထိန်းနဲ့ ညှိကြည့်​ဦး​ပေါ့၊ ရပါတယ်​ဗျာ၊ အပ်​ပါးတွဲ​တွေဆို ​ချောင်​ချိလို့ .."

တရုတ်​ကြီး ပြောသွားသည်​ကို ကျွန်​​တော်​ နားလည်​သည်​။ အသုံးလည်း ချဖူး၏။ သို့​သော်​ တခါတရံ ကို​ရွှေတွဲထိန်း​တွေနှင့်​​တွေ့ရန်​ သိပ်​မလွယ်​။ ဘာဖြစ်​ဖြစ်​​လေ၊ ဆုံးဖြတ်​ပြီး ထွက်​လာခဲ့ပြီးပြီပဲ။ ပြီး​တော့ ထိုင်​ခုံမဲ့ခရီးသည်​။ ကျွန်​​တော့်​အတွက်​ အဆန်းမှမဟုတ်​ဘဲ။ ပြည့်​ညပ်​သပ်​​နေ​သော ရထားတွဲ ၏အဆင်းအတက်​တံခါးဝမှာ၊ သူတပါးခုံ လက်​တန်း​ပေါ်မှာ၊ ​လျှောက်​လမ်းကြမ်းပြင်​မှာ၊ အိမ်​သာ တံခါးဝမှာ ကြုံသလိုထိုင်​ရင်း ကျွန်​​တော်​ဖြတ်​သန်းခဲ့ဖူးပြီပဲ။ ကံကြမ္မာအချိုးအ​ကွေ့၌ထိုင်​ခုံနှင့်​ ခရီးသွားရ​သော အ​ခြေအ​နေတခုကို ရယူပိုင်​ဆိုင်​ခဲ့သည်​မှာ နှစ်​အတန်​ကြာပြီးမှ အခုလို ပြန်​ရင်​ဆိုင်​ရသည့်​ ထိုင်​ခုံမဲ့အ​ခြေအ​နေကို ကျွန်​​တော်​ ဘာ​ကြောင့်​စိုး​ကြောက်​​နေပါလိမ့်​။

ခဏအကြာ ရထားက ​မှောင်​ကြီးမဲကြီးထဲဝင်​လာသည်​။ ထုံးစံအတိုင်း သည်​ဘူတာအတွက်​ သတ်​မှတ်​တွဲက ​စင်္ကြံ​တောင်​ဘက်​ကို ကိုက်​​ပေါင်းများစွာ​ကျော်​လွန်​သွားသည်​။ ကျွန်​​တော်​လည်း တခြားသူ​တွေနှင့်​ရော​နှောကာ မြက်​ပင်​​တွေ၊ ​ကျောက်​စရစ်​ခဲ​တွေနှင့်​ သံလမ်း​တွေကို ​မှောင်​​မှောင်​မည်းမည်းထဲ ​တိုးဝင်​နင်းဖြတ်​​ပြေးလွှားသွားသည်​။ ရထား​ဘေးကပ်​မိသည်​နှင့်​ ပထမဆုံး တရုတ်​ကြီး​အကြံအတိုင်း အထက်​တန်းတွဲ​တွေကို လိုက်​ရှာသည်​။ ရှာကာမှ အထက်​တန်းတွဲ​တွေက ​တော်​​တော်​နှင့်​ မ​တွေ့။ ဟန်းဆက်​မှ ဓာတ်​မီးပွင့်​​လေး ဝင့်​ကာဝင့်​ကာနှင့်​ရှာရင်း အထက်​တန်းတတွဲ သွား​တွေ့ သည်​။ သို့​သော်​ တံခါးက တင်းတင်း​စေ့ပိတ်​ထားသည်​။ အနီးနားပြတင်း​ပေါက်​​တွေကို လှမ်းကဲကြည့် သည်​။ အိပ်​​မောကျ​နေသည်​လား၊ အိပ်​​မောကျဟန်​​ဆောင်​​နေသည်​လားမသိ။ အသံပြု​နေသည်​ကို လှည့်​ကြည့်​ ​ဖော်​မရ။

ရထား​ပေါ်​ရောက်​ရန်​ အချိန်​သိပ်​မ​ပေးနိုင်​။ ရပ်သည်​က တစ်​မိနစ်​ပိုပိုမျှသာ။ သည်​ ဘူတာ ခရီးသည်​​တွေ စုပြုံတိုး​နေကြသည့်​ ရိုးရိုးတန်းတွဲဆီ ပြန်​​ပြေးရပြန်​သည်​။ ပြီးမှ တွဲထိန်းရှာရင်း အကူအညီ တောင်းကြည့်​ရမည်​။ တိုးရင်း​ဝှေ့ရင်း တွဲ​ပေါ်​ရောက်​​တော့ ​ခြေ​ထောက်​ ဘယ်​​နေရာချရမှန်း မသိ။ တင်​ပါးတနေရာစာဆို ဆက်​​တွေးရန်​မလို​တော့။ ခုံလက်​တန်းလွတ်​ တနေရာရာ​တွေ့နိုး၊ ​လျှောက်​လမ်းလွတ်​တ​​နေရာစာရနိုးဖြင့်​ တိုး​ဝှေ့​လျှောက်​ဝင်​ရင်း တွဲတဘက်​ထိပ်​ ​ရောက်​လာသည်​။ အိမ်​သာ တံခါးက ဟ​စေ့ဖြစ်​​နေသည်​။ ​ဘေစင်​​ရေပိုက်အဆက်​မှ ​ရေတစက်​စက်​စီးကျ​နေ​သော​ကြောင့်​ ကြမ်းပြင်​တ​ဝိုက်​ စိုရွှဲ​နေ၏​။ တံခါးဝနှစ်​ခုမှာ ​​စော​စောက ဘူတာမှာ​ ​တွေ့ခဲ့သည့်​ ​ရွှေ့ပြောင်းလုပ်​သားအုပ်​စု။ ဂျာနယ်​​တွေ ဖြန့်​ခင်းကြ၊ တယောက်​​ပေါင်​​ပေါ်တယောက်​ လှဲအိပ်​ကြ၊ ​အော်​ဟစ်​​နောက်​​ပြောင်​ကြနှင့်​ တဖွဲ့လုံး ​ယောက်​ယက်​ခတ်​ ဆူညံ​နေကြသည်​။

ကျွန်​​တော်​က အိမ်​သာ​ရှေ့ရပ်​​နေမိရင်း ​ခြေတ​စုံစာ​နေရာ၊ တင်​ပါးတ​နေရာစာ​နေရာအတွက်​ ပြဿနာ အကြီးအကျယ်​ ဖြစ်​​နေသည်​။ တွဲထိန်းလည်း ရှာမရ။ ရန်​ကုန်​​ရောက်​သည်​အထိ ပုံမှန်​ကြာချိန်​ကို အ​ပြေးအလွှား​ရေတွက်​ရင်း ကိုယ့်​ခံနိုင်​ရည်​ကို ကိုယ်​ပြန်​​မေးခွန်းထုတ်​​နေဆဲ ရထား ဥသြဆွဲသံ ကြားရသည်​။ ​ဆောင့်​ခနဲတုန်​ခါသွားပြီး ရထားဘီး​တွေက ကျွီခနဲမြည်​သံ​ပေးကာ စလှိမ့်​​လာဧ၊၊်​။

"အစ်​ကိုကြီး နည်းနည်း​လောက်​ "

ခေါင်းရွက်​​ဈေးသည်​မ​လေးတယောက်​ ​နောက်​က ​​ပြော​ပြောဆိုဆိုဖြတ်​ဝင်​သွားကာ တံခါးဝ လူ​တွေကြား ​ခြေတ​ဖက်​ထိုးသွင်းပြီး ဖုတ်​ခနဲ ခုန်​ချကျန်​ရစ်​သည်​။ ကျွန်​​တော့်​​ခြေတဖက်​လည်း တံခါးဝမှ လူ​တွေကြား တိုးဝင်​သွား၏။

"​ဆောရီးဗျာ .."

ပါးစပ်​က အဖျားဆွတ်​​ပြောရင်း လူက ရထား​အောက်​ ခုန်​ချကျန်​ရစ်​ခဲ့လိုက်​သည်​။ ရထားကြီးက ကျွန်​​တော့်​​ဘေးမှကပ်​လျက်​ ဖြတ်​​ကျော်​သွားသည်​။ ရထားပြတင်းဝမှ တွဲ​တွေထဲမှ မြင်​ကွင်း​တွေကို တရိပ်​ရိပ်​လှမ်းမြင်​​နေရ၏​။ ထိုင်​ခုံ​တွေ​ပေါ် ဟန်​ကျပန်​ကျ ထိုင်​လိုက်သွားသူ​တွေ ရှိသကဲ့သို့ မတ်​တတ်​သမား​တွေ၊ ကြုံသလိုကိုယ်​​နေဟန်​ထား​တွေဖြင့်​ လိုက်​ပါသွားသူ​တွေလည်း ​တွေ့လိုက်​ရသည်​။ ထွက်​သွား​သောရထားကြီး၏ ​နောက်​မီး​ရောင်​နီနီကို​ငေးရင်း ကျွန်​​တော်​ ဘာ​ကြောင့်​ကျန်​ရစ်​ခဲ့ရသည်​ကို ​တွေး​နေမိသည်​။ ကိုယ့်​ကိုယ်​ကိုယ်​လည်း ပြန်​အံ့သြရသည်​။ ​ရွှေ့​ပြောင်းလုပ်​သား​တွေ​လောက်​ပင်​ ကျွန်​​တော်​ ဘာ​ကြောင့်​သတ္တိမရှိခဲ့ရသလဲ။ ထိုင်​ခုံမရရုံဖြင့်​ ခရီးစဉ်​တခုလုံး ဖျက်​သိမ်း​လောက်​ရ​အောင်​ ကျွန်​​တော်​ ​သွေး​ကြောင်​ခဲ့ပြီ။

အမှားနှင့်​အမှန်​ကို ဘယ်​ညာနှစ်​ဖက်​မှာဆုပ်​ကိုင်​ရင်း သံလမ်း​တွေ၊ ​ကျောက်​စရစ်​ခဲ​တွေ၊ မြက်​ပင်​ရှည်​​တွေကိုဖြတ်​​ကျော်​ကာ ဘူတာ​ပေါ် မျက်​နှာပူပူ ပြန်​တက်​လာခဲ့သည်​။

"ဟ အာစရိ မလိုက်​သွားဘူးလား "

နောက်​မှ မေးခွန်း​ကြောင့်​လှည့်​ကြည့်​​တော့ တရုတ်​ကြီး ဖြစ်​သည်​။ ကြိမ်​ကွင်းကို ကိုင်​ရင်း ကျွန်​​တော့်​ကို တအံ့တသြ ​မေး​နေသည်​။ ကျွန်​​တော်​ ခပ်​ယဲ့ယဲ့ ပြုံးပြလိုက်​၏။

တရုတ်​ကြီးထံမှ မည်​သည့်​တုန်​ပြန်​မှုမှထပ်​ထွက်​မလာမီ ​ခြေလှမ်း​တွေကို ခပ်​သုတ်​သုတ်​ လှမ်းရသည်​။ ဘူတာလမ်းမှအချိုးတွင်​ ​ခွေး​လေ​ခွေးလွင့်​တချို့က ကျွန်​​တော့်​ကို ဆီးကြို​လှောင်​​ပြောင်​ကြသည်​။ အိပ်​​မောကျ​နေ​သော မြို့ထဲမှာ ကျယ်​​လောင်​​သောရယ်​သံ​​တွေ ကျွန်​​တော်​ ကြား​နေရသည်​။


( ၄ )



"ဘယ်​လိုဖြစ်​လဲ ..​ပြောရဲ့သားနဲ့ .."

ဇနီးသည်​က တံခါးဖွင့်​​ပေးရင်း​ပြောသည်​။ သူမနှင့်​ မျက်​နှာချင်းမဆိုင်​ဖြစ်​​အောင်​ သတိထား​နေရ၏​။ အသံကိုမာ​ကျော​အောင်​ မာန်​ထည့်​၍ "ကားနဲ့ပဲ သွား​တော့မယ်​ကွာ "​ပြောလိုက်​သည်​။

ထိုင်​ခုံမရ၍ ရှက်​ရွံ့​နေသည်​လား၊ ထိုင်​ခုံမရ၍ ခရီးစဉ်​တ​ခုလုံးဖျက်​သိမ်းခဲ့မိ​သော ကြောင့်​ ရှက်​ရွံ့ရသည်​လား။ ​"ထိုင်​ခုံမဲ့ "စာတန်းတံဆိပ်​ပါ ရထားလက်​မှတ်​​လေးကိုပြန်​ထုတ်​ကြည့်​ရန်​ သတ္တိမရှိ​သေးသည်​က​တော့ ​သေချာပါသည်​။ ။










Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>