Quantcast
Viewing all articles
Browse latest Browse all 9633

LinkAge Restaurant & Art Gallery မိတ်ဆက်

LinkAge Restaurant & Art Gallery မိတ်ဆက်
(GoWithMe Facebook Page) မိုးမခ၊ မေ ၅၊ ၂၀၁၆
 https://www.facebook.com/gowithme.mm/

အရမ်းထူးခြားတဲ့ဆိုင်လေးကို မိတ်ဆက်ပေးပါရစေ။ သူငယ်ချင်းခေါ်တာနဲ့ ဆိပ်ကမ်းသာလမ်း အောက်ဘလောက်က မဟာဗန္ဓုလဘက်အခြမ်းက ဝင်ရင် ညာဘက်တိုက် (ဒေါ်ညို မုန့်ဟင်းခါး) မျက်စောင်းထိုး ပထမထပ်က Linkage (Shop Name) ဆိုတဲ့ ဆိုင်လေးကို ရောက်ခဲ့တယ်။ ဒီဆိုင်လေးကိုဝင်သွားတာနဲ့ သနပ်ခါးလိမ်းထားတဲ့ ကလေးလေးတွေက ကြိုနေပါတယ်။ ပြီးတော့ ဆိုင်လေးမှာ ပန်းချီကားမျိုးစုံကို ချိတ်ဆွဲထားပါသေးတယ်။ ပန်းချီကားတွေကိုလဲဝယ်ယူလို့ရပါတယ်တဲ့။ ထူးခြားတာက ဒီဆိုင်လေးမှာ Trip Advisor က ဆုကိုပါ ချိတ်ဆွဲထားတာကိုတွေ့ရတယ်။ ဒါ့အပြင် ဆိုင်က ကလေးတွေပုံနဲ့ဆိုင်ရဲ့ အကြောင်း ရေးထားတဲ့ စာတစ်ချို့ကိုလဲ Notice Board မှာဖတ်လိုက်ရတော့ ချီလီကို မရေးရေးအောင် ပိုပြီးတွန်းအားပေးသလိုပါဘဲ။
.
Image may be NSFW.
Clik here to view.

ဒီဆိုင်ရဲ့ ထူးခြားချက်က Street Children တွေကို ခန့်ထားခြင်းပါ။ ဒီအတိုင်း ခန့်ထားတာမဟုတ်ပါဘူး။ ကလေးတွေကို စာသင်ပေးသလို၊ အချက်အပြုတ်သင်တန်းအပြင်၊ Personal Grooming ဖြစ်တဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်မားအောင် တစ်ယောက်ခြင်းစီကို တစ်နှစ်နဲ့ရှစ်လထိ သင်ပေးပြီးမှခန့်ထားတာပါ။ တစ်ယောက်က အသက်မပြည့်တာ ဘာညာပြောလာလို့ ပြောပြပါဦးမယ်။ သူက အသက်မပြည့်သေးတဲ့ကလေးတွေ ငွေပေးခိုင်းတာမဟုတ်ပါဘူး။ သင်ကြားပေးတာပါ။ သင်တန်းဆိုတော့ ဆိုင်မှာ လုပ်တတ်အောင် ကူပေးရတဲ့သဘောပါ။ ကလေးတွေရဲ့ Right ကိုလဲ အသေအချာ နားလည်သူတွေ ဖွင့်ထားတာပါ။ အင်္ဂလိပ်လိုပါ ကောင်းကောင်းပြောတတ်ကြပါတယ်။ Everything is Possible ဆိုတာကို ဒီကလေးတွေက ပြလိုက်တာပါ။ ဒီဆိုင်လေးကို ၂၀၁၂ ကတည်းက စဖွင့်ခဲ့တာဖြစ်ပြီး အခုဆို ၅နှစ်ထဲ ဝင်ပြီလို့ ပြောပါတယ်။ မြန်မာနိုင်ငံသားများထက် နိုင်ငံခြားသား အများဆုံး လာစားတာကိုတွေ့ရပါတယ်။ ဒါကြောင့်လဲ Trip Advisor မှာ ဆုရထားတာပါ။
.
Image may be NSFW.
Clik here to view.

ဆိုင်လေးက သပ်သပ်ရပ်ရပ်လေးနဲ့ ကလေးတွေကလဲ ဆားဗစ်ကောင်းတာကို တွေ့ရပါတယ်။ ဒါနဲ့ အစားအသောက်တွေ မှာလိုက်ပါတယ်။ အစားအသောက်ဘာစားရမလဲ မသိရင်လဲဆိုင်က အတွေ့အကြုံရှိသူတွေက ကိုယ့်ကို လိုက်ရွေးပေးပါသေးတယ်။ ချီလီတို့စားတာ ပဲဟင်း၊ ခရမ်းသီးမီးဖုတ်သုတ်၊ အမဲခြောက်စပ်၊ ဂျပန်တို့ဖူးနဲ့မှိုကြော်တို့ပါ။ အစားအသောက်အရသာကလဲ တော်တော် ကောင်းတာကိုတွေ့ရတယ်။ ဘာလို့လဲ မေးကြည့်တော့ ဆိုင်မှာ ခန့်ထားတဲ့ စားဖိုမှူးအစ်ကိုက အတွေ့အကြုံရင့် စားဖိုမှူးတစ်ယောက်ဖြစ်ပြီး ကလေးတွေကို ကူညီပေးလိုစိတ်ဖြင့် ဒီဆိုင်အတွက် လုပ်ခဲ့တာ ငါးနှစ်နီးပါးရှိပါပြီ။ သူက ကလေးတွေကိုပါ အချက်အပြုတ်သင်ပေးခြင်းကိုပါ လုပ်ပေးရပါတယ်။ ကလေးတွေက နယ်ပယ်မျိုးစုံကလာတော့ အဆင်မပြေတာတွေရှိတာတွေ၊ ကလေးတွေရဲ့စိတ်ကို ဖတ်ဖို့ ကြိုးစားရတာတွေ၊ ပြောင်းလဲလာအောင်လုပ်ခဲ့ရတာတွေကို ချီလီတို့ကို ပြောပြတယ်။ အခုဆို အယောက်သုံးဆယ်လောက် သူကူညီခဲ့ပြီဖြစ်တယ်လို့လဲသိရပါတယ်။ ချီလီတို့ စာသင်ပေးခဲ့ဖူးတဲ့ ပန်းရောင်းတဲ့ ကလေးတွေကိုတောင် သတိရမိသေးတယ်။ သူတို့ကို ဖြစ်နိုင်ရင် ဒီကိုခေါ်လာပေးချင်တယ်။
.
Image may be NSFW.
Clik here to view.

 ဈေးအရ ပြောရရင်တော့ များတယ် ပေါ့။ ၆၀၀၀-၇၀၀၀ ပတ်ဝန်းကျင်တွေဆိုတော့ များတယ်ဆိုနိုင်ပေမဲ့ ကိုယ်ရဲ့ အားပေးမှုက အခြားတစ်ဖက်မှာ ကလေးတွေအတွက် ပညာရေးကော ဘဝတိုးတက်ရေးအတွက်ပါ အထောက်အပံ့ပေးနိုင်တာမို့ များတယ် မဆိုနိုင်ပြန်ဘူး။ နောက်ဆို အခါအခွင့်ရတိုင်း ဒီဆိုင်မှာ အမြဲစားဖို့ စဉ်းစားထားမိတယ်။ ကိုယ်တတ်နိုင်သလောက် သူတို့အတွက် အကျိုးပြုချင်လို့ပါ။ ကိုယ်တိုင်အကျိုးပြုသလို ချီလီရဲ့ Gowithme က သူငယ်ချင်းတွေကိုလဲ သိစေချင်လို့ ဒီပို့စ်လေးကို ရေးပေးလိုက်ပါတယ်။
.
ဆိုင်ဖွင့်ချိန်ကတော့ မနက် (၁၁) ကနေ (၂) နာရီ ညနေ (၆)နာရီကနေ (၉း၃၀) အထိဖြစ်ပြီး နေ့လည် (၂)နာရီကနေ ညနေ (၆) နာရီအထိကို ကလေးတွေကို သင်တန်းပေးဖို့အတွက် ဆိုင်ခဏပိတ်ပါတယ်။ တနင်္လာနေ့ကို ကလေးတွေအနားယူဖို့အတွက် ပိတ်ပေးတယ်လို့ သိရပါတယ်။ ဆိုင်ကို သွားရောက်အားပေးလိုသူများအနေဖြင့် ဖုန်းနံပါတ် 09960046739, 09785441817, ကို ဆက်သွယ်ပြီး ကြိုတင် Reserved လုပ်ပေးရင်အဆင်ပြေပါတယ်။ ((လိပ်စာကဒ်ကို ပုံမှာ တွဲပေးထားပါတယ်ရှင်) ပွဲတွေအတွက်လဲ အစားအသောက်ဝန်ဆောင်မှု (Catering) လဲပေးတာမို့လို့ ဆိုင်ဖွင့်မဖွင့်သိရအောင်ရယ်၊ ဆိုင်မှာ စားဖိုမှူး တစ်ယောက်တည်းမို့ အဆင်ပြေအောင် ဖုန်းကြိုဆက်ပြီးမှ သွားစေချင်ပါတယ်။
.
Image may be NSFW.
Clik here to view.

အထူးသတိပြုရမည့်အချက်မှာတော့ - ကလေးများကို ဓာတ်ပုံရိုက်ယူခြင်းမပြုရန် တားမြစ်ထားပါတယ်။ နောင်လာမည့် သူတို့အနာဂတ်လေးတွေ ပိုကောင်းလာအောင် ဒီဆိုင်လေးကို သွားရောက် အားပေးပါလို့ ‪#‎gowithme‬က သူငယ်ချင်းတွေကို တိုက်တွန်းပါရစေ။

(Go With Me, facebook page ကနေ ခွင့်တောင်းပြီး ကူးယူဖော်ပြပါတယ်။ 
Go With Me is the Travel and Life Style customer reviews page and we focus on customer satisfactory)

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...