မင်းညွှန့်လှိုင် - ပုံ မှ န်
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၅
မနက်ခင်းကို
လ္ဘက်ရည်တစ်ခွက်တိုက်တယ်
ပုံမှန်။
အချိန်မှန် အိပ်
အချိန်မှန် စား
အချိန်မှန် အစာရှာ
အချိန်မှန် သံဝါသပြု
ပုံမှန်။
ကမ္ဘာကြီးလည်း
စစ်ပွဲတွေ
ဘောလုံးပွဲတွေ
အချေအတင်တွေ
အချိန်အတွယ်တွေ
ပျော်စရာနည်းနည်း
အနုပညာနည်းနည်း
ပုံမှန်။
ဘာမှမထူးဘူး
ဘာမှမဆန်းဘူး
မလှုပ်သေးတဲ့ငလျင်နဲ့
မပေါက်ကွဲသေးတဲ့မီးတောင်နဲ့
မတိုက်ခတ်သေးတဲ့မုန်တိုင်းနဲ့
မဖတ်ရသေးတဲ့သတင်းနဲ့
အားလုံးအေးဆေး
ပုံမှန် ။
ကျောင်းနေအရွယ် စားပွဲထိုးလေးရဲ့
နှိုင်းဆမထင် အသံထွက်အင်္ဂါထဲ
ရွပ်ရွပ်ချွံချွံခုန်ဆင်းဆဲ
ပုံမှန် ။ ။
မင်းညွန့်လှိုင်
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၅
မနက်ခင်းကို
လ္ဘက်ရည်တစ်ခွက်တိုက်တယ်
ပုံမှန်။
အချိန်မှန် အိပ်
အချိန်မှန် စား
အချိန်မှန် အစာရှာ
အချိန်မှန် သံဝါသပြု
ပုံမှန်။
ကမ္ဘာကြီးလည်း
စစ်ပွဲတွေ
ဘောလုံးပွဲတွေ
အချေအတင်တွေ
အချိန်အတွယ်တွေ
ပျော်စရာနည်းနည်း
အနုပညာနည်းနည်း
ပုံမှန်။
ဘာမှမထူးဘူး
ဘာမှမဆန်းဘူး
မလှုပ်သေးတဲ့ငလျင်နဲ့
မပေါက်ကွဲသေးတဲ့မီးတောင်နဲ့
မတိုက်ခတ်သေးတဲ့မုန်တိုင်းနဲ့
မဖတ်ရသေးတဲ့သတင်းနဲ့
အားလုံးအေးဆေး
ပုံမှန် ။
ကျောင်းနေအရွယ် စားပွဲထိုးလေးရဲ့
နှိုင်းဆမထင် အသံထွက်အင်္ဂါထဲ
ရွပ်ရွပ်ချွံချွံခုန်ဆင်းဆဲ
ပုံမှန် ။ ။
မင်းညွန့်လှိုင်