Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဝ င်း မ င်းေ ထွး - အ ခ မဲ့ (No Charge)

$
0
0

ဝ င်း မ င်းေ ထွး - အ ခ မဲ့ (No Charge)
(မိုးမခ) မေ ၈၊ ၂၀၁၆

တညနေ ကျွန်မ မီးဖိုချောင်ထဲမှာ တယောက်တည်း ညနေစာ ချက်နေတုန်း အချိနမှာ ကျွန်မသမီးငယ်လေးက ဝင်လာပြီး စာရွက်ကလေး တရွက်ကို လှမ်းပေးလိုက်ပါတယ်။ ပေနေတဲ့ ကျွန်မလက်များကိုသုတ်ပြီး ဖတ်ကြည့်လိုက်တဲ့အခါမှာ ဘယ် လိုရေးထားသလဲဆိုတော့…

♬ ♪ ♩ ♭ ♫ ∮…
အမှိုက်ပုံးသွန်ခ…ပြားငါးဆယ်
အဖေ့ကို နင်းပေးခ…ပြားငါးဆယ်
မီးသွေးသွားဝယ်ခိုင်းတာက…နှစ်ဆယ့်ငါးပြား
မေမေ ဈေးသွားနေတုန်း ညီမလေးကို ထိန်းခ…ခုနစ်ဆယ့်ငါးပြား
ဧည့်ခန်းကို ဖုန်သုတ်ခ…နှစ်ဆယ့်ငါးပြား
အတန်းထဲမှာ ပထမရတာ…ငါးကျပ်
နောက်ပြီး တစ်ပတ်လုံး လိမ္မာတဲ့ အတွက်…နှစ်ကျပ်ခွဲ
အားလုံးပေါင်း…ကိုးကျပ်နဲ့ ခုနစ်ဆယ့်ငါးပြား

သြော်..မျှော်လင့်ကြီးစွာနဲ့ ရပ်စောင့်နေတဲ့ သမီးငယ်ကိုမြင်တော့ အတွေးပေါင်း တသောင်း ခေါင်းထဲကို ဝင်လာပါတယ်။ ပြီးတော့ ခဲတံကို ကောက်ယူပြီး စာရွက်ကို တဖက်လှန်ပြီး ဒီလို ပြန်ရေးလိုက်ပါတယ်။
♬ ♪ ♩ ♭ ♫ ∮…
မေမေ့ ဝမ်းထဲ၌ ကိုးလလွယ်…သမီးလေးကို မွေးဖွားခဲ့တယ်…အခမဲ့
နေထိုင်မကောင်းလို့ ဆေးကုရတာ၊ ညညထ ပြုစုတာ…အခမဲ့
နှာရည်ရွှဲ အညစ်အကြေးတွေ မေမေကိုယ်တိုင် သန့်ရှင်းပေးခဲ့တာ... အခမဲ့
နောက်ပြီး အသည်းနှလုံးထဲက သမီးလေးအတွက် အချစ်စစ်က..အို..အခမဲ့
ကျွန်မစာကိုလည်း ဖတ်ပြီးရော သူ့ မျက်လုံးအစုံမှာ မျက်ရည်များပြည့်လာပြီး ကျွန်မကိုမော်ကြည့်ကာ ပြောတာကတော့ “မေမေ…မေမေ့ကို သိပ်ချစ်တာပဲ”

နောက်ပြီး ခဲတံကို ယူကာ လက်ရေးကြီးကြီးနဲ့ ရေးလိုက်တာကတော့
“စာရင်းရှင်းပြီး” တဲ့။

Original English Song: "No Charge" written by songwriter Harlan Howard, and sung by country singer Melba Montgomery (1974).

မြန်မာဗားရှင်း
အခမဲ့
စကားလုံး - ဝင်းမင်းထွေး
တေးဆို - နွဲ့ယဉ်ဝင်း
(တွဲဘက် စကားပြော - သံသာဝင်း)
တေးစု - ဂျစ်ပစီအချစ် (Circa ၁၉၈၃)
တေးဂီတ - The Aces (တေးပန်းချီ)
ဂီတမှူး - ဦးသန်းရွှေ
အသံဖမ်း - ရဲခေါင် (မေ)
မူပိုင် - စံပယ်ဦး တေးသံသွင်း
မျက်နှာဖုံး ဓာတ်ပုံ- စန်းအောင် (စက်မှု)

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...