Art - Than Htay Maung |
ဆောင်းယွန်းလ - “ကျနော်လိုက်မမီတာတွေကိုပဲ ကျနော်လိုက်မီခဲ့တယ်”
(မိုးမခ) မေ ၁၂၊ ၂၀၁၆
ဘယ်အချိုးမှာ ဘာအညှိုးကြောင့်များ
မိုးသီးကြီးကြီးတွေက မေဦးကို ကြိုနေခဲ့ရတာလဲ
ကျနော် လိုက်လို့မမီခဲ့ပါဘူး…
မေအလွန် ဇွန်မိုးဦးကိုရောက်တဲ့အခါ
သာသာယာယာ ကမ္ဘာမှာ ဇွန်ပန်းမြိုင်မြိုင် ပွင့်ဖူးမှာတဲ့လား
ကျနော် လိုက်လို့မမီခဲ့ပါဘူး….
တအားလန်းနေတဲ့ ဘုရားပန်းတွေက သဇင်ထက် မြင့်မမြင့်ဆိုတာနဲ့
မြိုင်မြိုင့်ခေါင်းမှာ လှတဲ့ပန်းတွေ တကယ်ပွင့်မပွင့်ဆိုတာ
ကျနော် လိုက်လို့မမီခဲ့ပါဘူး…
တအားလန်းနေတဲ့ ဘုရားပန်းတွေက သဇင်ထက် မြင့်မမြင့်ဆိုတာနဲ့
မြိုင်မြိုင့်ခေါင်းမှာ လှတဲ့ပန်းတွေ တကယ်ပွင့်မပွင့်ဆိုတာ
ကျနော် လိုက်လို့မမီခဲ့ပါဘူး…
ဇွန်ပန်းရုံအနီးက နွံထဲမှာကျွံနေဆဲ လှည်းဘီးကြီး
ဘယ်သူ့/ဘယ်ခရီးကို ဖြုတ်စီးနေမလဲဆိုတာ
ကျနော် လိုက်လို့မမီခဲ့ပါဘူး…
နှစ်ယောက်တဘ၀စာ စောင့်ခဲ့ရတဲ့ စပျစ်ရည်ချိုတစက်အစား
ဆေးသကြားအုပ်ထားတဲ့ မျက်ရည်တခွက်က
အိမ်ရှေ့မနက်ခင်းရဲ့ မြက်ခင်းပေါ် ပေါ့ပေါ့ပါးပါးအိပ်ပျော်သွားတာ
ကျနော် လိုက်လို့မမီခဲ့ပါဘူး….
လူကြမ်းတွေ ၀တ်စုံပြောင်းပြီး
အပေါ်ယံမီးစကိုငြှိမ်း ပွဲသိမ်းသွားတဲ့အခါ
ရုံအပြည့်ကျန်ခဲ့တဲ့ အမှိုက်တွေကို ဘယ်သူကောက်မယ်ဆိုတာ
ကျနော် လိုက်လို့မမီခဲ့ပါဘူး…
ကျနော့် ဘ၀တိုတိုမှာ
သံသရာခရီးက ရှည်လွန်းလို့
ကျနော် လိုက်မမီခဲ့တာတွေကို နောက်ကျောနဲ့ မှီထားခဲ့ရပေါ့…
ကျနော့်အရှေ့ဘက် ရင်ဘတ်ကြီးထဲမှာတော့
အရာရာနဲ့ အားလုံးဟာ ဗလာ…။
ဆောင်းယွန်းလ (မေ ၁၀၊ ၂၀၁၆)